သခင်တွေ ခရီးထွက်တာကို လက်ဆွဲအိတ်ထဲ ခိုးလိုက်လာတဲ့ ကြောင်လေး

Facebook/NickCoole

အိမ်မွေးကြောင်လေးတွေဟာ သခင်တွေခရီးထွက်တဲ့အခါ သူ့တို့လည်း အတူလိုက်ချင်တတ်ကြပါတယ်။ သူတို့ကို မခေါ်ဘဲ ထားခဲ့ရတဲ့အခါ သခင်တွေပြန်အလာကို တကြည့်ကြည့်စောင့်ဆိုင်း တတ်ကြတာ လည်းသူတို့ပါပဲ။ 

အခုတော့ နေခဲ့ရမှာကြောက်တဲ့ ကြောင်လေး Candyက သခင်တွေ အပျော်ခရီးထွက်တဲ့နေရာကို တိတ်တိတ်လေးခိုးလိုက်လာတဲ့ ချစ်စရာအဖြစ်လေးကိုပြောပြပေးပါမယ်။

Isle ကျွန်းက  Nick နဲ့ Voirrey Cooleတို့ဆိုတဲ့စုံတွဲဟာ သူတို့ရဲ့ နှစ်(၄၀)ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် နယူးယောက်ကို ခရီးထွက်ကြဖို့ လေဆိပ်အသွား စစ်ဆေးရေးဂိတ်ကိုဖြတ်တဲ့အခါ လုံခြုံရေးတွေရဲ့ မသင်္ကာဖြစ်မှုကြောင့် တားဆီးစစ်ဆေးခံခဲ့ရပါတယ်။  အကြောင်းကတော့ သူတို့ရဲ့ အိမ်မွေးကြောင်လေး Candy ဟာ သူ့တို့ခရီးသွားလက်ဆွဲအိတ်ထဲ သခင်တွေမသိအောင် တိတ်တိတ်လေးခိုးလိုက်လာခဲ့တာကို သူတို့လုံးဝမသိခဲ့ကြတာပါ။ 

Facebook/NickCoole

စစ်ဆေးရေးဂိတ်မှာ scannerကို ဖြတ်တဲ့အချိန် လုံခြုံရေးတွေက ကြောင်ပါလာတာကိုသိရှိသွားတဲ့အတွက် သူတို့စုံတွဲကို ဘေးကအခန်းတစ်ခုထဲ ခေါ်ယူစစ်ဆေးခဲ့ပြီး အိတ်ကိုဖွင့်စစ်လိုက်ချိန်မှာတော့ ကြောင်ထွက်လာခဲ့ပါတယ်။ 

 Nickက Candyကိုမြင်လိုက်ချိန်မှာ အတော်လေးအံ့သြသင့်သွားခဲ့တာပါ။ 

သူတို့က ကြောင်ပါလာကိုလုံးဝမသိခဲ့သလို တမင်ခေါ်လာတာမဟုတ်ကြောင်း တာဝန်ရှိသူတွေကို အတော်လေးရှင်းပြခဲ့ရပါတယ်။ Candyလေးက အမြဲလိုလို အိတ်တွေ၊ သေတ္တာတွေနဲ့အမှောင်ခန်းတွေဆို စူးစမ်းလေ့လာလိုတဲ့ကြောင်လေးဖြစ်ပါတယ်။  သူတို့ကလည်း နယူးယောက်ရောက်တော့မှ ဈေးဝယ်ထွက်ကြမယ်ဆိုတဲ့အတွေးနဲ့အိတ်ထဲမှာလည်း ပစ္စည်းများများစားစားမထည့်ထားခဲ့တော့ သူဝင်နေခဲ့တာဖြစ်မယ်လို့ Nickကဆိုလိုက်ပါတယ်။ 

Facebook/NickCoole

လေဆိပ်လုံခြုံရေးတွေကလည်း စိတ်သဘောထားကောင်းသူတွေဖြစ်ကြပြီး သူတို့အဖြစ်ကို နားလည်ပေးတဲ့အတွက်လည်းကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ်။

အဲ့ဒီနောက် Nickက သူ့သူငယ်ချင်းတွေဖြစ်တဲ့ Barry နဲ့ Lornaတို့ကို လှမ်းခေါ်ကာ Candyလေးကိုလာခေါ်ပြီး အိမ်ပြန်ပို့ပေးဖို့ အကူအညီတောင်းခဲ့ကာ ခရီးဆက်သွားခဲ့ကြတယ်လို့သိရပါတယ်။

Khaing

SHARE