ခွေးလေးကို Mask သေသေချာချာ တပ်ပေးနေတဲ့ ကောင်လေးရဲ့ ချစ်စဖွယ်အမူအယာ

Twitter/MarryEspinoza

လူတိုင်းမှာ ကိုယ်ပိုင်အတ္တလေးတွေဟာ မွေးကတည်းက ပါလာကြပါတယ်။ ကိုယ်ချစ်ခင် မြတ်နိုးရသူတွေကို ကျန်းမာစေချင်ကြတယ်၊ ချမ်းသာစေချင်ကြတယ်ဆိုတာ ဖြူစင်တဲ့ အတ္တလေးတွေပေါ။ တစ်ဖက်က လူပဲဖြစ်ဖြစ် တိရစ္တာန်ပဲဖြစ်ဖြစ် ကိုယ်တကယ်ချစ်ခင် မြတ်နိုရင်း စောစောက ဖြူစင်တဲ့အတ္တလေးတွေ ဖြစ်တတ်ကြတာပါပဲ။

အခုလည်း Anthony Hernandez လို့အမည်ရတဲ့ကောင်လေးကတော့ သူရဲ့ခွေးလေးကို ကိုဗစ်ကူးစက်မှာစိုးလို့ Mask ကို သေသေချာချာတပ်ပေးပြီး၊ စက်ဘီးလေးနဲ့ တယုတယ ခေါ်သွားခဲ့တာပါ။ သူရဲ့အပြူအမူနဲ့ပတ်သက်တဲ့ ဗွီဒီယိုဖိုင်လေးဟာ လူမှုကွန်ရက်မှာ ချီးကျူးမှုတွေ ခံနေရပါတယ်။

Twitter/MarryEspinoza

ဒီဗွီဒီယိုဖိုင်ကို Anthony ရဲ့အိမ်နီးနားချင်းတစ်ဦးက မှတ်တမ်းတင်ပေးထားတာပါ။ နောက်ခံစကားပြောမှာတော့ “ ဒါကတော့ အေးစက်စက်နိုင်တဲ့ ကျနော့် အိမ်နီးနားချင်းလေးပေါ့ … ကောင်းသောနေ့လေး ဖြစ်ပါစေ ”ဆိုတဲ့အသံကိုလည်း ကြားလိုက်ရပါတယ်။

အခြားဗွီဒီယိုကတော့ Anthony တို့ အိမ်ထဲကို ရိုက်ကူးထားတာဖြစ်ပြီး၊ အဲဒီမှာ အိမ်မွေးတိရစ္ဆာန်တွေ (၇)ကောင်အထိတောင် ရှိနေပါတယ်။ ဒီအထဲမှာ ကြောင်က နှစ်ကောင်အဖြစ် ပါဝင်ပါတယ်။ Anthony တို့မိသားစုဟာ အီကွေဒေါနိုင်ငံ၊ Ambato မှာ နေထိုင်ကြပါတယ်။

ဒီဗွီဒီယိုတွေကို ရိုက်ကူးခဲ့သူကတော့ သူတို့နဲ့ အိမ်ချင်းကပ် Joselo Sanchez အမည်ရအမျိုးသား ဖြစ်ပါတယ်။ Sanchez ရဲ့အဆိုအရ Anthony တို့ မိသားစုဟာ ငွေကြေးအမြောက်အများ မရှိပေမယ့် စိတ်ရင်းစေတနာ အလွန်ကောင်းကြပြီး၊ လူတိုင်းကို ကြင်နာတတ်ကြတယ်လို့ ဆိုပါတယ်။

နောက်ပြီး သူတို့တစ်တွေဟာ ကိုယ်မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို အထူးဂရုစိုက်ကြပါတယ်။ မှတ်ချက်ရေးသူတစ်ဦးကတော့ “ ဒီလို စိတ်ကောင်းနှလုံးကောင်း ပိုင်ဆိုင်တဲ့ကလေးမျိုးကို ချစ်တယ် … နောက်က ရယ်သံကိုလည်း ချစ်တယ် ”လို့ ရေးခဲ့ပါတယ်။

လင်းသူရိန်

SHARE