ပုရိသတွေအမြင်မှာ စွဲဆောင်မှု ရှိလွန်းနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမူအကျင့်များ

shutterstock/Dean Drobot

ယောကျာ်းလေး တစ်ယောက်နဲ့ တစ်ယောက်က အကြိုက်ချင်းလည်း မတူညီနိုင်သလို အမြင်ချင်းလည်း ကွဲပြားတတ်ကြပါတယ်။ ဒါပေမယ့်လို့ သူတို့ရဲ့ မျက်လုံးထဲမှာ တူညီစွာ မြင်တတ်တဲ့ အချက်တွေလည်း ရှိလို့နေပါတယ်နော်။ ယောကျာ်းလေးအများစုက ဒီလိုအမူအကျင့်တွေရှိနေတဲ့ မိန်းကလေးမျိုးတွေကို ပိုပြီးဆွဲဆောင်မှုရှိတဲ့ သူတွေအဖြစ် မြင်တတ်ကြပါတယ်။

သဘာဝဆန်ဆန် နေတတ်မှု

 

shutterstock/NDAB Creativity

ယောကျာ်းလေးအများစုက သဘာဝဆန်ဆန်နေတတ်တဲ့ မိန်းကလေးတွေကို ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ မြင်တတ်ပြီး ပိုစိတ်ဝင်စားတတ်ကြပါတယ်။ ဟန်ဆောင်မှုတွေ မရှိပဲ ပွင့်လင်းတဲ့ ကောင်မလေးမျိုး၊ ရယ်စရာရှိရင် ရယ်မောတတ်ပြီး သူတို့ရဲ့ ခံစားချက်တွေအတိုင်း ပြုမူတတ်တဲ့ မိန်းကလေးတွေက ယောကျာ်းလေးတွေရဲ့ အမြင်မှာတော့ အရမ်းကို ဆွဲဆောင်မှု မြင့်မားတတ်ပါတယ်။

ကြင်နာတတ်တဲ့ သူ

ယောကျာ်းလေးတွေရဲ့ သဘောအကျဆုံးအချက်တွေထဲမှာ ကြင်နာမှုရှိတဲ့ မိန်းကလေးတွေပါပါတယ်။ တစ်ဘက်လူအပေါ် ကြင်နာတတ်တဲ့ မိန်းကလေးမျိုးက ယောကျာ်းလေးတွေရဲ့ မျက်လုံးထဲမှာ အရမ်းကို ဆွဲဆောင်မှုမြင့်မားတတ်ပါတယ်။ စိတ်ကောင်းရှိပြီး ကြင်နာတတ်တဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတွေက သတိမထားမိပဲကို မနေနိုင်ပါဘူး။

READ
အိမ်ထောင်ရေး သာယာအောင်ထိန်းသိမ်းနည်း

အမှီအခိုင်ကင်းကင်း နေထိုင်တတ်မှု

shutterstock/sanneberg

ယောကျာ်းလေးတွေက သူများကို တစ်ချိန်လုံး မှီခိုနေတတ်တဲ့ ကောင်မလေးတွေထက် ကိုယ့်အားကိုယ်ကိုးပြီး အမှီအခိုကင်းကင်းနဲ့ ရပ်တည်တတ်တဲ့ မိန်းကလေးတွေကို ပိုသဘောကျတတ်ကြပါတယ်။ သူများကိုပဲ တစ်ချိန်လုံး အားကိုးနေတတ်တဲ့ မိန်းကလေးတွေက ယုံကြည်မှုနည်းတဲ့ ပုံပေါ်စေပြီးတော့ အမှီအခိုကင်းကင်းနဲ့ ဘဝကိုဖြတ်သန်းတတ်တဲ့ မိန်းကလေးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိပြီး သွက်လက်ထက်မြက်ကြပါတယ်။

နားထောင်ကောင်းတတ်သူ

ယောကျာ်းလေးတွေက သူတို့ရဲ့ စကားတွေကို အာရုံစိုက် အလေးထား နားထောင်ပေးတတ်တဲ့ မိန်းကလေးတွေကို ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ မြင်တတ်ကြပါတယ်။ ကိုယ်ပြောချင်တာပဲ ပြောနေတတ်တဲ့ သူမျိုးမဟုတ်ပဲ သူတို့ပြောချင်တာတွေကိုလည်း အလေးအနက်ထားပြီး သေချာနားထောင်ပေးတတ်တဲ့ မိန်းကလေးတွေက သူတို့အပေါ် ပိုနားလည်နိုင်စွမ်းရှိတယ်လို့ မြင်တတ်ကြတဲ့ အတွက်ပါ။

Khin

SHARE