မသန်စွမ်းကလေးငယ်များအတွက် သူတို့နဲ့တူတဲ့ အရုပ်ကို ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီ

Instagram/ToysLikeMe

ကမ္ဘာပေါ်က မွေးရာပါ မသန်စွမ်းဖြစ်နေတဲ့ ကလေးငယ်ပေါင်းများစွာ ရှိကြပါတယ်။သူတို့ဟာ တခြားကလေးငယ်တွေနဲ့ များစွာ ကွဲပြားခြားနားပြီး မွေးဖွားလာခဲ့တဲ့ ကလေးငယ်တွေပါ။ အဲဒီလို မသန်စွမ်းကလေးငယ်တွေဟာ ကံဆိုးစွာနဲ့ပါပဲ ဈေးကွက်ထဲမှာ အများဆုံးရှိနေတဲ့ အရုပ်တွေ၊ ကာတွန်းတွေ၊ ပုံပြင်စာအုပ်တွေဟာ သူတို့နဲ့ မတူညီခြားနားနေခဲ့ပါတယ်။ ပုံပြင်စာအုပ်တွေ၊ အရုပ်တွေ၊ ကာတွန်းတွေထဲမှာတော့ ကလေးငယ်တွေဟာ လုံးဝ လူကောင်းပကတိအတိုင်းဖြစ်နေတာတွေကို ရေးဆွဲခဲ့၊ ဖန်တီးထားခဲ့တဲ့ အရုပ်တွေဖြစ်နေလို့ သူတို့လေးတွေရဲ့ ဘဝနဲ့ အလှမ်းဝေးနေတဲ့ အရာတွေဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် အဲဒီလိုခံစားနေရတဲ့ ကလေးငယ်တွေအတွက် အရုပ်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေက တစ်မျိုးတစ်မည်ကြံစည်ပါတော့တယ်။ အဲဒါကတော့ ကလေးကစားစရာအရုပ်တွေကို သူတို့လေးတွေနဲ့ ပုံစံတူဖြစ်စေမယ့် မသန်စွမ်းအရုပ်ကလေးတွေကို ထုတ်လုပ်ပြီး သူတို့ကို အားပေးခြင်းပါပဲ။ လူ့အဖွဲ့အစည်းထဲမှာ သူတို့လည်း အရေးပါတယ်ဆိုတဲ့ ခံစားမှုအသိ အေမြင်ကို ပေးအပ်ခြင်းပါပဲ။ သူတို့ကိုယ်သူတို့ ချစ်ခင်စိတ်ဝင်အောင် လုပ်ဆောင်ပေးခြင်းတစ်မျိုးပါပဲ။ Toylikeme.org ဆိုတဲ့ အဖွဲ့အစည်းတွေက စတင်ခဲ့တာပါ။

ဧပြီ (၂၀၁၅) မှာ ယူကေဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ Rebecca Atkinson ဟာ မသန်စွမ်းသားသမီးတွေ ပိုင်ဆိုင်ထားတဲ့ မိဘတွေနဲ့အတူ  #ToyLikeMe ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ မသန်စွမ်းကလေးငယ်တွေအတွက် သူတို့နဲ့ ပုံစံတူ အရုပ်ထုတ်လုပ်ဖို့အတွက်ပါပဲ။ ဖေ့စ်ဘွတ်ခ်ပေခ့်ျတစ်ခုကို ထောင်ထားခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပေါ်က လူပေါင်းများစွာဟာ မသန်စွမ်းကလေးငယ်တွေအတွက် အရုပ်ထုတ်လုပ်ဖို့ကို အကြံဥာဏ်တွေ၊ ဓာတ်ပုံတွေကို ပေးပို့ပြီး အဲဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။

READ
ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီးကို အိမ်ယာမဲ့ထင်ပြီး အစားအသောက် လှူဒါန်းခဲ့တဲ့အမျိုးသမီး

 

အဲဒီလှုပ်ရှားမှုတစ်ခုဟာ တဖြေးဖြေးနဲ့ လူအင်အားများလာပြီး လူစိတ်ဝင်စားခြင်းလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့် လူတွေဟာ အဲဒီလှုပ်ရှားမှုအတွက် တကယ် အကောင်အထည်ဖြစ်စေမယ့်၊ သူတို့ရဲ့ အကြံဥာဏ်တွေကို အလဟဿမဖြစ်သွားစေမယ့် အရုပ်ထုတ်လုပ်ရေးကုမ္ပဏီတွေကိုတော့ ရှာမတွေ့ခဲ့သေးပါဘူး။ ကံကောင်းစွာနဲ့ပဲ အဲဒီလှုပ်ရှားမှုပြုလုပ်ပြီး နောက် ၂ ပတ်အကြာမှာတော့ ကိမ်ပိန်းထဲက အဓိကတာဝန်ရှိသူတွေဟာ 3D ပရင့်တာနဲ့ အရုပ်ဒီဇိုင်းထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ မသန်စွမ်းကလေးငယ်တွေအတွက် ပုံစံတူ အရုပ်ထုတ်လုပ်ဖို့ကို လိုလိုလားလား လက်ခံခဲ့ပြီး အရုပ်ထုတ်လုပ်ဖို့လည်း သဘောတူခဲ့ပါတယ်။

READ
ဘ၀ကိုပျော်ရွှင်စွာ ဖြတ်သန်းနေရှာတဲ့ သနားဖွယ်Benjamin Button ရောဂါသည်မောင်နှမ

အခုအချိန်မှာတော့ ကောက်ယူရရှိထားတဲ့ စာရင်းဇယားတွေအရ ကမ္ဘာပေါ်မှာ မသန်စွမ်းဖြစ်နေတဲ့ ကလေးငယ်ပေါင်း သန်း ၁၅၀ ရှိပါတယ်။ အရုပ်ထုတ်လုပ်ရေးကုမ္ပဏီဟာ နှစ်စဉ်အရုပ်ပေါင်းများစွာ ထုတ်လုပ်နေပြီး ဝင်ငွေအမြတ်အစွမ်းများစွာ ရရှိတဲ့ လုပ်ငန်းတွေလည်းဖြစ်ပါတယ်။ ကမ်ပိန်လှုပ်ရှားမှုဟာ တဖြေးဖြေးနဲ့ လူသိတာလာနဲ့အမျှ အရုပ်ထုတ်လုပ်ရေးကုမ္ပဏီတွေက အဲဒီကမ်ပိန်းကို ကူညီဖို့ ဆက်သွယ်လာကြပါတယ်။

Does your child use a manual wheelchair? Do you live in Norfolk? I need you! On Saturday 25th January I will be doing…

Posted by Toy Like Me on Sunday, January 19, 2020

အခုအချိန်မှာတော့ #ToyLikeMe ကမ်ပိန်းဟာ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၊ တွစ်တာစာမျက်နှာတွေမှာ လူသိများတဲ့ ကမ်ပိန်းတစ်ခုဖြစ်ခဲ့ပြီး Lego အရုပ်ထုတ်တဲ့ ကုမ္ပဏီကြီးတွေက အစ ပါဝင်လာပါတယ်။ အခုအချိန်မှာတော့ အဲဒီလို အရုပ်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေက ထုတ်လုပ်ထားတဲ့ မသန်စွမ်းကလေးငယ်တွေအတွက် အရုပ်တွေဟာ တစ်ကမ္ဘာလုံးကို ဖြန့်ချိနေပါပြီ။

(၂၀၁၆) ခုနှစ်မှာတော့ Lego အရုပ်ထုတ်လုပ်ရေးကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး ဘီးတပ်ကုလားထိုင်နဲ့ အရုပ် mini-figureလေးကို ထုတ်လုပ်ခဲ့ပါတယ်။ အရုပ်ထုတ်လုပ်ရေးလောကမှာ ဆရာကျပါတယ်ဆိုတဲ့ အရုပ်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေကလည်း အဲဒီလို မသန်စွမ်းကလေးငယ်တွေအတွက် အရုပ်တွေ စထုတ်နေပါပြီ။ မသန်စွမ်းကလေးငယ်တွေဟာလည်း သူတို့ဘဝနဲ့ ထပ်တူကျတဲ့  အရုပ်ကလေးတွေကို ဆော့ကစားနိုင်ပြီး ငါတို့လည်း မင်းတို့နဲ့ အတူတူပါပဲဆိုတဲ့ ခံယူချက်ကလေးကိုလည်း အရုပ်ထုတ်လုပ်ရေးကုမ္ပဏီတွေက ပေးအပ်နိုင်ခဲ့ပါတယ်။

 

Ye Yint Kyaw

SHARE