မိသားစုဝင်တွေ ကိုယ်စား အုတ်ဂူကိုသွားပြီး သန့်ရှင်းရေး လုပ်ပေးမယ့် ဂျပန်ကုမ္ပဏီ

YouTube_JapanONline

ဂျပန်ဗုဒ္ဓဘာသာရိုးရာအရ Obon ဆိုတဲ့ ပွဲတော်တစ်ခုရှိပြီး ကွယ်လွန်သူတွေကို အလေးအမြတ်ပြုတဲ့အနေနဲ့ ကျင်းပလေ့ရှိပါတယ်။ အခုလို နွေဦးရာသီအစမှာ Obon ပွဲတော်ကို ကျင်းပလေ့ရှိပြီး ဂျပန်လူမျိုးအများအပြားက သူတို့ရဲ့ မိသားစုဝင်အုတ်ဂူတွေဆီ အလည်အပတ်လာပြီး ပွဲတော်ကို ဆင်နွဲလေ့ရှိပါတယ်။

နှစ်စဉ်ကျင်းပမြဲ အဲဒီပွဲတော်က ဒီနှစ်မှာတော့ ပြဿနာတစ်ခုနဲ့ ကြုံတွေ့လာရပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ်ကြောင့်  လူတော်တော်များများက အုတ်ဂူတွေရှိရာနေရာဆီကို မလာရောက်နိုင်ကြတော့ဘဲ ဒီပွဲတော်ကို လက်လွတ်လိုက်ရမယ့်အခြေအနေနဲ့ ရင်ဆိုင်လာခဲ့ရပါပြီ။ မြောက်များစွာသော ဂျပန်လူမျိုးတွေက အခုအချိန်မှာဆိုရင် အုတ်ဂူတွေရှိရာ မြို့တွေဆီ အလည်အပတ်ပြန်လည်သွားရောက်ဖို့ အခက်အခဲဖြစ်နေပါတယ်။ ဒီလိုမျိုး နှစ်စဉ်ကျင်းပနေကျ ပွဲတော်ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဂျပန်တက္ကစီကုမ္ပဏီတစ်ခုက စီစဉ်ခဲ့ကြောင်း SoraNews သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Aichi ဒေသအခြေစိုက်Daiichi Koutsuu Groupဆိုတဲ့ တက္ကစီအသင်းတစ်သင်းကနေ မိမိတို့ရဲ့ မိသားစုဝင်တွေအုတ်ဂူတွေဆီကို မလာရောက်နိုင်တဲ့ လူတွေအတွက် ကိုယ်စားသွားပေးမှာဖြစ်ပါတယ်။ အဆိုပါဝန်ဆောင်မှုကို ရယူလိုပါ ဂျပန်ယန်းငွေ ၅ ထောင်ကျသင့်မှာဖြစ်ပြီး ခရီးစဉ်ပြီးဆုံးပါက သူတို့ အုတ်ဂူတွေဆီကို အမှန်တကယ်သွားခဲ့ကြောင်း သက်သေအနေနဲ့ ဓာတ်ပုံတွေကို ပို့ပေးသွားဦးမှာပါ။ ဒါ့အပြင် အုတ်ဂူတွေပေါ်မှာ ပန်းစည်းတင်ထားချင်တဲ့သူတွေအတွက်လည်း ပန်းစည်းလက်ဆောင်ပေးဖို့ကိုလည်း တက္ကစီကုမ္ပဏီက စီစဉ်ထားပါသေးတယ်။

wikimedia commons

အဆိုပါဝန်ဆောင်မှုက အခုလိုအချိန်မှာ အလွန်ကောင်းလွန်းတဲ့ ဝန်ဆောင်မှုအကြံဥာဏ်ဖြစ်ပြီး Obon ပွဲတော်ကာလမှာ အခုလိုမျိုးလုပ်ရတာက လိုအပ်တယ်လို့ ပြောဆိုသူတွေလည်း ရှိပါတယ်။

တချို့ကတော့ မိမိမိသားစုရဲ့ အုတ်ဂူတွေရှိရာနေရာဆီကို Google Street View နဲ့ သွားရောက်လို့ ရတယ်လို့လည်း အကြံဥာဏ်တွေပေးကြပါတယ်။ အဆိုပါ Google Street View ထဲမှာမိမိမိသားစုဝင်တွေ မြှုပ်နှံထားရာ ဂူသချိုင်းတွေရဲ့ ပုံရိပ်တွေကို ဖန်သားပြင်တွေက တစ်ဆင့်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ တချို့ကတော့ အခုလို ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး အုတ်ဂူတွေရှိရာ နေရာဆီသွားခဲ့ကြောင်းမှတ်တမ်းရိုက်ယူခဲ့တဲ့ ဓါတ်ပုံတွေထဲမှာ ဝိညာဉ်တွေရဲ့ အရုပ်တွေပါ ပါလာနိုင်တယ်လို့ နောက်ပြောင်ပြောဆိုနေကြပါတယ်။

Ye Yint Kyaw

SHARE