ကလေးအတွက် အလန်းစား စာအုပ်စင်တည်ဆောက်ခဲ့တဲ့ လင်မယားနှစ်ယောက်

Jess & Sinclair Facebook

အိမ်အသစ်တစ်လုံးဆီ ပြောင်းရွေ့လို့ပဲဖြစ်ဖြစ်၊ အိမ်အသစ်တည်ဆောက်လို့ပဲဖြစ်ဖြစ် အိမ်အတွင်းပိုင်းမှာ ပစ္စည်းပစ္စယတွေ နေရာချတဲ့ အခါ စာအုပ်တွေလည်း အမြဲ ပါလာလေ့ရှိပါတယ်။ တကယ်လို့ စာအုပ်ချစ်သူ၊ စာအုပ်စုသူတစ်ယောက်ဆိုရင်တော့ စာအုပ်ထုတ်တွေ၊ ဂျပ်ဖာလိုက်ထည့်ထားတဲ့ စာအုပ်တွေ အိမ်ပြောင်းရာမှာ အပုံလိုက်ပါလာမှာ အသေအချာပါပဲ။

Posted by Jess & Sinclair on Tuesday, September 25, 2018

ဘယ်သူမဆို ကိုယ်ရဲ့ စာအုပ်ကလေးတွေကို စာအုပ်စင်ကလေးနဲ့ သပ်သပ်ရပ်ရပ်ထားချင်ကြမှာပါ။ ဘယ်သူမှ ကပိုကရို ဖြစ်သလို ထားချင်လိမ့်မှာမဟုတ်ပါဘူး။ သြစတေးလျနိုင်ငံက လင်မယားနှစ်ယောက်ကလည်း သူတို့ရဲ့ ကလေးတွေအတွက်ဆိုပြီး စာအုပ်စင်တစ်စင်ကို သူတို့ကိုယ်တိုင် ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ လုပ်တဲ့ စာအုပ်စင်ဟာ သာမန်မြင်တွေ့နေကျ စာအုပ်စင်မျိုး မဟုတ်ဘဲ ဒီဇိုင်းကာလာအနေအထား အလန်းစားနဲ့ စာအုပ်စင်ပါပဲ။

Jess & Sinclair FB

ဒီလို သူတို့နှစ်ယောက် စာအုပ်စင်အလန်းစားတစ်ခု ပြုလုပ်ပုံကို တစ်ဆင့်ချင်း အင်တာနက်ပေါ် တင်ခဲ့ရမှာ တခဏအတွင်း ပျံ့နှံ့သွားခဲ့ပါတယ်။ သူတို့နှစ်ယောက် ပြုလုပ်ခဲ့တဲ့ အလန်းစားစာအုပ်စင်တစ်စင် ပြုလုပ်ပုံကို တစ်ဆင့်ချင်းဖော်ပြလိုက်ပါတယ်။

Jess & Sinclair FB

(၁) သစ်သားပြားတွေကို အရွယ်အစားပုံစံအတူဖြစ်အောင် ကြိုတင်ပြီး ဖြတ်ထားပါတယ်။ ဘေးလေးဘက်လေးတန်ကိုလည်း အရွယ်စုံ သေတ္တာငယ်ပုံစံလေးတွေ ဖြစ်အောင် တပ်ဆင်ဖို့  ရာထားပြီး သစ်သားပြားရဲ့မျက်နှာပြင် တစ်ဖက်တစ်ချက်ဆီမှာလည်း ဝက်အူရစ်လှည့်ဖို့ အပေါက်လေးပေါက် ဖောက်ထားပါတယ်။ 

Jess & Sinclair FB

(၂) ဒုတိယအဆင့်ကတော့ သစ်သားပြားတွေကို သေတ္တာပုံစံဖြစ်အောင် တပ်ဆင်ရခြင်းပါ။ ပြင်ဆင်ထားပြီးတဲ့ သစ်သားပြား လေးပြားနဲ့ သေတ္တာငယ်ပုံစံတစ်ခုဖြစ်အောင် ပြုလုပ်ပါတယ်။ဒါ့အပြင် နံရံမှာ ချိတ်ဆွဲထားနိုင်အောင် သစ်သားပြား အငယ်တစ်ခုကိုလည်း  တပ်ဆင်ထားတာပါ။

Jess & Sinclair FB

(၃) ဒီအဆင့်မှာတော့ ရရှိလာတဲ့ သေတ္တာငယ်လေးတွေကို သေချာ နေရာချတဲ့ အဆင့်ပါ။ ကိုယ်လိုချင်တဲ့ စာအုပ်စင် ဒီဇိုင်းကို အသေအချာ ကြိုတင်ရေးဆွဲထားပြီးမှ အကြမ်းသဘောမျိုး နေရာချထားတာပါ။ နံရံပေါ်မှာ ချက်ချင်းမတပ်ဆင်ရတာက တစ်ခုခုလွဲချော်သွားရင် ပြန်ဖြုတ်ရမှာကြောင့် ကြမ်းပြင်မှာပဲ ကြိုတင်အကွက်ချသင့်ပါတယ်။

Jess & Sinclair FB

(၄) ဒီလိုကြိုတင် အကွက်ချတာတွေလည်း ပြီးပြီ၊ သေတ္တာငယ်ပုံစံလေးတွေလည်း ရပြီဆိုရင် နံရံမှာ အကွက်ချတပ်ဆင်တဲ့  အဆင့်ရောက်ပါပြီ။

Jess & Sinclair FB

(၅) ဒီအဆင့်မှာတော့ နံရံမှာ တပ်ဆင်တဲ့ အဆင့်ပါ။ အဆင်သင့်ပြုလုပ်ထားတဲ့ သေတ္တာငယ်အရွယ်မျိုးစုံကိုနံရံမှာ ဝက်အူနဲ့ လှည့်ပြီး ချိတ်ဆွဲရမှာဖြစ်ပါတယ်။

Jess & Sinclair FB

(၆) ပုံပေါ်လာပါပြီ။

Jess & Sinclair FB

(၇) ဒီအဆင့်ကတော့ အချောသပ်အဆင့်ပါ။ စာအုပ်စင်ခိုင်ခံအောင် နံရံမှာ ဝက်အူတွေမှာ သေချာ အဆုံးထိ တင်းကြပ်ထားသင့်တာတို့ကို စစ်ဆေးရမယ့် အဆင့်ဖြစ်ပါတယ်။

Jess & Sinclair FB

(၈) သိပ်လန်းတဲ့ စာအုပ်လေးတစ်စင်ကို ရရှိပါပြီ။

လွယ်လွယ်ကူကူနဲ့ပဲ ဒီဇိုင်းအဆန်းနဲ့ စာအုပ်စင်တစ်စင်ကို ပြုလုပ်လို့ရတဲ့ အကြောင်းကို တင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့လင်မယားနှစ်ယောက်ရဲ့ ကလေးကတော့ ဘယ်လိုနေမလဲ မသိပေမယ့် မြင်တဲ့သူတိုင်း အံ့သြစေပြီး စွဲမက်စရာကောင်းတဲ့ စာအုပ်စင်လေးတစ်စင် ဖြစ်ပါတယ်။

Ye Yint Kyaw

SHARE