(၁၆)နှစ်အရွယ်သားက ချစ်သူနဲ့ ကလေးရခဲ့လို့၊ အသက်ငယ်ငယ်နဲ့ အဖိုးအဖွားဖြစ်သွားတဲ့ စုံတွဲ

Weibo/Dai

ထိုင်ဝမ်က အသက်(၄၂)နှစ်နဲ့ (၃၈)နှစ်အရွယ်ကို အသီးသီးရောက်နေကြတဲ့ အိမ်ထောင်သည်စုံတွဲတစ်တွဲဟာ ထင်မှတ်မထားဘဲ မြေးချီလိုက်ရလို့၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အဖိုးအဖွားဘဝကို ရောက်ခဲ့ရပါတယ်။ အဆိုပါ စုံတွဲဟာ အသစ်စက်စက် မြေလေးကို အလွန်ချစ်နေကြပြီး၊ သူတို့ရဲ့ သားအရင်းလို့ သတ်မှတ်ကြောင်း ဆိုပါတယ်။

သူတို့အဆိုအရ သူ့မြေးက သူ့သားထက်တောင် သူတို့သားနဲ့ ပိုတယ်လို့ ဆိုထားပါတယ်။ သားဖြစ်သူဟာ အသက်(၁၆)နှစ်သာ ရှိသေးပေမယ့် ချစ်သူကောင်မလေးကို ထင်မှတ်မထားဘဲ ကိုယ်ဝန်ရစေခဲ့တာပါ။ အခုတော့ မြေးချီလိုက်ရတဲ့ ကောင်လေးရဲ့ မိဘတွေဟာ အလွန်ကျေနပ်နေတဲ့အကြောင်း WorldofBuzz အွန်လိုင်းစာမျက်နှာက ဖော်ပြခဲ့ပါတယ်။

Weibo/Dai

အဖွားဖြစ်သူကဆိုရင် မြေးကို ထိန်းဖို့ အလုပ်ကနေတောင် ထွက်လိုက်ပါသတဲ့။ အဖိုးအဖွားစုံတွဲရဲ့အဆိုအရ သူတို့ကိုယ်တိုင်က အိမ်ထောင်ကျတာ စော၊ သားသမီးရတာ စောခဲ့ပြီး၊ လက်ရှိအသက်အရွယ်အရ အခု မြေးလေးဟာ သူတို့သားလို့ ပြောရင်တောင်မှ မယုံမယ့်သူ ရှိမှာမဟုတ်ပါဘူးလို့ ဆိုပါတယ်။

သူတို့အဖြစ်ဟာ အခု သားရဲ့အဖြစ်နဲ့ တူညီနေပြီး၊ သူတို့တုန်းကလည်း အဖိုးအဖွားတွေထံ သားကို အပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ပို့စ်ဟာ ပြန်လည်မျှဝေသူ (၇၀၀၀)ကျော် ရှိခဲ့ပြီး၊ မှတ်ချက်ရေးသူတော်တော်များများကတော့ မိဘခြေရာကို နင်းနိုင်တဲ့သားလို့ ဆိုနေပါတယ်။

Weibo/Dai

တစ်ချို့မှတ်ချက်ရေးသူတွေကတော့ ဒီလင်မယားဟာ ငယ်ရွယ်သေးတဲ့အတွက် နောက်ထပ် သားသမီးရနိုင်သေးကြောင်း၊ နောက်ထပ် ကလေးယူဖို့အကြောင်း တိုက်တွန်းခဲ့ပါတယ်။ အဲဒီအခါမှာ အဖိုးအဖွား အသစ်စက်စက်စုံတွဲက သူတို့က ကလေးမယူရခြင်းမှာ ကလေးတစ်ယောက်ကို ထပ်ပြီး စောင့်ရှောက်နိုင်မှာ မဟုတ်ဘူးလို့-

တွေးမိတာကြောင့် ဖြစ်ကြောင်း- ဒီလို အခြေအနေမှာ မြေးလေး ရောက်လာခြင်းဖြစ်ကြောင်း၊ Oriental Daily က ဖော်ပြထားပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ မိဘအသစ် ဖြစ်တဲ့ခံစားမှုမျိုးကိုလည်း ခံစားရပါတယ်တဲ့။ သားဖြစ်သူဟာ သူ့ကောင်မလေးနဲ့ လူငယ်ဘာဝ မှားခဲ့ပုံရပြီး၊ ကိုယ်ဝန် (၃၇)ပတ်မှ ရိပ်မိသိရှိခဲ့တာပါ။

Weibo/Dai
Weibo/Dai

အဲဒီနောက် သေချာအောင် ဆက်လက်စစ်ဆေးရင်း၊ နောက်ထပ် (၄)ရက်အကြာမှာ မြေဦးလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့သားအနေနဲ့ အသက်အရွယ် ငယ်ရွယ်လင့်ကစား ကလေးဖခင်တစ်ယောက်တောင် ဖြစ်နေပြီမို့ လာမယ့်ကာလတွေကို ပိုဂရုစိုက်ဖို့ လိုအပ်သွားပြီလို့  ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE