စတိုးဆိုင်မှာ သက်ကြီးပိုင်းအဖိုးအိုကြီးကို ကိုယ့်အဖိုးလို သဘောထားပြီး ကူညီခဲ့တဲ့ ကောင်လေး

Facebook/Newsner

ကလေးတွေဟာ အလွန်ဖြူစင်ကြပါတယ်။ ဒေါသတရားကိုပဲဖြစ်ဖြစ် ချစ်ခြင်းတရားကိုပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြတတ်ကြပါတယ်။ သူတို့တစ်တွေဟာ ငယ်ငယ်ကတည်းက တစ်ပါးသူကို ကူညီတတ်တဲ့ အလေ့အကျင့်ရှိနေရင်၊ မိဘတွေက ဒါကို တက်နိုင်သလောက် ထိန်းကြောင်းပေးရပါမယ်။ သနားတတ်တဲ့ ကလေးတွေ၊ ချစ်တတ်တဲ့ ကလေးတွေကိုလည်း ထိုနည်း၎င်းပါဘဲ။

အခုလည်း ကောင်းလေးတစ်ယောက်ဟာ စတိုးဆိုင်တစ်ခုမှာ ဆွေမတော်မျိုးမစပ် သက်ကြီးပိုင်းအဖိုးအိုကြီးကို စေတနာရှေ့ထားပြီး ကူညီပေးခဲ့ပါတယ်။ ကလေးရဲ့ ဂုဏ်ယူဖွယ်ရာလုပ်ရပ်ကို ဒေါ်လေးဖြစ်တဲ့ Rylee Long က လူမှုကွန်ရက်မှာ ပုံလေးတွေရိုက်ပြီး မျှဝေခဲ့ပါတယ်။

WikimediaCommons

တူလေးရဲ့နာမည်ကတော့ Lakken ဖြစ်ပြီး၊ Walmart စတိုးဆိုင်မှာ အဖိုးအိုဈေးဝယ်တာကို အစအဆုံး ကူညီပေးခဲ့တာပါ။ အဖိုးဟာ အတော်လေး အိုမင်းနေတဲ့အတွက် ကိုယ်တိုင်ဈေးဝယ်ဖို့အသာထား၊ တုန်တုန်ချိချိနဲ့ အလွန်သနားဖို့ ကောင်းနေတာပါ။

ဒါကြောင့် Lakken က သူ့အနေနဲ့ အဖိုးကိုကူညီချင်ကြောင်း Rylee ဆီက ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။ သူမက တူလေးရဲ့ သဘောထားကြောင့် အလွန်ကျေနပ်ခဲ့ပြီး၊ ခွင့်ပြုခဲ့တာပါ။ Lakken ဟာ ချက်ချင်းပြေးသွားပြီး အဖိုးအို ဝယ်ယူလိုတာတွေကို ကူညီပြီး ရှာပေးခဲ့ပါတယ်။

”So we go to Walmart today, and Lakken happens to see an elderly man that was having a hard time shopping and finding…

Posted by Newsner.com on Thursday, July 30, 2020

အဖိုးအိုက “ မင်းက သိပ်ကို အံ့သြဖို့ကောင်းတဲ့ ကလေးတစ်ယောက်ပါ … ကျေးဇူးတင်ပါတယ် ”လို့ ပြောခဲ့တယ်လို့ Lakken က ပြောပါတယ်။ အဖိုးအနေနဲ့ လူငယ်တွေဆီက အကူအညီမျိုး မရခဲ့တာကြာပြီလို့ ပြောပါတယ်။ Lakken က ဝန်ထမ်းတွေကို အဖိုးအိမ်ပြန်တဲ့အခါ ကူညီပေးဖို့ကိုလည်း ပြောခဲ့ပါသေးတယ်။

အဖိုးက မုန့်ဖိုးပေးဖို့ ပြင်တော့ Lakken က “ ကျေးဇူးတင်ပါတယ်အဖိုး … ကျွန်တော့်မှာ ဒါတွေ မလိုပါဘူး … အဖိုးပိုက်ဆံကို သိမ်းသာထားပါ ”လို့ ပြောခဲ့ကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်လေးတွေဟာ လူငယ်လေးတွေ စံထားစရာဖြစ်ပြီး၊ သက်ကြီးရွယ်အိုတွေကို ကူညီပေးခြင်းဟာ အလွန်မွန်မြတ်တဲ့အလုပ်ဖြစ်ကြောင်း သိစေချင်ပါတယ်။

လင်းသူရိန်

SHARE