သခင်မရဲ့ ဗိုက်ထဲက ကလေးကို မမွေးခင်ကတည်းက သံယောဇဉ်ကြီးနေခဲ့တဲ့ ကြောင်မလေး

ပန်ဒါအမည်ရှိ (၃)နှစ်အရွယ် ကြောင်မလေးတစ်ကောင်ဟာ သခင်မဖြစ်သူ လီရယ် ကိုယ်ဝန်စရှိကတည်းက သခင်မအနားကနေ မခွာခဲ့ပါဘူး။ ဒါ့အပြင် လီရယ်က သူမသားလေးရွှန်းကို မွေးပြီးတဲ့အခါမှာလည်း ပန်ဒါဟာ အပြုစုကောင်းတဲ့ကလေးထိန်းတစ်ယောက် ဖြစ်လို့နေပါတယ်။

ပန်ဒါဟာ ကလေးကို အလွန်အမင်း ခင်တွယ်ပုံရပါတယ်။ လီရယ်က ကြောင်မလေးဟာ သူမကိုယ်ဝန်ရှိစဉ်က ဘယ်လိုဂရုစိုက်ခဲ့တယ်ဆိုတာကို အခုလိုပြောပြပါတယ်။ “ကျွန်မကိုယ်ဝန်စရှိလာတော့ ဘယ်သွားသွားအိမ်ထဲမှာ ကျွန်မနောက်ကိုလျှောက်လိုက်တော့တာပဲ။ ကျွန်မဗိုက်ပေါ်မှာခေါင်းလေးလျိုပြီးနေတတ်တယ်။ ပြီးတော့ကလေးမွေးလာတော့ ပန်ဒါကကလေးကိုတအားချစ်တာပဲ။ အခုသားလေးက(၃)လရှိနေပြီ။ ပန်ဒါက ကလေးနားကအိပ်ရာပေါ်ခုန်တက်ပြီး ကလေးအနားနေတယ်။ ကလေးအနံ့ခံတယ်။ ကလေးနားမှာထိုင်တယ်။ ပန်ဒါက သားလေးကိုကျွန်မမမွေးခင်ကတည်းက တော်တော်ချစ်ရှာတာ။”

အသက်(၃)နှစ်အရွယ် ပန်ဒါလေးဟာ သခင်ကို ဘယ်တော့မှ ဗိုက်ပြခွင့်မပေးပါဘူး…

http://purrworld.com

သခင့်ဘေးနားမှာ လုံးဝ မခွဲမခွာပဲ နေခဲ့ပါတယ်…

http://purrworld.com

ကိုယ်ဝန်ရလာတော့ အိမ်နားမှာ ဘယ်သွားသွား လျှောက်လိုက်နေတော့တာပဲ…

http://purrworld.com

အခုကြည့်…ကလေးအနားသွား၊ ကလေးကိုအနံ့ခံပြီး ထိုင်နေပြန်ပြီ…

http://purrworld.com

မမွေးခင်ကတည်းက ကလေးကိုချစ်ခဲ့တာပါ…

http://purrworld.com

ပျော်ရွှင်တဲ့ ဘ၀လေးဖြစ်အောင် ဆုတောင်းပေးကြရအောင်….

http://purrworld.com

လင်းလင်း (ShweMom)

READ
အားကစားသမားကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ကို သက်သေပြသခဲ့တဲ့ ဖြစ်ရပ်

Ref: purrworld

SHARE