သစ်သီးဝလံတွေ လေလွင့်ပျက်စီးမှု မရှိစေဖို့ တောင်သူတွေကို ကူညီနေတဲ့ မလေးရှားကုမ္ပဏီ

Instagram/OURFARMASIA

ကိုဗစ်ကပ်ဆိုးကာလမှာ တော်တော်များများ စီးပွားရေးအနည်းနဲ့အများတော့ ထိခိုက်ကြတာပါပဲ။ ကမ္ဘာ့အင်အားကြီ နိုင်ငံတွေတောင် ကိုဗစ်အရေးကြောင့် အတော်လေးကို ပြာခလောက်ဆန်နေကြပါတယ်။ အဓိကအားဖြင့်တော့ လုပ်ငန်းကိုင်ငန်းတွေ အားလုံးနီးပါး ရပ်ဆိုင်းထားရတာကနေ စီပွားပျက်ကပ် စတော့တာပါ။

 

မလေးရှားနိုင်ငံမှာတော့ ဒေသခံတောင်သူတွေရဲ့ သီးနှံတွေ ကိုဗစ်ကာလမှ အလဟဿမဖြစ်စေဖို့အတွက် ကူညီပေးနေတဲ့အဖွဲ့တစ်ခု ရှိလာခဲ့ပါတယ်။ AirAsia ကနေ တည်ထောင်လိုက်တဲ့ OURFARM အမည်ရ ကုမ္ပဏီဟာ တောင်သူတွေရဲ့ လက်ဆက်တဲ့သီးနှံတွေ၊ ကောက်နှံစပါးတွေ ဝယ်လက်မဲ့နေတာမျိုး မဖြစ်အောင် ကူညီပေးနေတာပါ။

အဆိုပါ ကုမ္ပဏီဟာ အလုပ်ရုံတွေ စက်ရုံတွေဆီကနေ အလုပ်လက်မဲ့ဖြစ်လာတဲ့ ဝန်ထမ်းတွေကိုလည်း အကူအညီပေးနေပါတယ်။ သူတို့ကို အလုပ်ပြန်ပေးရုံသာမက တစ်ဖက်ကလည်း တောင်သူဦးကြီးတွေကို အကူအညီပေးနေတာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

“I’m Syazali, and I started off my journey by planting about 1,000 rockmelon and brinjal plants and within two months, I was able to harvest my produce in large quantitites” Then the coronavirus pandemic hit, with Malaysia’s lockdown in full swing, En.Syazali found that selling his produce suddenly became a challenge.  “Many of the shops were closed, I wasn’t able to push a lot of my produce, resulting in a lot of wastage and losses.” After having his produce turned down by his regular buyers during the lockdown, En.Syazali realised he needed to find alternatives to get his produce to the market. En.Syazali has now signed up to be a b2b seller on the ourfarm platform. Message us here if you’re interested to purchase rock melons and brinjals for your business! #ourfarmasia #brinjals #rockmelons #knowyourfarmer #airasia #supportlocal

A post shared by ourfarm asia (@ourfarmasia) on

တောင်သူတစ်ဦးဖြစ်တဲ့ Haji Zulkifli bin Haji Ahmad က “ ကျွန်တော် လယ်ယာက ထွက်တဲ့ထုတ်ကုန်တွေကို ပြန်ရောင်းချဖို့ဆိုတာ အခုအချိန်မှာ စိန်ခေါ်မှုတစ်ခုပါပဲ … သွားရောင်းလို့ရတဲ့ ဈေကွက်က နည်းနည်းပဲရှိတယ် .. ကိုဗစ်ကြောင့် အကုန်ပိတ်ကုန်တာ … ဒီလိုနဲ့ အားလုံး လွှင့်ပစ်ရတော့မလို ဖြစ်ခဲ့တယ်”လို့ ပြောပါတယ်။

 

ဒါပေမယ့် အခုအခါမှာတော့ OURFARM ရဲ့ ကူညီမှုကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေအတွက် ဈေးကွက်တွေ ရလာခဲ့ကြောင်း၊ ဒီကနေ စိတ်ချရတဲ့ ဝင်ငွေနဲ့ မိသားစု ဟန်မပျက် ဆက်လက်လည်ပတ်နိုင်တော့မှာ ဖြစ်ကြောင်း သူက ပြောခဲ့ပါတယ်။ သူဟာ မုန်လာဥနီ၊ ပဲစိမ်းလေး၊ ကန်စွန်းဥနဲ့၊ မုန့်ညှင်းစိမ်းတွေ ဖြစ်ပါတယ်။

 

မွေးမြူရေးလုပ်ငန်းတွေလည်း ဝက်လက်တွေ ရှားပါးကုန်ပေမယ့် OURFARM ရဲ့အကူအညီနဲ့ အဆင်ပြေနေပြီဖြစ်ကြောင်း၊ ၊ The Lorong, Nilai အခြေစိုက် မွေးမြူရေးလုပ်ငန်း Tres Pollos Charcoal Chicken ကိုတည်ထောင်သူက ပြောပါတယ်။ အကြီးတန်းလေယာဉ်မောင်တစ်ဦးဖြစ်တဲ့ Mohammed Hazree ကလည်း အလုပ်လက်မဲ့ဖြစ်နေတဲ့ သူဟာ OURFARM ရဲ့ ကူညီမှုကြောင့် အဆင်ပြေနေပြီလို့ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE