သားဖြစ်သူအတွက် အိမ်နောက်ဖေးခြံထဲမှာ ရိုလာကိုစတာ ဆောက်ပေးခဲ့တဲ့ ဖခင်

Insider

အမျိုးသားတစ်ဦးဟာ သားဖြစ်သူရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ပေးတဲ့အနေနဲ့ အိမ်နောက်ဖေးခြံထဲမှာ ရိုလာကိုစတာတစ်ခု ဆောက်လုပ်ပေးခဲ့ကြောင်း huffpost သတင်းအရ သိရပါတယ်။ The Caution Zone လို့ အမည်ရတဲ့ ၄င်းရိုလာကိုစတာကိုတော့ ၀ီလ်ပမ်ဘယ်လ်ဆိုသူ အမျိုးသားက ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ပမ်ဘယ်လ်ရဲ့(၁၀) နှစ်အရွယ်သားဖြစ်တဲ့ လိုင်လီက ဖခင်ဖြစ်သူကို ခြံနောက်ဖေးထဲမှာ အပန်းဖြေဥယျာဉ်လေးတစ်ခုထားသင့်ကြောင်း၊ ရိုလာကိုစတာ ရှိရင်လည်းကောင်းမည်ဖြစ်ကြောင်း ပြောရာမှ ပမ်ဘယ်လ်ဟာ သားဖြစ်သူအတွက် ရိုလာကိုစတာကို ကိုယ်တိုင်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ လူစီးဖို့ အန္တရာယ်ကင်းတဲ့ ရိုလာကိုစတာတစ်စီးဖြစ်ဖို့ရာမှာ လုံခြုံရေးနဲ့ပတ်သက်ပြီး ကြိုတင်သတိထားရမယ့်အရာတွေလည်း ရှိပါတယ်။

Insider

ပမ်ဘယ်လ်ကတော့ ရိုလာကိုစတာစီးရတာဟာ ပျော်စရာဖြစ်ပေမယ့် နောက်ကွယ်မှာတော့ အများကြီးလုပ်စရာရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် သင်္ချာနဲ့ ရူပဗေဒပညာရပ်တွေကို အများကြီး အသုံးချရပါတယ်။ ရိုလာကိုစတာသွားတဲ့ပတ်လမ်းမှာ လမ်းကြောင်းဘယ်နှစ်ခုလိုမလဲ၊ အရှိန်ကို ဘယ်လိုထိန်းရမလဲစတဲ့ အချက်တွေကိုလည်း လေ့လာရပါတယ်။

READ
ဖောက်ပြန်တဲ့လင်နဲ့ အမြှောင်မယားကို အဖွဲ့လိုက်သွားရိုက်တဲ့မယားကြီး

အခုတွေ့မြင်ရတဲ့ ရိုလာကိုစတာကတော့ သစ်သား၊ PVC၊ စတီးလ်တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ပမ်ဘယ်လ်ရဲ့ ရိုလာကိုစတာဟာ ပေ (၁၈၀) အရှည်ရှိကာ (၁၀) ပေအမြင့်ရှိပြီး ကုန်ကျငွေ ဒေါ်လာ (၃,၅၀၀) ရှိတယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE