သူမျာနိုင်ငံကသဲတွေကို အမှတ်တရဆိုပြီးယူလာလို့ ထောင်ဒဏ်ရင်ဆိုင်ခဲ့ရတဲ့အတွဲ

shutterstock/By Nikolay Antonov & facebook/Sardegna Rubata e Depredata

ပြင်သစ်နိုင်ငံနေ စုံတွဲတစ်တွဲဟာ အီတလီနိုင်ငံက ကျွန်းတစ်ကျွန်းကို အပျော်ခရီးထွက်ခဲ့ကာ ခရီးစဉ်မှာ အမှတ်တရဖြစ်အောင်လို့ဆိုပြီး ပေါင်(၉၀) အလေးချိန်ရှိတဲ့သဲတွေကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။ ၄င်းကျွန်းဟာ အီတလီ ဆာဒီးနီးယားကျွန်းဖြစ်ပါတယ်။ အခုအခါမှာတော့ အဆိုပါ ပြင်သစ်နိုင်ငံသား စုံတွဲဟာ ကမ်းခြေပေါ်က သဲတွေကို တရားမ၀င်ယူဆောင်မှုနဲ့ အချုပ်ကျလုနီးဖြစ်နေကြောင်း insider သတင်းက ဆိုပါတယ်။

facebook/Sardegna Rubata e Depredata

အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ Corriere della Sera ကတော့ အဆိုပါစုံတွဲက အခုဖြစ်ပွားခဲ့တဲ့ ကိစ္စဟာ တရားမ၀င်ဘူးဆိုတာ မသိခဲ့ဘူးလို့ ရေးသားထားပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Pierluigi Cocco ကတော့ ဘီဘီစီကို အခုလို ပြောပါတယ်။ “ဆာဒီးနီးယားကျွန်းကတော့ ခြိမ်းခြောက်မှုနှစ်မျိုးနဲ့ ရင်ဆိုင်နေရတာပါ။ တစ်မျိုးကတော့ ရေတိုက်စားခံရတာ၊ ရေတိုက်စားခံရတာက ရာသီဥတုပြောင်းလဲလို့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာပါ။ နောက်တစ်မျိုးကတော့ ကမ္ဘာလှည့်ခရီးသည်တွေက သဲတွေကို ခိုးယူနေတဲ့ အန္တရာယ်ပါ…”

READ
အရက်၊ မူးယစ်ဆေး၊ အပျော်မယ်တွေနဲ့ အကန့်အသတ်မရှိ Free ပျော်ခွင့်ပေးမယ့် ဟိုတယ်
facebook/Sardegna Rubata e Depredata

သတင်းမှတ်တမ်းတွေအရ အဆိုပါစုံတွဲဟာ ကျွန်းရဲ့ တောင်ဘက်ပိုင်းမှာရှိတဲ့ ကမ်းခြေကနေ ပလတ်စတစ်ဘူး(၁၄) ဘူးနဲ့ သဲတွေကို ထည့်လာခဲ့တာ ဖြစ်ပါတယ်။ သူတို့စုံတွဲကိုတော့ ပြင်သစ်နိုင်ငံ တူးလွန်းမြို့ကိုပြန်တဲ့ ဖယ်ရီပေါ်မှာ သဲဘူးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။ နှစ်ဦးစလုံးကို ခိုးမှုနဲ့ တရားစွဲထားကာ ထောင်ဒဏ်(၁) နှစ်ကနေ (၆) နှစ်အတွင်း ကျရောက်ဖို့ ရှိကြောင်း အီတလီသတင်းစာအရ သိရပါတယ်။

facebook/Sardegna Rubata e Depredata

ထင်ရှားတဲ့ ကျွန်းတစ်ကျွန်းအနေနဲ့ ဆာဒီးနီးယားဟာ ကမ္ဘာလှည့်ခရီးသည်တွေ သဲခိုးဖို့အတွက် မျက်စိကျစရာနေရာဖြစ်နေခဲ့ပါတယ်။ (၂၀၁၅) ခုနှစ်တုန်းကတော့ ဒေသခံလေဆိပ်မှာ မက်ထရစ်တန်ချိန်(၅) တန်ရှိတဲ့ သဲတွေကိုလည်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။ လေဆိပ်ကနေ သဲအပြည့်ထည့်ထားတဲ့ ပလတ်စတစ်ရေဘူးတွေအပြင် ခရုခွံတွေနဲ့ ကျောက်စရစ်ခဲ၊ ကျောက်တုံးလေးတွေကို ဘူးတွေနဲ့ ထည့်ထားတာတွေပါ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

READ
ငိုလွန်းတဲ့ကလေးကို အငိုတိတ်ဖို့ လေသေနတ်ခြောက်လှန့်ရင်း မတော်တဆပစ်မိခဲ့
facebook/Sardegna Rubata e Depredata

ဆာဒီးနီးယားရဲ့ (၂၀၁၇) ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ဥပဒေအရတော့ ကျွန်းပေါ်က သဲ၊ ကျောက်စရစ်ခဲနဲ့ ခရုခွံတွေကို တရားမ၀င်ရောင်းဝယ်ဖောက်ကားတာတွေ့ခဲ့ရင် ဒေါ်လာ(၃၃,၀၀) အထိ ဒဏ်ကြေးကောက်ခံမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ကျွန်းရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ခရီးသည်တွေအနေနဲ့ ပုလင်းသေးသေးလေးနဲ့ သဲတွေ၊ ခရုတွေကို ယူသွားတာဟာ ပြဿနာမဟုတ်ဘူးလို့ ထင်ရပေမယ့် အလည်လာတဲ့ ခရီးသည်သန်းပေါင်းများစွာကသာ ဒီလိုတွေလုပ်ကြမယ်ဆိုရင်တော့ ကျွန်းပျောက်သွားလိမ့်မယ်ဆိုပြီး ပြောပြခဲ့ပါတယ်။

facebook/Sardegna Rubata e Depredata

လင်းလင်း (ShweMom)

SHARE