ဆေးလိပ်မသောက်တဲ့ ဝန်ထမ်းတွေကို နားရက်ပိုပြီးပေးမယ့် ကုမ္ပဏီသူဌေး

KCJ Training and Employment Solutions

သူဌေးတစ်ယောက်ကတော့ သူ့ကုမ္ပဏီမှာ အလုပ်လုပ်တဲ့  ဝန်ထမ်းတွေအနက် ဆေးလိပ်မသောက်သူ ဝန်ထမ်းတွေကို တစ်နှစ်မှာ အားလပ်ရက် လေးရက်စီ ပိုပေးမယ်လို့ ဆိုပါတယ်။ အဲဒီကုမ္ပဏီကတော့ Training company တစ်ခုဖြစ်ပြီး၊ သူဌေးအမည်ကတော့  Don Bryden ဖြစ်ပါတယ်။ သူဟာ ကုမ္ပဏီမှာ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးပါ။

Posted by Recruiter magazine on Wednesday, January 15, 2020

Don က သူရဲ့အလုပ်သမားတွေကို ပြောကြားရာမှာ ဆေးလိပ်သောက်သူတွေကိုလည်း အပြည့်အဝ နားလည်ပေးကြောင်း၊ သူတို့အနေနဲ့ Cigarette break ကို အလုပ်ဆင်းရက် တစ်ရက်မှာ (၁)နာရီအထိ ယူနိုင်ကြောင်း ဆိုပါတယ်။ Don က “ ဆေးလိပ်သမားတွေက တစ်ရက်ကို အလုပ်ချိန်မှာ ဆေးလိပ် (၄)လိပ်၊ (၅)လိပ်ကနေ (၁၀)လိပ်အထိ သောက်ကြပါတယ် .. တစ်လိပ်သောက်ရင် (၁၀)မိနစ်လောက် အချိန်ယူတတ်ကြပါတယ် … ဒီအချိန် တစ်ခြားဝန်ထမ်းတွေကို ကြည့်လိုက်တဲ့အခါ သူတို့က ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေကြပြီလေ … ဒါကို ကျွန်တော် စာနာပါတယ် … သူတို့ကို အလျှော်အစားတော့ ပေးသင့်တယ်လို့ ကျွန်တော် ထင်တယ်”လို့ BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး “ ပြီးခဲ့တဲ့နှစ်က လူမှုကွန်ရက်တွေပေါ်မှာ တော်တော်များများက ဆေးလိပ်မသောက်သူတွေကို တစ်နှစ်မှာ အားလပ်ရပ် (၄)ရက်အထိ ပိုပေးသင့်တယ်လို့ အကြံပြုတာမျိုးတွေ ကျွန်တော် တွေ့ခဲ့ရပါတယ် … “လို့ ပြောပါတယ်။ Don ရဲ့ ဆုံးဖြတ်ချက်အသစ်ကြောင့် တချို့ဝန်ထမ်းတွေက ဆေးလိပ်ဖြတ်ဖို့အထိ ဆုံးဖြတ်ပြီးကြပါပြီ။

KCJ Training and Employment Solutions

Don ဟာ KCJ Training and Employment Solutions ကုမ္ပဏီကို Swindon မြို့မှာ ဖွင့်လှစ်ထားပါတယ်။ ဝန်ထမ်းတချို့က ဆေးလိပ်ဖြတ်မယ်ဆိုပြီး ကမ်းလှမ်းလာမှုအပေါ် Don က အလွန်သဘောကျနေပြီး၊ သူတို့သာ (၁၂)လတာ ဆေးလိပ်နဲ့ ကင်းကွာနိုင်တယ်ဆိုရင် အခြားဆေးလိပ်မသောက်သူတွေလို အခွင့်ရေး အတူတူပေးသွားမှာပါတဲ့။

ဆေးလိပ်မသောက်တဲ့ ဝန်ထမ်း Krzystof Krzywozeka က “ အစကတော့ သူဌေးက အကြံပြုရုံပဲလို့ ထင်ခဲ့တာ … ဒီလို ဖြစ်လာမယ် ထင်မထားဘူး … ဒါပေမယ့် အခု တကယ်ဖြစ်လာခဲ့ပြီ … ဒါဟာ တကယ်ကောင်းတဲ့အကြံလို့ ထင်ပါတယ် ”လို့ ပြောခဲ့ပါတယ်။ Krzystof ဟာ ဒီကုမ္ပဏီကိုရောက်တာ (၆)လပဲ ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် Don ရဲ့ ဆုံးဖြတ်ချက်ကို ဝန်ထမ်းတွေက ကြိုဆိုနေကြပါတယ်။

လင်းဇော်ကို

SHARE