မွေးနေ့လက်ဆောင်ရတဲ့ BMW M3 မောဒယ်ကားကြီးကိုရေထဲထိုးချပစ်ခဲ့တဲ့ ကောင်လေး

YouTube/ABN Telugu

လောကမှာ လူ့အလိုနတ်မလိုက်နိုင်တဲ့စကား တယ်မှန်သကိုးဆိုပြီး ဒီအကြောင်း အပြည့်အစုံသိသွားတဲ့အခါ တွေးမိပါလိမ့်မယ်နော်။ ကျွန်တော်တို့တွေများ တစ်နှစ်မှာတစ်ခါပဲကျရောက်တဲ့ မွေးနေ့မှာ ကားကြီးမပြောနဲ့ ကိတ်မုန့်လေးတစ်လုံးတောင် မရကြသူတွေများတယ်မလား။ ဒီအမျိုးသားကတော့ ကံကောင်းလွန်းလို့ သူ့မိဘတွေက မွေးနေ့လက်ဆောင်အဖြစ် BMW ကားသစ်ကြီးကို ဝယ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေဟာ ထင်သလို ဖြစ်မသွားခဲ့ပါဘူး။ ဖြစ်ပုံကတော့ ဒီလိုပါ..

NYPost သတင်းစာကနေ ကိုးကားဖော်ပြလိုက်ပါတယ်။ အိန္ဒိယကလူငယ်လေးတစ်ယောက်ရဲ့မွေးနေ့မှာ သူ့မိဘတွေကနေပြီး သားလေးမောင်းဖို့၊ မျက်နှာမငယ်စေဖို့ဆိုပြီး ကားကြီးတစ်စီး လက်ဆောင်ပေးခဲ့ပါတယ်။ BMW M3 မောဒယ်နဲ့ အသစ်ကြပ်ချွတ်ကားကြီးပါ။

Akash နာမည်ရှိတဲ့ လူငယ်လေးရဲ့မိဘတွေဟာ အိန္ဒိယက Haryana ဒေသမှာ မြေနေရာတော်တော်များများကို ပိုင်ဆိုင်ထားကြတဲ့ သူဌေးတွေဖြစ်ပါတယ်။ ဒါပေမဲ့ Akash ကတော့ BMW ဝယ်ပေးတဲ့ မိဘတွေရဲ့ စေတနာကိုမှမထောက် သူလိုချင်တာ Jaguar ကားတံဆိပ်မလို့ စိတ်ဆိုးတယ်ဆိုပြီး သူငယ်ချင်းတစ်သိုက်ကို ကားပေးမောင်းကာ မြစ်ထဲကို ထိုးဆင်းခိုင်းခဲ့ပါတော့တယ်။ ဒီဖြစ်ရပ်ကို သူကိုယ်တိုင်ဗီဒီယိုရိုက်ခဲ့တာပါတဲ့။

READ
သမီးဖြစ်သူကို ရေအိမ်မသွားဖို့ တားမြစ်ခဲ့တဲ့ ကျောင်းဆရာကို ဝေဖန်လိုက်တဲ့ မိခင်
YouTube/ABN Telugu

ကားကြီးကတော့ မြစ်ရေနဲ့မြောသွားခဲ့ပြီး မြစ်လယ်ခေါင်မှာပေါက်နေတဲ့ အပင်တွေနဲ့ သွားငြိကာ အဲဒီနေရာမှာတင် ရပ်နေခဲ့ပါတယ်။ နောက်မှ Akash ဟာ ကားမောင်းခိုင်းခဲ့တဲ့သူငယ်ချင်းတွေနဲ့ အနီးအနားက လူတချို့နဲ့စုကာ ကားကြီးကို ကုန်းပေါ်ပြန်ရောက်အောင် ကြိုးစားပြီး မနည်းသွားဆယ်ခဲ့ပါတော့တယ်။ သူကိုယ်တိုင်လည်း စိတ်လိုက်မာန်ပါဖြစ်သွားခဲ့ပုံပါပဲ။

BMW ကား တစ်စီးဟာ ပျမ်းမျှ ဒေါ်လာ ၅ သောင်းတန်ကြေးရှိပြီး Jaguar ကတော့ ဒေါ်လာ ၅၈,၀၀၀ ကနေ ၇၀,၀၀၀ အထိ ပေါက်ဈေးရှိနေခဲ့ပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၇၀၀ ဝန်းကျန်နဲ့ သိန်း ၁ ထောင်ဝန်းကျင်တို့ပေါ့။ ဒါတောင်နိုင်ငံအလိုက်အခွန်တွေဘာတွေ မပါသေးဘူးနော်။ အခုအချိန်မှာတော့ ဒီကိစ္စကို ရဲတွေက စုံစမ်းစစ်ဆေးနေခဲ့ပါတယ်။

https://www.youtube.com/watch?v=4qUjPxeRhuk

Penny

SHARE