အိမ်မွေးတိရစ္ဆာန်ဈေးကွက်မှာ မြန်မာငွေသိန်း(၆၀၀)လောက် ဈေးရှိနေတဲ့ မိုးပြာရောင်စပါးအုံး

Hope Eelephants_Twitter

အလွန်ရှားပါးတဲ့ မိုးပြာရောင်စပါးအုံးမြွေမျိုးစိတ်ဟာ အိမ်မွေးတိရစ္ဆာန်ဈေးကွက်မှာ ကန်ဒေါ်လာ (၄)သောင်းလောက်အထိ တန်ကြေးရှိနေကြောင်း National Geographic ဂျာနယ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီလို မြွေတစ်ကောင်ဟာ သာမန်အားဖြင့် ကန်ဒေါ်လာ (၄၄,၀၀၀)လောက်အထိ ပေါက်ဈေးရှိကြောင်း စသိရပါတယ်။ 

Caine Moran/Pinterest

ဒီမြွေမျိုးစိတ်ဟာ Green Tree Python မျိုးစိတ်ဖြစ်သော်လည်း အစိမ်းရောင်မြွေမျိုးမဟုတ်ဘဲ၊ မိုးပြာရောင်ထဲမှာ အကြွေးခွံ အဖြူလေးတွေက ခပ်ကျဲကျဲပါဝင်ပါတယ်။ ငွေရောင်မျက်သားနဲ့ ခပ်စူးစူးမျက်လုံးတွေက ပိုင်ရှင်ကို ပိုပြီး ပျော်ရွှင်စေမယ့် မြွေမျိုးပါ။

တစ်ချို့ Green Tree Python မျိုးကွဲတွေဟာ အခုလို မိုးပြာရောင်မျိုးမဟုတ်ဘဲ၊ အပြာရောင်မွဲခြောက်ခြောက်၊ သို့မဟုတ် အပြာရောင်ဖြစ်နေတတ်ပြီ။ ဒီလို မိုးပြာရောင်မြွေလို ရှားပါးလှတဲ့ သတ္တဝါတွေတော့ မဟုတ်ပါဘူး။ ဒီလိုမိုးပြာရောင်မြွေမျိုးစိတ်ကိုတော့ အင်ဒို၊ နယူးဂီနီယာနဲ့၊ သြစတေးလျ တောနက်နက်ထဲမှာ ရှားပါးစွာ တွေ့ရတတ်တာပါ။

Jason Northern/Pinterest

Green Tree Python မြွေမျိုးစိတ်ဟာ နာမည်နဲ့လိုက်အောင် သစ်ပင်တွေပေါ်မှာသာ ပျော်တတ်ပြီး၊ အခြား စပါးအုံးမြွေမျိးစိတ်နဲ့ ယှဉ်ရင် အကောင်က သိသိသာသာ သေးတတ်ပါတယ်။ အရှည်အားဖြင့် အရွယ်ရောက်ပြီး မြွေတစ်ကောင်ဟာ (၄)ပေမှ (၆)ပေအတွင်း ဖြစ်တတ်ပြီး၊ အထီးက အမထက် ခန္ဓာကိုယ် ပိုသေးသွယ်ကြောင်း သိရပါတယ်။

လင်းသုတ (Shwemom)

SHARE