မင်္ဂလာပွဲအကြိုနေ့မှာ မတော်တဆမှုဖြစ်ပြီး ကံဆိုးခဲ့ရတဲ့ သတို့သားနဲ့သတို့သမီး

VitoriaCarolineGoncalves/FB

ဘရားဇီးနိုင်ငံအနောက်ပိုင်း၊ Caldas Novas မှာ အပျော်တမ်း လေထီးခုန်ဂလိုက်ဒါ စီးခဲ့ကြတဲ့ မင်္ဂလာမောင်နှံ လောင်းလျာ နှစ်ယောက်ဟာ မတော်တဆမှု ဖြစ်ပြီး၊ နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း သိရပါတယ်။ သူတို့နှစ်ယောက်ဟာ မင်္ဂလာပွဲမတိုင်မီ တစ်ရက်အလိုမှာ သေဆုံးခဲ့ရတာပါ။ မသေခင် နောက်ဆုံးအခိုက်အတန့်ကို Paragliding စီးရင်းနဲ့ Live လွှင့်ခဲ့ပါသေးတယ်။

Vitoria Caroline Goncalves_/FaceBook
Vitoria Caroline Goncalves/Facebook

သေဆုံးသူတွေကတော့ Vitória Gonçalves နဲ့ Marley Rego တို့ ဖြစ်ပြီး၊ အသက်(၂၁)နှစ်နဲ့ (၃၄)နှစ်တို့ ဖြစ်ကြပါတယ်။ သူတို့ဟာ နှစ်ယောက်စီး ဂလိုက်ဒါပေါ်မှာ အေးအေးဆေးဆေး ရှိနေပုံကို Live ထုတ်လွှင့်ပြသခဲ့ပါတယ်။ မင်္ဂလာရက်မြတ်မှာ ဧည့်သည်တွေက သတို့သားသတို့သမီးတွေ လုံးဝ ပေါ်မလာလို့ စိုးရိမ်စိတ်တွေဖြစ်ပြီး၊ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ကွင်းပြင်တွေကို ကျော်ဖြတ်ပြီး၊ (၄၂)ကီလိုမိတာအဝေးက Pires do Rio ကို ဦးတည်ခဲ့ပါတယ်။ အဲဒီမှာ သူငယ်ချင်းတွေနဲ့ လူပျိုအပျိုညပါတီ ဆင်နွှဲဖို့ ပြင်ဆင်ထားတာဖြစ်ပြီး၊ တကယ်တမ်းက အဲဒီကို နှစ်ဦးစလုံး ရောက်မလာခဲ့ပါဘူး။ အလောင်းတွေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ သြဂုတ်လ (၁၄)မှာ  မြိ့နှစ်ခုကို ဆက်သွယ်ထားတဲ့ GO-309 လမ်းမဘေးမှာ တွေ့ခဲ့ရတာပါ။

Insider/YouTube

Vitória နဲ့ Marley တို့ဟာ (၄)နှစ်ကြာ လက်တွဲခဲ့ကြသူတွေဖြစ်ပြီး၊ ကြာသပတေးနေ့မှာ သူတို့ကို ဂူတစ်ခုတည်းမှာ သွင်းပြီး မြှုပ်နှံပေးခဲ့ပါတယ်။ Marley ဟာ  Bob Marley အမည်ရ ကားရေဆေးဆီလိုက် လုပ်ငန်း တည်ထောင်ထားပြီး၊ ယခင်အိမ်ထောင်နဲ့ (၄)နှစ်အရွယ် သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။

လင်းသုတ

SHARE