Titanicသင်္ဘောကြီးနစ်မြုပ်မယ့်အကြောင်းကို ၁၄နှစ်ကြိုတင်ဟောသလိုဖြစ်ခဲ့တဲ့စာအုပ်

ကမ္ဘာကျော် Titanic သင်္ဘောကြီး နစ်မြုပ်မှုအကြောင်းကို နှောင်းခေတ်လူတွေ အပြည့်အစုံ မသိတောင်
နည်းနည်းပါးပါးတော့ သိကြမည်ထင်ပါတယ်။ ဒါပေမယ့် ဒီ Titanic သင်္ဘောကြီး နစ်မြုပ်မည် ဆိုတဲ့အ

ကြောင်းကို ကြိုတင်ဟောကိန်း ထုတ်သလိုဖြစ်ခဲ့တဲ့ စာအုပ်တစ်အုပ် အကြောင်းကိုတော့ သိမယ့်သူ အတော်ရှား
လောက်မှာပါ။ အဲဒီ စာအုပ်ဟာ Titanic သင်္ဘောကြီး မနစ်မြုပ်ခင် (14)နှစ်ကြိုပြီး ထွက်ခဲ့တဲ့
စာအုပ် ဖြစ်ပြီး ရေးသူမှာMorgan Robertson ဖြစ်ပါတယ် ။

2

Titanic သဘောင်္ကြီးဟာ 1912 ခုနှစ်မှာ နစ်မြုပ်ခဲ့ပြီး လူပေါင်း 1500 လောက် သေဆုံးခဲ့ကြပါတယ်။
ဟောစာတမ်း စာအုပ်ကလည်း 1898 ခုနှစ်မှာ ဖြန့်ချိထုတ်ဝေခဲ့ပြီး စာအုပ်ထဲမှာလည်း သဘောင်္နာမည်ကို
Titan လို့ ဖော်ပြထားပြီးTitanic သဘောင်္ကြီးအမည်နဲ့ စာလုံးနှစ်လုံးသာ ခြားနားခဲ့ပါတယ်။ ဒါ့အပြင်
အဲ့ဒီစာအုပ်မှာ သဘောင်္ဟာ ဧပြီလ ညချမ်းတစ်ခုမှာ ရေခဲတောင်နဲ့ တိုက်မိပြီး နစ်မြုပ်လိမ့်မယ်လို့ဆိုခဲ့တာ
မို့အတိအကျတိုက်ဆိုင်နေခဲ့ပါတယ်။

READ
ရောက်သွားတာနဲ့ အသတ်ခံရနိုင်တဲ့ ကမ္ဘာ့အန္တရာယ်အများဆုံးကျွန်း

3

နယူးဖောင်လန်ကျွန်းရဲ့ ရေမိုင် 400 အကွာမှာ နစ်မြုပ်မှုဖြစ်ခဲ့တာဟာလည်း အလွန်
အံ့သြစရာ ကောင်းလောက်အောင်ကို မှန်ကန်ခဲ့ပါတယ်။

သဘောင်္ကြီးတည်ဆောက် ပြီးစီးတော့ လိုက်ပါမယ့် လူတွေကို စာရေးသူ Morgan Robertson က
ချက်ချင်းဆက်သွယ်ခဲ့ပေမယ့် အချည်းအနှီးသာဖစ်ခဲ့တယ်လို့ သိရပါတယ်။ သင်္ဘောကြီး နစ်မြုပ်ပြီး
နောက်ပိုင်းမှာ စာရေးသူကို အကြားအမြင်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ အမျိုးမျိုး ရှိခဲ့ကြပေမယ့် သူက
ဒီစာအုပ်ကို ရေးသားခဲ့ခြင်းမှာ သူရဲ့ ဗဟုသုတ၊ပင်လယ်ပြင်အတွေ့အကြုံ၊ သင်္ဘောတည်ဆောက်ရေး
လုပ်ငန်း အတွေ့ကြုံတွေကို အခြေခံပြီး ရေးသားခဲ့တာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ သူက ပုံစံတူ
အကြောင်းအရာလေးတွေဟာ အနာဂတ်ကာလမှာလည်း ရိုးရှင်းစွာ တိုက်ဆိုင်တတ်ကြောင်း
ကိုလည်း ပြောခဲ့ပါတယ်။

SHARE