မုန်းတီးတဲ့အရာတွေကို အခြေခံပြီး ချစ်သူရှာပေးမယ့် App အသစ်

သူစိမ်းတစ်ယောက်နဲ့ ချိန်းတွေ့ရမယ်သာဆိုရင် သင်တို့နှစ်ယောက်မှာ ပြောစရာ အကြောင်းအရာတွေအများကြီး ရှိနေမှ ဖြစ်မှာပါ။ တကယ်လို့ အဲဒီ့လူမကြိုက်တဲ့အရာကိုသာ သင်သိခဲ့တယ်ဆိုရင် ပိုပြီးလွယ်ကူမယ်လို့ တွေးမိပါသလား? ဒါကိုတွေးမိတဲ့ သူတွေက App အသစ်တစ်ခုကို တီထွင်ခဲ့ကြပါတယ်။ အဲဒီ့ App ကတော့ မကြိုက်တာချင်းတူတဲ့ လူနှစ်ယောက်ကို တွဲဖက်ပေးတဲ့ Hater လို့ခေါ်တဲ့ App လေးပါ။

ဒီ App လေးကို Feb 8 ရက်နေ့က စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ရွေးချယ်စရာအကြောင်းအရာတွေ အများကြီး ပါဝင်ပါတယ်။ ဥပမာ-ဆေးခြောက်၊ အစားအသောက်ပုံစံတွေက အစ သမ္မတဒေါ်နယ်ထရမ့်အကြောင်းက အဆုံး အကြောင်းအရာတွေ အများကြီးပါဝင်ပါတယ်။ ဒီအကြောင်းအရာတွေကို သဘောကျတဲ့သူတွေက ညာဖက်ကိုနှိပ်ပြီး မကြိုက်တဲ့သူက ဘယ်ဘက်ကိုနှိပ်ကြပါတယ်။ အဲဒီ့မှာ ရွေးချယ်မှုအလိုက်၊ ဝေဖန်ပုံချင်းတူညီတဲ့သူအချင်းချင်းကို စုပေးတဲ့ App ဖြစ်ပါတယ်။

READ
ထင်ထားတာထက်ပိုပြီးသင်ဟာရင့်ကျက်သူတစ်ယောက်ဖြစ်ကြောင်းပြသတဲ့အချက်များ

ဒီ App ကိုဟာသအနေနဲ့တီထွင်ခဲ့တာဖြစ်ပြီး CEO Brendan Alper က ညွှန်ကြားတာဖြစ်ပါတယ်။ သူဟာ အရင်အလုပ်ကနေထွက်ပြီး ဟာသစာရေးစရာအလုပ်ကို လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ “ဒီအကြံကိုစဉ်းစားလေ စဉ်းစားလေ တော်တော်ရယ်ရတဲ့ အကြံပဲဆိုပြီး သဘောကျမိလို့ပါ” လို့ သူကဆိုပါတယ်။

အကြိုက်ချင်းတူမှမဟုတ်ပဲ မကြိုက်တာချင်းတူရင်လည်း နီးစပ်တတ်ကြတယ်လို့ သုတေသနတစ်ခုမှာလည်း တွေ့ရှိထားပါတယ်။ ဒီတော့ ဒီ App လေးက မစွံသေးတဲ့သူငယ်ချင်းတွေအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ရပါတယ်။

Em Em(Auntymay)

SHARE