အမေဖြစ်သူက Engry emoji တွေချည်းပို့ခဲ့လို့၊ စိတ်မကောင်းဖြစ်ပြီး သေဆုံးခဲ့ရတဲ့ သမီး

Facebook/Angela Miah_

ကာလရှည် စိတ်ကျရောဂါ ခံစားနေရတဲ့ Shabina Miah အမည်ရ အမျိုးသမီးဟာ မိခင်ဖြစ်သူက သူမထံကို Engry emoji တွေ ဆက်တိုက် ပို့ပေးခဲ့တဲ့အတွက် စိတ်မသက်မသာ ခံစားခဲ့ရပြီး နှလုံးကြေကွဲ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူ အမည်ကတော့ Angela လို့ သိရပါတယ်။

Miah ဟာ Severe anxiety လို့ခေါ်တဲ့ စိတ်နှလုံးပြင်းထန်စွာ ကြေကွဲခြင်းအခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။ သူမဟာ သေဆုံးချိန်မှာ အသက်(၃၃)နှစ်ဖြစ်ပါတယ်။ သူမဟာ မသေခင် နာရီပိုင်းအလိုက ဆက်ကပ်ပွဲသွားကြည့်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ တင်ခဲ့ရာ မိခင်ဖြစ်သူက Engry emoji တွေ ပို့ခဲ့တာပါ။

Facebook/Angela Miah

ဒါပေမယ့် မိခင် Angela ရဲ့အပြောအရ သူမရဲ့ iPad ဟာ Error ဖြစ်ပြီး၊ Like emoji နှိပ်တာကို Engry emoji တွေ ဆက်တိုက် နှိပ်မိသလို ဖြစ်သွားခဲ့တာလို့ အကြောင်းပြပါတယ်။ နောက်ပြီး မနှစ်မြို့တဲ့အမူအယာ emoji တွေလည်း ရောက်သွားတယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူ Miah ဟာ သူမကို အနှောက်အယှက်ပေးခဲ့တယ်လို့ ယူဆပြီး မိခင် Angela ကို လူမှုကွန်ရက်ကနေ Block ပစ်လိုက်ပါတယ်။ မိခင်က သူမကို အထင်အမြင်လွဲမှားသွားတဲ့ Miah ဆီကို လူကိုယ်တိုင် သွားရောက်ရှင်းပြခဲ့ပေမယ့်၊ နှစ်ယောက်သား ဒီထက်ပိုကြီးကျယ်တဲ့ ပဋိပက္ခနဲ့သာ ကြုံရပါတော့တယ်။

အဲဒီနောက် နာရီပိုင်းအကြာ Miah ဟာ Macclesfield မှာတည်ရှိတဲ့ သူမရဲ့နေအိမ်ခုတင်ထက်မှာ သေဆုံးနေတာကို တွေ့ရပါတယ်။ ဆေးစစ်ချက်အရ သူမဟာ ရုတ်တရက်နှလုံးဖောက်ပြီး သေဆုံးခဲ့တာလို့ အဖြေထွက်ပေါ်ခဲ့ပါတယ်။ Miah ဟာ ယခင်က စိတ်ကျရောဂါ၊ ဆီးချိုရောဂါတွေနဲ့ ဆေးကုသမှုခံယူရဖူးသူဖြစ်ပါတယ်။ ဒါ့အပြင် အင်စူလင် အလွန်အကျွံသုံးစွဲမှုကြောင့်လည်း ဆေးရုံတက်ခဲ့ရသူပါ။

Facebook/Angela Miah

သူမဟာ ဆိုင်ကယ်နည်းပညာရှင် Luke Tomlinson နဲ့ လပ်ထပ်ခဲ့ပေမယ့်၊ တစ်ခြားအမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့လို့ ယခုနှစ်ဇန်နဝါရီလမှာ အိမ်ထောင်ရေး ကွဲခဲ့ကြပါတယ်။ အဲဒီနောက် Miah ဟာ Dave Brown ဆိုသူနဲ့ အတူနေခဲ့ရာ၊ ခင်ပွန်းဟောင်း Luke က သူတစ်ဝက်ပိုင်ဆိုင်နေဆဲအိမ်ကို ပြန်တက်လာလို့ ပြဿနာတွေ တက်ခဲ့ရပါသေးတယ်။ ဒါပေမယ့် Luke က အိမ်က ဆင်းပေးဖို့ ငြင်းဆန်ခဲ့ပြီး တစ်ခြားအခန်းမှာ အိပ်ခဲ့တာပါ။

ဖေဖော်ဝါရီ (၁၁)မှာ Luke အိမ်ပေါ်ကနေ ပြန်ဆင်းသွားခဲ့ပြီး၊ နောက်ထပ် (၂)ရက်အကြာမှာ Miah တစ်ယောက် မိခင်နဲ့ အထက်ပါပြဿနာတက်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အခုကိစ္စမှာ မိခင်ကြောင့် သေဆုံးတာလို့ ဆိုရမှာထက်၊ သူမကိုယ်တိုင်က ကာလရှည် စိတ်မချမ်းသာစရာတွေ ဆက်တိုက်ကြုံခဲ့တာတွေကလည်း တစ်နည်းတစ်ဖုံ ပတ်သက်နေမယ်လို့ ယူဆရပါတယ်။ နောက်ပြီး မသေခင်မှာ ဆေးလည်း သုံးထားသေးတယ်လို့ ဆေးစစ်ချက်အရ သိရပါတယ်။

လင်းသုတ

SHARE