အမြွှာညီအစ်မအလား ထင်မှတ်မှားရတဲ့ သားအမိနှစ်ဦးရဲ့ အပြိုင်လက်ထပ်မင်္ဂလာပွဲ

Facebook/Trisha Duffy

အိုင်ယာလန်ဇာတိ၊ Aisling Cislikauskiene နဲ့ မိခင်ဖြစ်သူ Trisha Duffy တို့ဟာ သက်ဆိုင်ရာ ခင်ပွန်းတွေနဲ့ တစ်နေ့တည်းမှာ မင်္ဂလာပွဲအတူတူ ကျင်းပခဲ့ကြပြီး၊ မင်္ဂလာပွဲအပြီးမှာ ဟန်းနီးမွန်းခရီးကိုလည်း အတူတူ ထွက်ခဲ့ကြပါသတဲ့။ သူတို့သားအမိနှစ်ယောက်ဟာ Limerick မှာတည်ရှိတဲ့ Castletroy Park Hotel မှာ အတူတူ လက်ထပ်ပွဲ ဝင်ခဲ့ကြတာပါ။

ချစ်သူများနေ့မှာ တိုက်ဆိုင်ကျင်းပခဲ့တဲ့ အဲဒီလက်ထပ်ပွဲကိုတော့ ဖိတ်ကြားထားသူ (၁၅၀)လောက် တက်ရောက်ခဲ့ကြပါတယ်။ ဒီလို သားအမိနှစ်ယောက် အတူတူ လက်ထပ်ပွဲဝင်ခြင်းကတော့ သူတို့ တက်နိုင်သလာက်စုထားတဲ့ ငွေရေးကြေးရေး အခြေအနေကြောင့်လဲ ပါဝင်ပါတယ်။ Aisling ကတော့ အသက်(၃၅)ဖြစ်ပြီး မိခင် Trisha ကတော့ အသက်(၅၃)ပါ။

Facebook/Trisha Duffy

Aisling က အသက်(၃၈)နှစ်အရွယ် ခင်ပွန်း Marius နဲ့ လက်ထပ်ခဲ့ပြီး၊ မိခင် Trisha ကတော့ ဒုတိယအိမ်ထောင်အဖြစ် အသက်(၇၁)နှစ်အရွယ် Joe Fitzgerald နဲ့ လက်ထပ်ခဲ့တာပါ။ Aisling က “ သူတို့ လက်ထပ်ပွဲမှာ ကျွန်မတို့က ဖိတ်လည်း တက်မှာ မဟုတ်ဘူးဆိုပြီး ကျွန်မနဲ့ ခင်ပွန်းက သူတို့ကိုပြောခဲ့တယ် … ဒီလိုနဲ့ အတူတူ လက်ထပ်ပွဲဆင်နွှဲဖို့ ဖြစ်လာတာ ”လို့ ပြောပါတယ်။

Aisling က သူမအနေနဲ့တော့ ဒီပွဲဟာ ဘဝမှာ မှတ်မှတ်ရရအဖြစ်ဆုံး ပွဲလို့ ဆိုပါတယ်။ အကြောင်းကတော့ မိခင်နဲ့အတူ လက်ထပ်ပွဲဆင်နွှဲဖို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးလို့ပါတဲ့။ သူမဟာ Marius နဲ့ (၂၀၁၂)ခုနှစ်တုန်းက နိုက်ကလပ်တစ်ခုမှာ တွေ့ဆုံရင်းနီးခဲ့တာပါ။ (၂၀၁၆)မှာ သူက လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။

Facebook/Trisha Duffy
Facebook/Trisha Duffy

Joe နဲ့ Trisha တို့ကတော့ ပြီးခဲ့တဲ့(၃)နှစ်လောက်က သူငယ်ချင်းတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုနဲ့ သိခဲ့ကြတာဖြစ်ပြီး၊ (၂၀၁၉)ခုနှစ် ဇန်နဝါရီမှာ Joe က လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ ဆိုပါတယ်။ အခုလို အတူတူ လက်ထပ်ပွဲကျင်းပလိုက်ခြင်းဟာ သူတို့ စုံတွဲနှစ်တွဲအတွက်တော့ အတော်လေးကို စရိတ်စက သက်သာစေခဲ့ပါတယ်။ ကုန်ကျစာရိတ်ကိုလည်း မျှခံခဲ့ကြတာပါ။

Posted by Trisha Duffy on Thursday, February 20, 2020

အတူလက်ထပ်ဖို့ စိတ်ကူးကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ မိခင်က စပြီးရခဲ့တာပါတဲ့။ အရင်ဆုံး မိခင်ဖြစ်သူနဲ့ Joe တို့ လက်ထပ်ပွဲကို ပြီးစီးအောင် ကျင်းပပြီး၊ အဲဒီနောက်မှ သမီးဖြစ်သူနဲ့ Marius တို့က လက်ထပ်ခဲ့တာပါ။ အိမ်ကို ပြန်လုပြန်ချင်ဖြစ်နေတဲ့ ဧည့်သည်တွေ့ကိုတော့ ခေတ္တစောင့်ဆိုင်း သည်းခံပေးဖို့ ပြောရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလက်ထပ်ပွဲက သူတို့အတွက် ကြီးမားတဲ့ အမှတ်တရ ဖြစ်စေမှာပါ။

လင်းသူရိန်

SHARE