(၆)မီတာရှိတဲ့ ဒိုင်နိုဆောရုပ်ကြီး၊ အိမ်အထိ လာပို့သွားလို့ အံ့သြနေတဲ့ ဖခင်တစ်ဦးရဲ့အဖြစ်

Facebook/Andre Bisson

အင်္ဂလိပ်ရေလက်ကြားအတွင်း တည်ရှိတဲ့ Guernsey ကျွန်း၊ Jersey မြို့မှာ နေထိုင်တဲ့ အိမ်ထောင်ဦးစီး ကလေးဖခင်တစ်ဦးကတော့ သူတို့အိမ်ကို အရှည်(၆)မီတာရှိတဲ့ ဧရာမ ဒိုင်နိုဆောရုပ်တုကြီး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလို့ အတော်လေးကို အံ့သြနေပါတယ်။ အဆိုပါ အမျိုးသားရဲ့နာမည်မှာ Andre Bisson ဖြစ်ပါတယ်။

သူရဲ့ (၄)နှစ်အရွယ် သားလေးက ဒိုင်နိုဆောရုပ်ဝယ်ပေးဖို့ ပူဆာရာ၊ Andre က ဘယ်လို အရုပ်မျိုး လိုချင်တာလဲ မေးတော့ သားဖြစ်သူက “ အဖေ မြင်ဖူးသမျှထဲမှာ အကြီးဆုံး”ကို ဝယ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒါကြောက့် Andre ဟာ ပေါင်(၁,၀၀၀)အထိ သုံးပြီး သားဖြစ်သူ Theo အတွက် အရုပ်မှာပေးခဲ့ပါတယ်။

Posted by Andre Bisson on Monday, January 20, 2020

Andre ဟာ အရှည်(၃)မီတာရှိတဲ့ ဒိုင်နိုဆောရုပ် (Carnotaurus အရုပ်)ကို အွန်လိုင်းဈေးဝယ် Page တစ်ခုကနေ မှာယူခဲ့ပါတယ်။ ဒါပေမယ့် တကယ်ရောက်တော့ ကိုယ်မှာထားတဲ့အတိုင်း မဟုတ်ဘဲ မူလမှာယူထားတဲ့ မီတာပမာဏထက် (၂)ဆလောက် များနေခဲ့တာပါ။

Jersey မှာတည်ရှိတဲ့ Tamba Park က သူတို့ဆီမှာထားရှိတဲ့ အရုပ်အဟောင်းတွေကို ဈေးသက်သက်သာနဲ့ ပြန်ရောင်းနေကြောင်း Andre ရဲ့ဇနီးက လက်တို့သတိပေးခဲ့ရာက၊ သားဖြစ်သူ စိတ်ကြိုက်ဖြစ်စေမယ့် အရုပ်တစ်ခုကို မှာယူလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရောက်လာတဲ့အရုပ်က တကယ့်ကို ဧရာမကြီး ဖြစ်နေခဲ့တာပါ။

တကယ်တော့ ရောင်းတဲ့ဘက်က အားနည်းချက်တွေ ရှိခဲ့ပါတယ်။ သူတို့ရောင်းမယ့် ပစ္စည်းတွေကို ပုံလေးတွေနဲ့သာ ပြထားပြီး၊ တစ်ခြား အသေးစိတ်အချက်အလက် မဖော်ပြထားပါဘူးတဲ့။ ဒါကြောင့်လည်း သင့်တော်မယ်ထင်တဲ့ပုံတစ်ခုကို ရွေးချယ်ပြီး မှာယူခဲ့ရတာဖြစ်ကြောင့် Andre က ပြောပါတယ်။

Andre က “ ကျွန်တော် ဒီကောင်ကြီးက ကြီးတော့ ကြီးလိမ့်မယ်ဆိုတာကတော့ သိပါတယ် ကျွန်တော် ထင်ထားတာက… အများဆုံး 3m x 1.5m ရှိမယ်ပေါ့ … တကယ်တမ်းကျတော့ 5m x 2.3m အထိ ဖြစ်နေတယ် … “လို့ ပြောခဲ့ပါတယ်။ Delivery ကုမ္ပဏီက သယ်လာရမယ့်အရုပ်ကြီးဟာ လော်ရီကားနဲ့မဆန့်ဘူးလို့ ပြောမှ သူ ဒီကောင်ကြီးရဲ့ အရွယ်အစားကို သံသယရှိသွားတယ်လို့ ပြောခဲ့ပါတယ်။

One 👦 and his 🦖

Posted by BBC Guernsey on Thursday, 6 February 2020

အရုပ်ကြီးလာပို့တဲ့နေရာက Jersey မှာ မိုးသည်းထန်ခဲ့တာကြောင့် သယ်ယူရေးအပိုင်းမှာ အတော်လေး ခက်ခဲခဲ့သလို၊ အရုပ်ကိုလည်း ရေစိုသွားလို့ မူလအလေးချိန်ထက် ကျော်လွန်ပြီး (၂)တန်လောက်ထိ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ လူအားနဲ့ မနိုင်တော့လို့ JCB ကရိန်းကို ခေါ်ပြီး မယူ နေရာချထားခဲ့ရပါတယ်။

Andre ကတော့ ဒီအရုပ်ကြီးကို ရအောင်ဝယ်လိုက်ပြီး နာမည်ကိုတော့ Chaz လို့ အမည်ပေးခဲ့ပါတယ်။ ဒီအရုပ်ဟာ သား Theo အတွက် ခရစ္စမတ်လက်ဆောင် ဖြစ်ပါတယ်။ Tamba Park တာဝန်ရှိသူတွေကလည်း အရုပ်ပို့တာ နောက်ကျသွားတဲ့အတွက် တောင်းပန်တဲ့အနေနဲ့ ဒိုင်နိုဆောအရုပ်ငယ်လေးတစ်ခုကိုပါ လက်ဆောင်ပေးခဲ့ပါသတဲ့။

လင်းဇော်ကို

SHARE