လူမှုကွန်ရက်မှာနာမည်ကြီးပြီး ကော်ဖီကြော်ငြာမှာပါ ဖော်ပြခံရတဲ့ ဆောက်လုပ်ရေးသမားကြီး

Just Construction Guy/Instagram

လူမှုကွန်ရက် အင်စတာဂရမ်မှာ သမီးအတွက် ပို့စ်လေးတစ်ခု ဖန်တီးလိုက်ရာကနေ နာမည်ကြီးလာတဲ့ ဆောက်လုပ်ရေး အလုပ်သမားကြီး @justaconstructionguy ကတော့ အခုဆိုရင် သူတို့ဒေသက ကော်ဖီဆိုင်ရဲ့ ကြော်ငြာမော်ဒယ် ဖြစ်လာပါပြီ။

သူဟာ တက္ကဆက်ပြည်နယ်၊ အော်စတင်က ဆောက်လုပ်ရေး လုပ်သားတစ်ဦးဖြစ်ပြီး၊ အင်စတာဂရမ်အကောင့်ကိုလည်း ရိုးရိုးလေးပဲ နာမည်ပေးထားပါတယ်။ Just a construction guy ဖြစ်ပါတယ်။ ဘဝသမာလေးတစ်ယောက်ပေါ့။

 

 

View this post on Instagram

 

Hi, I’m Omar. This is my office. ‍♂️

A post shared by Omar (@justaconstructionguy) on

သူ့ရဲ့ အင်စတာဂရမ်မှာ အခုဆိုရင် ပရိသတ် (၃၆၆၀၀၀)အထိ ရှိနေပြီး၊ ဒါဟာ သူရဲ့အကောင့်ကို လွန်ခဲ့တဲ့ မေလကမှာ စပြီးဖွင့်ခဲ့တာလို့ သင့်အနေနဲ့ သိရရင် အတော်အံ့သြစရာကောင်းတဲ့ ပရိသတ် ပမာဏဖြစ်ပါတယ်။ သူဟာ ကိုင်တိုင်ကလည်း ကော်ဖီကြိုက်ပါတယ်တဲ့။

နာမည်ကတော့ Omar လို့ သိရပြီး၊ သူဟာ နာမည်ကြီးလိုစိတ်အတွက် ဒီအင်စတာဂရမ်အကောင့်ကို ဖန်တီးခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်နေ့တစ်နေ့ သူရဲ့ ပို့စ်တွေဟာ လူကြိုက်များလာပြီးနောက် အော်စတင်အခြေစိုက် Cuvée Coffee ဆိုင်ပိုင်ရှင်က သဘောကျလာပါတယ်။

 

 

View this post on Instagram

 

The boys were giving me crap cause I’m a model/influencer now. ‍♂️

A post shared by Omar (@justaconstructionguy) on

Cuvée Coffee ဆိုင်ပိုင်ရှင်ရဲ့နာမည်ကတော့ Mike McKim ဖြစ်ပြီး၊ ပြီးခဲ့တဲ့တစ်လလောက်က သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့ တိုင်ပင်ပြီးနောက် Omar ကို ကြော်ငြာမော်ဒယ်အဖြစ် အသုံးပြုဖို့ သူတို့ကလည်း ခပ်ရိုးရိုးလေး တွေးလိုက်တာပါ။

Mike က “ ကျွန်တော်တို့က ဘယ်တော့ပဲဖြစ်ဖြစ် influencer တွေနဲ့ပဲ ထည့်သွင်းစဉ်းစားနေမိတာ .. .အရင်တုန်းကလည်း တကယ် လူသိများတဲ့လူတွေနဲ့ ကြော်ငြာတွေ ဖန်တီးခဲ့တာ .. တကယ်တော့ ကျွန်တော်တို့ Brand နဲ့ အဲဒီလောက်ထိ မသင့်လျှော်ကြပါဘူး … ”လို့ ပြောပါတယ်။

 

 

View this post on Instagram

 

Stogie break.

A post shared by Omar (@justaconstructionguy) on

သူက ဆက်လက်ပြီး “ ကျွန်တော်တို့ တကယ်လိုအပ်နေတာက သူများနဲ့မတူတဲ့ influencer မျိုး အလုပ် ကြိုးစားသူ .. သာမန်လူတန်းစားကို အခြေပြုနေသူ စသဖြင့်ပေါ့ … Omar က ဒီအချက်တွေအတွက် အကုန်အဆင်ပြေတယ် … ”လို့ ပြောခဲ့ပါတယ်။

In case you haven’t heard, our friend Omar (@justaconstructionguy), has picked up a few more followers. And by a few, we…

Posted by Cuvee Coffee on Thursday, June 13, 2019

အဲဒီနောက် Mike ဟာ သူနဲ့အတူလက်တွဲအလုပ်လုပ်နေတဲ့ Bandolier Media အမည်ရ ကြော်ငြာအေဂျင်စီနဲ့ ထိရောက်တဲ့ ကြော်ငြာပုံတွေကို ဖန်တီးခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ရိုးသားကြိုးစားတဲ့လူတစ်ယောက်အတွက် အခွင့်အလမ်းတွေကလည်း ရိုးရိုးသားသား စောင့်ဆိုင်းနေကြပါတယ်။

 

 

View this post on Instagram

 

My daughter told me this splash photo is a “thing.” It’s a waste of coffee in my opinion, but oh well. ‍♂️ #InfluencerProblems

A post shared by Omar (@justaconstructionguy) on

လင်းဇော်ကို (Shwemom)

SHARE