နောက်ဆုံးချိန်ကို လက်ချင်းဆုပ်ကိုင်ပြီး ဖြတ်သန်းခဲ့ကြတဲ့ အိုဟိုင်းယိုးက စုံတွဲ

Mcintire Bradham & Sleek Funeral

သေသည့်တိုင်အောင် အတူတူရှိနေမယ် ဆိုတာကို သက်သေပြလိုက်တာကတော့ အိုဟိုင်းယိုးက စုံတွဲတစ်တွဲပဲဖြစ်ပါ တယ်။ Bill နဲ့ Nancy Schafrath စုံတွဲဟာ (၆၄)နှစ်ကြာတည်မြဲတဲ့ချစ်မေတ္တာတွေနဲ့ပြည့်ဝတဲ့အိမ်ထောင်တစ်ခုကို တည်ထောင်လာခဲ့တဲ့စုံတွဲတစ်တွဲဖြစ်ပြီး သေဆုံးချိန်မှာလည်း တစ်ယောက်လက်တစ်ယောက်ဆုတ်ကိုင်ကာ နာရီပိုင်းသာခြားပြီး သေဆုံးသွားခဲ့ကြတဲ့ ဇနီးမောင်နှံတွေပဲဖြစ်ပါတယ်။

အဆိုပါစုံတွဲမှ အမျိုးသားဖြစ်သူ အသက်(၈၈)နှစ်အရွယ်ရှိတဲ့ Bill ဟာ ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်(၇)နာရီ အချိန်မှာ လူကြီးရောဂါနဲ့သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူအသက်(၈၅)နှစ်အရွယ် Nancy ကတော့ အဲ့ဒီနေ့နံနက် (၁၁)နာရီအချိန်မှာကွယ်လွန်သွားခဲ့ပြီး ခင်ပွန်းဖြစ်သူ Bill နောက်ကိုလိုက်သွားခဲ့ပါတယ်။သေဆုံးချိန်မှာ သူတို့စုံတွဲနေထိုင်ရာ Wooster မြို့ရှိ Brookdale Senior Living ဘိုးဘွားရိပ်သာမှာပဲဖြစ်ပါတယ်။

Mcintire Bradham & Sleek Funeral

ရက်သတ္တပတ်ကြာပြီးနောက်မှာ သူတို့စုံတွဲရဲ့ချစ်ပုံပြင်ဟာ လူအများကြားပျံ့နှံ့သွားခဲ့ပြီး သူတို့ချစ်ခြင်းအကြောင်း ကိုကြားသိသူတိုင်း မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းကတည်းက အိပ်ယာထဲကနေမထနိုင်တော့တဲ့ Bill ကြောင့် သူတို့စုံတွဲရဲ့တူမ Pat Cornelius က သူတို့နှစ်ယောက်ရဲ့အိပ်ယာတွေကိုအတူတူထားပေးခဲ့တာဖြစ်တယ်လို့ Daily Record သတင်းစာရဲ့ဖော်ပြချက်အရသိရပါတယ်။ ဒီလိုထားပေးခဲ့တာကြောင့်လည်း သူတို့ရဲ့နောက်ဆုံးအချိန်ထိကို သူတို့တစ်ယောက်လက်နဲ့တစ်ယောက်ဆုပ်ကိုင်ပြီးဖြတ်သန်းသွားနိုင်တာဖြစ်တယ်လို့ Pat Cornelius ကပြောပြခဲ့ပါတယ်။

READ
ဆေးလိပ်မသောက်တဲ့ဝန်ထမ်းကို (၁)နှစ်ကို ရုံးပိတ်ရက်(၄)ရက် သတ်မှတ်ပေးတဲ့ ကုမ္ပဏီ

တစ်ရက်ထဲမှာ သေဆုံးခဲ့တဲ့သူတို့စုံတွဲကို အတူတူ မြှုပ်နှံပေးမှာဖြစ်တယ်လို့ St. Mary ဘုရားကျောင်းမှ ဖာသာ Richard Samide ကပြောပြခဲ့ပါတယ်။

Twitter/Sheryl Winstead

အန်တီ Nancy ကအများချစ်ခင်ရတဲ့ အများကို ပျော်ရွှင်အောင်လုပ်ပေးတဲ့ လူတစ်ယောက်လို့ တူဖြစ်သူ John Moritz ကပြောပါတယ်။

အန်တီ Nancy ရဲ့ဘ၀တစ်ဝက်လောက်ဟာ ကိုရီးယားစစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ် ပန်းရံဆရာ တစ်ယောက်လည်းဖြစ်တဲ့ အန်ကယ် Bill ကိုချစ်တဲ့အချစ်တွေနဲ့သာ ကုန်ဆုံးခဲ့တာဖြစ်တယ်လို့ Cornelius ကပြောပြခဲ့ပါတယ်။

သူတို့စုံတွဲဟာ အလုပ်နားရက်လိုမျိုး ဒါမှမဟုတ် စေတနာ့ဝန်ထမ်းအလုပ်မရှိတဲ့အခါမျိုးတွေမှာ နှစ်ယောက်တည်း ဖဲကစားတာတွေလုပ်ရင်လုပ် မဟုတ်ရင် Tampa Bay တံတားနားကိုသွားပြီး လေညင်းခံကာ နှစ်ယောက်အတူ အချိန်တွေကိုကုန်ဆုံးကြတဲ့ စုံတွဲတစ်တွဲပဲ ဖြစ်ပါတယ်။

Thae Su

SHARE