မိဘတွေဆီ စာပြန်မပို့မချင်း ဖုန်း Unclock ဖြစ်နေမယ့် App ကို တီထွင်လိုက်တဲ့ဖခင်

Nick Herbert Facebook

ဗြိတိန်ဖခင်တစ်ဦးဟာ App တစ်မျိုးကို တီထွင်လိုက်ပြီး ကလေးတွေရဲ့ဖုန်းအတွက် ရည်ရွယ်တယ်လို့ Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဲဒီ App ထည့်သွင်းထားတဲ့ ဖုန်းဟာ မိဘတွေဆီကို မက်ဆေ့ ပြန်မပို့မချင်း၊ Unclock ဖြစ်နေမှာပါ။ ဒီ App ကို တီထွင်လိုက်သူကတော့ Nick Herbert ဖြစ်ပြီး၊ အသက်(၄၇)ပါ။

သူဟာ ဒီ App အားဖြင့် သားဖြစ်သူရဲ့ဖုန်းကို မောင်ပိုင်စီးထားဖို့ ရည်ရွယ်တာဖြစ်ပြီး၊ ဖုန်းနဲ့ပတ်သက်လို့ အချိန်အများကြီး မဖြုန်းတီးစေဖို့ ရည်ရွယ်လိုရင်းလည်း ပါဝင်မှာပါ။ သားဖြစ်သူအနေနဲ့ ဖုန်းကို အသုံးပြုလိုရင် သူပို့ထားတဲ့မက်ဆေ့ကို မဖတ်မချင်း ဖုန်းကို အသုံးပြုခွင့် ရမှာ မဟုတ်ပါဘူးတဲ့။

Nick Herbert Facebook

နောက်ပြီး သားဖြစ်သူက မက်ဆေ့ကို မဖတ်မချင်း Alarm က မြည်နေမှာလို့ သိရပါတယ်။ ဒီ App ရဲ့အစွမ်းကြောင့် ဖုန်းကို Silent အနေအထားမျိုးမှာတောင် Alarm က မြည်နေမယ်လို့ ဆိုပါတယ်။ နောက်ပြီး ကလေးတွေအနေနဲ့ မိဘတွေကို မက်ဆေ့ မဖြစ်မနေ ပြန်ပို့မှ ဒီ Alarm က ရပ်သွားမှာပါ။

READ
သူငယ်ချင်းနဲ့စကားပြောနေစဉ် Iphone 7 တစ်လုံးပေါက်ကွဲသွားခဲ့

Nick ဟာ ဇနီးနဲ့ကွာရှင်းထားတဲ့ တစ်ခုလပ်ဖခင်တစ်ဦးဖြစ်ပြီး ပရောဂျက်မန်နေဂျာအဖြစ် အလုပ်လုပ်ကိုင်ပါတယ်။ သူဟီာလန်ဒန် Bromley မှာ နေထိုင်ပြီး၊ တစ်ခြားမိဘတွေအတွက်လည်း သူတီထွင်ထားတဲ့ RespondASAP ကို သုံးလို့ရကြောင်း ပြောပါတယ်။ အခုဆိုရင် Download လုပ်သူ (၂၅၀၀)ကျော် ရှိနေပါပြီတဲ့။

သူရဲ့ App ဟာ (၉၉)ပဲနိသာ ကျသင့်မှာဖြစ်ပြီး၊ ပြီးခဲ့တဲ့ (၂)လောက်ကတည်းက စတင်မိတ်ဆက်ခဲ့တာပါ။ Nick ဟာ ဒီ App ကို သားဖြစ်သူ Secondary ကျောင်းကိုစတက်ချိန်မှာ တီထွင်ဖို့စိတ်ကူးရှိခဲ့တာဖြစ်ပြီး၊ သူ့အနေနဲ့ ဖုန်းသုံးနေတာပဲဖြစ်ဖြစ်၊ ဗွီဒီယိုကြည့်နေတာပဲဖြစ်ဖြစ် တစ်နည်းနည်းကြောင့် စာမပြန်တာမျိုး မဖြစ်စေချင်လို့ပါလို့ ပြောပါတယ်။

ဒီ App ဟာ မိဘနဲ့သားသမီး နှစ်ဘက်စလုံး Download ဆွဲထားမှ အလုပ်လုပ်မှာဖြစ်ပြီး၊ ကလေးတွေ မိဘတွေက ပို့တဲ့မက်ဆေ့တွေကို အလေးထားစေခြင်းနဲ့၊ တစ်ခြား လုံခြုံရေးဆိုင်ရာ စိတ်ချရတဲ့ အနေအထားမျိုးဖြစ်စေဖို့ကိုလည်း အထောက်အပံ့ ပေးပါလိမ့်မယ်။

READ
ဒုတိယကမ္ဘာစစ်တွင်းက နစ်မြုပ်ခဲ့တဲ့ US စစ်သင်္ဘောကြီးကို (၇၆)အကြာမှာ ပြန်တွေ့

လင်းသုတ

SHARE