ခင်ပွန်းသည်ဝှက်ထားတဲ့ ပိုက်ဆံတွေကို ရှာဖွေဖော်ထုတ်ပေးခဲ့တဲ့ အချစ်တော်ကြောင်ကလေး

Bow Kanuengnuch Facebook

ထိုင်းနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ထင်မှတ်မထားတဲ့ အနေအထားနဲ့ ခင်ပွန်းသည်ဝှက်ထားတဲ့ ပိုက်ဆံတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီအကြောင်းကို အဲဒီထိုင်းအမျိုးသမီးက သူမရဲ့ လူမှုကွန်ရက်မှာ ပြန်လည်မျှဝေထားတာဖြစ်ပြီး၊ ပြန်လည်မျှဝေသူ (၁၄၀၀)အထိ ရှိခဲ့ပါတယ်။

Bow Kanuengnuch Facebook
Bow Kanuengnuch Facebook

သူမရဲ့ Facebook အကောင့်နာမည်မှာ Bow Kanuengnuch ဖြစ်ပြီး၊ ပြီးခဲ့တဲ့ သြဂုတ်လ (၂၁)ရက်၊ ဗုဒ္ဓဟူးနေ့က ဒီအကြောင်းကို လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေထားတာပါ။ ကြောင်ကလေးဟာ ဗီရိုပေါ်တင်ထားတဲ့ ကတ်သေတ္တာလေးကို မတော်တဆ မှောက်ချလိုက်ရာက ခင်ပွန်းသည် ဝှက်ထားသမျှတွေကို တွေ့လိုက်ရတာပါ။

Bow က “ကျွန်မရဲ့ကြောင်လေးက ဗီရိုပေါ်က သေတ္ဆာလေးကို တွန်းချလိုက်တာပါ … ငွေတွေက ကျွန်မယောက်ျား ဝှက်ထားတာ … ”လို့ ပြောပါတယ်။ ဒီမတိုင်ခင်က သူမဟာ ခင်ပွန်းဖြစ်သူကို အိမ်အသုံးစာရိတ်အတွက် တောင်းခံတဲ့အခါ၊ သူ့မှာ တစ်ပြားမှ မရှိဘူးလို့ ပြောပါသတဲ့။

แมวขึ้นหลังตู้ แล้วมันก็แต้ะกล่องของผัวล่วงลงมาา ตามภาพ พรุ้งนี้จัดไปปลาทับทิมทอดเลยไอ้ขอดเอ้ยย

Posted by โบว์ คนึงนุช on Wednesday, August 21, 2019

Bow ဟာ ပုံနှစ်ပုံတင်ခဲ့ပြီး၊ ကြောင်ကလေးကတော့ ပျံ့ကျဲနေတဲ့ ငွေစက္ကူတွေကို အပြစ်မဲ့စွာ ငေးမောနေပါတယ်။ ပြန်ရလိုက်တဲ့ ပိုက်ဆံကတော့ မများပါဘူး။ ထိုင်းဘတ်(၂၀၀၀) ဝန်းကျင်လောက်သာ ရှိပါတယ်။ မှတ်ချက်ရေးသူတွေကတော့ ဒီလိုမျိုး ကြောင်တစ်ကောင်တော့ မွေးထားရမယ်ဆိုပြီး ရေးနေကြသလို၊ အမျိုးသားတွေကတော့ ကြောင်မရောက်နိုင်တဲ့နေရာကို ပိုက်ဆံဝှက်ဖို့ ရေးနေကြပါတယ်။

လင်းသူရိန်

SHARE