ဗာတီကန်ရဲ့ကွန်ပျူတာစနစ်ထဲ ချိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ တရုတ်ဟက်ကာများ

Instagram/TravelTriangle

ဗာတီကန်နဲ့ ဘေဂျင်းအကြားမှာ ညှိနှိုင်းမှုတွေအတောအတွင်း တရုတ်ဟက်ကာတွေဟာ ဗာတီကန်ကက်သလစ်ဘုရားကျောင်းရဲ့ ကွန်ပျူတာစနစ်တွေအတွင်းကို ပြီးခဲ့တဲ့လအနည်းငယ်က ချိုးဖောက်ဝင်ရောက်မှုတွေရှိခဲ့ကြောင်း ဆိုက်ဘာလုံခြုံရေးလုပ်ငန်းစုတစ်စုရဲ့ အဆိုအရ သိရပါတယ်။

 

ဒီအတည်ပြုထုတ်ပြန်မှုကို အမေရိကန်နိုင်ငံ မက်ဆာချူးဆက်အခြေစိုက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Recorded Future က  ပြီးခဲ့တဲ့ဇူလိုင်(၂၈)ရက်က ထုတ်ပြန်ခဲ့တာပါ။ ဒီမတိုင်ခင်က တရုတ်နိုင်ငံတွင်း ခရစ်ယာန်နဲ့ အခြားဘာသာများအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေအပေါ် ဗာတီကန်အနေနဲ့ တရုတ်အစိုးရကို ပြင်းထန်စွာ ဝေဖန်ခဲ့ဖူးပါတယ်။

Twitter/NarendraModi

တရုတ်အာဏာပိုင်တွေဟာ စက်တင်ဘာမတိုင်ခင်က နိုင်ငံအတွင်းရှိ သင်းအုပ်ဘုန်းကြီးတွေ၊ ဘုန်းတော်ကြီး ခန့်အပ်မှုတွေအပိုင်းမှာ အာဏာနဲ့ထိန်းချုပ်မှုတွေ ရှိလာခဲ့သလို၊ ဘုရားကျောင်းတွေရဲ့ စီမံအုပ်ချုပ်မှုတွေမှာ စွပ်ဖက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သမ္မာကျမ်းစာကိုတောင် အာဏာပိုင်တွေသဘောကျ ရေးရမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတာပါ။

တရုတ်အာဏာပိုင်တွေအနေနဲ့ ကက်သလစ်နဲ့ အခြားဘာသာ(၄)ခုကို တရားဝင် အသိအမှတ်ပြုသော်လည်း၊ ဝတ်ပြုဆုတောင်းသူတွေအပါအဝင် သင်းအုပ်ဘုန်းကြီးတွေအပေါ်မှာ မကြာခဏ သံသယပွားလေ့ရှိပြီး၊ နိုင်ငံရဲ့လုံခြုံရေးကို ထိပါးနှောက်ယှက်နေတယ်လို့ ထင်မြင်ယူဆမှုတွေ ရှိနေပါတယ်။

တရုတ်အာဏာပိုင်တွေ အထူးခန့်အပ်ထားတဲ့ ဟက်ကာတွေဟာ တခြားဘာသာရေးအသင်းအဖွဲ့တွေဖြစ်တဲ့ တိဘတ်ဗုဒ္ဓဘာသာ၊ ဝီဂါမွတ်စလင်အဖွဲ့များ၊ တရုတ်ပြည် ပြင်ပက Falun Gong အဖွဲ့အစည်းများ စတဲ့အဖွဲ့အစည်းတွေရဲ့ ကွန်ပကျူတာ လုံခြုံရေးစနစ်တွေထဲကို ချိုးဖောက်ဝင်ရောက်ပြီး သတင်းအချက်အလက်တွေ ရယူတာမျိုးတွေ လုပ်လေ့ရှိပါတယ်။

ကိုဗစ်ကပ်ဆိုးကာလမှ တရုတ်ဟာ ကမ္ဘာ့စူပါပါဝါကို အမေရိကန်ကနေ လွှဲယူဖို့ ကြိုစားနေတယ်လို့ အနောက်မီဒီယာအုပ်စုနဲ့ အမေရိကန် မီဒီယာတွေက စွပ်စွဲထားပါတယ်။ အိန္ဒိယ-ဂယ်ဝန်တောင်ကြား ပြဿနာတွေ၊ ကက်ရှ်မီးယားဒေသပညာတွေ၊ တောင်တရုတ်ပင်လယ်တွင်း တင်းမာမှု၊ သြစတေးလျ၊ ဂျပန်နဲ့ ယူကေတို့ကို ဆိုက်ဘာနည်းအရ တိုက်ခိုက်မှုတွေဟာ ဒီအတွက် ခြေလှမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

လင်းသူရိန်

SHARE