ယောက္ခမလောင်းကြီးက မင်္ဂလာပွဲမှာ ဝင်ပြီးအရှက်ခွဲလို့ ကြေကွဲခဲ့ရတဲ့ သတို့သမီး

TikTok/Sarah Ragsdale

မင်္ဂလာပွဲတစ်ခုမှာ သတို့သားနဲ့သတို့သမီးတို့ ကျမ်းသစ္စာကျိန်ဆိုနေစဉ်၊ သတို့သားရဲ့မိခင်က ကဖျက်ယဖျက် ဝင်ပြောခဲ့တဲ့အတွက် သတို့သမီးမှာ အလွန်စိတ်ဆိုးဒေါသထွက်ခဲ့ရပါတယ်။ သတို့သားရဲ့မိခင်ဟာ သတို့သမီးနဲ့ သူမရဲ့သားကို ဘယ်တုန်းကမှ သဘောတူ ကြည်ဖြူခြင်း မရှိခဲ့သလို၊ သူမရဲ့သားကို မိသားစုထဲကနေ ဆွဲထုတ်သွားသူအဖြစ် အညှိုးအတေးထားနေတာပါ။

ဒီအဖြစ်အပျက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ San Jose က ဘုရားကျောင်းတစ်ခုမှာ (ပြီးခဲ့တဲ့နှစ်အနည်းငယ်က) ဖြစ်ပျက်ခဲ့တာပါ။ သတို့သမီးအမည်ကတော့ Anna Larrabee ဖြစ်ပြီး၊ အသက်(၂၉)နှစ် ဖြစ်ပါတယ်။ သူမဟာ ယောက္ခမအသစ်စက်စက် Judy နဲ့ စစချင်း စောက်နဲ့ထွင်းဆိုတဲ့အခြေအနေကို ရင်ဆိုင်ခဲ့ရတာပါ။

Twitter/Annalarrabre

ဒီဗွီဒီယိုကို TikTok မှာ တင်ခဲ့သူကတော့ Anna ရဲ့ညီမ Sarah Ragsdale ဖြစ်ပါတယ်။ သူမရဲ့ Caption မှာတော့ “ဒါကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်မအစ်မရဲ့ မင်္ဂလာဆောင်ပါ … သူမရဲ့ ယောက္ခမကြီးက သူမကို အတော်လေး မုန်းပါတယ် … သူမရဲ့သားကို အစ်မက အပြီးတိုင်ခေါ်သွားတယ်လို့ တွေးနေတာပါ ”လို့ ဖြစ်ပါတယ်။

Twitter/Annalarrabre

ဗွီဒီယိုကို နှစ်ပိုင်းခွဲတင်ထားပြီး၊ မင်္ဂလာပွဲလာ ပရိသတ်တွေက Judy ကို အမျိုးမျိုး ဖြောင်းဖျပြောဆိုခဲ့တာ မရခဲ့တဲ့အတွက်၊ နောက်ဆုံး သတို့သမီးနဲ့ အပြန်အလှန် ဆဲဆိုတာတွေအထိ ဖြစ်လာခဲ့ပါတော့တယ်။ သတို့သမီးက “ ရှင် မင်္ဂလာခန်းထဲကနေ ထွက်သွားရင် ကောင်းမယ် ”လို့ ပြောတော့ Judy က “ဘာလို့ ထွက်သွားရမှာလဲ … ညည်းဝတ်ထားတဲ့ ဝတ်ရုံက ငါတို့ဝယ်ပေးထားတာ … ”လို့ ဒေါသတကြီး အော်ပြောခဲ့ပါတယ်။

သတို့သားရဲ့အမည်ကတော့ John လို့သာ ဖော်ပြထားပါတယ်။ ဒီဗွီဒီယိုဖိုင်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ မှတ်ချက်အမျိုးမျိုး ပေးနေကြပါတယ်။ သားရှင်မိဘတိုင်းဟာ သူတို့အားကိုးရတဲ့ သားတွေကို တခြားသူရဲ့လက်ထဲမှာ တွန့်တိုကြတာ မှန်သော်လည်း၊ အခြေအနေနဲ့ အချိန်အခါဆိုတာကတော့ ကြည့်သင့်ပါတယ်။ Sarah ရဲ့ အကြောင်းပြန်ချက်တစ်ခုမှာတော့ မိသားစုနှစ်စု အဆင်ပြေနေကြပြီး၊ သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးတစ်ယောက် ရထားပြီးပြီလို့ ဆိုထားပါတယ်။

လင်းသူရိန်

SHARE