တံမြက်စည်း လုပ်ရောင်းပြီး သားသမီးကို ကျောင်းထားခဲ့တဲ့ တရုတ်နိုင်ငံက မိခင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက အသက် ၅၅ နှစ်အရွယ် တစ်ခုလပ်အမျိုးသမီးတစ်ယောက်ဟာ တံမြက်စည်းရောင်းပြီး သူမရဲ့ ကလေးကို ကျောင်းထားပေးခဲ့ပါတယ်။

Li Yaomei ဆိုတဲ့ အမျိုးသမီးဟာ တံမြက်စည်း အချောင်း ၂၀၀၀၀ ကျော် လုပ်ရောင်းပြီး သူမရဲ့ သမီး တက္ကသိုလ်စရိတ်နဲ့ သူမရဲ့ ကျန်းမာရေး စရိတ်တွေအတွက် သုံးစွဲခဲ့ပါတယ်။

china daily

၂၀၁၃ ခုနှစ်တုန်းက Ningxia ဒေသရှိ Wuzhong မြို့မှာနေထိုင်ခဲ့ပါတယ်။ အဲ့ဒီတုန်းက သူမ အစာအိမ်မှာ အလုံအကြိတ်ဖြစ်နေခဲ့တယ်။ အဲ့ဒီ့နောက် ၂ နှစ်အကြားမှာ အက်ဆီဒင့်ဖြစ်ပွားမှုမှာ ပါဝင်ခဲ့ပြီး ဒဏ်ရာရှိခဲ့တယ်။ သူမရဲ့ အခြေအနေ၊ ဒဏ်ရာတွေကြောင့် တခြားရွေးချယ်စရာမရှိခဲ့ဘဲ အမေရိကန်ဒေါ်လာ ၃ သောင်းနီးပါလောက် ချေးယူခဲ့ရတယ်။

အဲ့ဒီလို အကြွေးတွေကို ပေးချေဖို့အတွက် သူမဟာ နောင် သုံးနှစ်အကြာမှာတော့ တံမြက်စည်း အချောင်း ၂၀၀၀၀ ကျော် လုပ်ပြီးရောင်းချခဲ့ရတယ်။

ခင်ပွန်းနဲ့ ကွာရှင်းပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာမှ တံမြက်စည်း လုပ်ငန်းကို စတင်ခဲ့တာဖြစ်တယ်။ အဲ့ဒီက ရတဲ့ဝင်ငွေနဲ့ပဲ သမီးဖြစ်သူကို ထောက်ပံ့နေလာခဲ့တာပါ။ အဲ့ဒီ့အချိန်တုန်းက တံမြက်စည်းတွေထမ်းပြီး အိမ်တွေ၊ ဆိုင်တွေကို လိုက်လံ ရောင်းချခဲ့ရကြောင်း New China TV ရဲ့ ဖော်ပြချက်အရ သိရတယ်။

Li ရဲ့ အိမ်နီးချင်တွေဆို သူမရဲ့ အလုပ်လုပ်ပုံတွေကို ကြည့်ပြီး ယောင်္ကျားတစ်ယောက်လိုပဲ လို့ပြောကြပါတယ်။ သူမဟာ မနက် ၅ နာရီဆိုထတယ်၊ ညဆိုလည်း သန်းခေါင်ရောက်မှအိပ်တယ်၊ တစ်နေ့လုံး တံမြက်စည်းတွေ လုပ်နေတတ်တယ်လို့ ပြောပြကြပါတယ်။ ဒါတောင် သူမရဲ့ ကြက်တွေ၊ သိုးတွေကို ကျောင်းရတာ ရှိသေးတယ်လို့ သိရတယ်။

READ
ငယ်ငယ်ရွယ်ရွယ်နဲ့ ဂိမ်းစွဲတဲ့ ပြဿနာကို ရင်ဆိုင်နေရတဲ့ ကလေးမ

သူမကို အိမ်နီးချင်းတွေက အတိုးမယူဘဲနဲ့ ပိုက်ဆံချေးကြကြောင်း၊ ၄င်းတို့ဟာ လူကောင်းတွေဖြစ်ပြီး သူမအနေနဲ့လည်း သေချာပြန်ပေးနိုင်အောင် လုပ်ခဲ့ကြောင်း Sina News ရဲ့ ဖော်ပြမှုမှာ ပါရှိပါတယ်။

china daily

သူမရဲ့ ကြိုးစား အားထုတ်မှုက သူမရဲ့ ကလေးကို တက္ကသိုလ်ထားနိုင်ရုံသာမက သူမရဲ့ ကျန်းမာရေး ဆေးဝါးစရိတ်တွေကိုပါ ပေးဆောင်နိုင်ခဲ့တယ်။ ဒီ့အပြင် သူမရဲ့ လုပ်ငန်းကို ချဲ့ထွင်ဖို့ အလုပ်ရုံဖွင့်နိုင်ဖို့ပါ အကျိုးအမြတ်ရရှိခဲ့တယ်။

ဘ၀ဟာ ပိုကောင်းသထက် ကောင်းလာပါပြီလို့ Li က အပြုံးတွေနဲ့ ပြောခဲ့ပါတယ်။ ကျန်းမာရေး မကောင်းခဲ့ပေမယ့် အလုပ်တွေကို ပိုလုပ်လာတာကြောင့် ပိုပြီး တက်ကြွဖျတ်လတ်လာသလို ပို ကျန်းမာလာသလို ခံစားရတယ်လို့ ဆိုခဲ့ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

Matthew (ShweMOM)

SHARE