စွန့်ပစ်ပလက်စတစ်တွေသုံးပြီး ကျောင်းသားတွေအတွက် ခုံတွေပြုလုပ်ပေးနေတဲ့ အင်ဂျင်နီယာ

ဖိလစ်ပိုင်က အင်ဂျင်နီယာတစ်ယောက်ကတော့ စွန့်ပစ်ပလက်စတစ်ပစ္စည်းတွေကို သုံးပြီး ကျောင်းသားတွေအတွက် စာရေးခုံနဲ့၊ ထိုင်ခုံတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ တစ်ခြားနိုင်ငံတွေအတွက်လည်း အတုယူဖွယ်ရာဖြစ်ပြီး၊ ဒီနည်းအားဖြင့် ကလေးတွေအတွက်လည်း အကျိုးရှိ၊ Recycle လည်းလုပ်ပြီးသားလည်းဖြစ်၊ သဘာဝပတ်ဝန်းကျင်လည်း ထိန်းသိမ်းပြီးသား ရောက်စေပါတယ်။

အင်ဂျင်နီယာအမျိုးသားရဲ့အမည်ကတော့ Winchester Lemen ဖြစ်ပြီး၊ သူဟာ Envirotech တစ်ယောက် ဖြစ်ပါတယ်။ သူဟာ Envirotech Waste Recycling (EWRI) လုပ်ငန်းစုကို လည်ပတ်နေပြီး၊ အခုဆိုရင် သူ့ရဲ့လုပ်ငန်းဟာ အတော်လေးကို အရှိန်ရနေပါပြီ။

Envirotech Website

မကြာသေးမီကပဲ ဧည့်သည်တစ်ယောက်က သူရဲ့ကျောင်းသားတွေအတွက် ခုံ(၂၀၀) မှာယူခဲ့သေးတယ်လို့ သိရပါတယ်။ Envirotech Waste Recycling (EWRI) လုပ်ငန်းမှာ ပလစ်စတစ်တွေကို သိုလှောင်ခြင်း၊ ဖြတ်တောက်ခြင်း၊ သန့်စင်ခြင်း၊ ပုံစံခွက်ဖြင့် မိုလ်လောင်းခြင်းတွေ ပြုလုပ်ကာ အရောင်ခြယ်ခြင်း၊ တပ်ဆင်ခြင်း စတာတွေကို တစ်ဆင့်ခြင်း ပြုလုပ်ရကြောင်း သိရပါတယ်။

Posted by Winder Recycling Company on Thursday, September 13, 2018

မြို့တော်ဝန်ကလည်း Green Fund အဖြစ် တည်ထောင်ပြီး၊ ပလက်စတစ်နဲ့စွန့်ပစ်ပစ္စည်းတွေ အမြန်ဆုံး လူ့အသုံးဆောင်အဖြစ် ပြန်လည်ထုတ်လုပ်နိုင်ရေး အားပေးအားမြှောက်ပြုနေတယ်လို့ သိရပါတယ်။ Lemen ရဲ့ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားချက်အရ သူဟာ ဒီလုပ်ငန်းကို (၂၀၁၀)ကတည်းက လည်ပတ်ခဲ့တာလို့ သိရပါတယ်။

Envirotech Website
Envirotech

ဖိလစ်ပိုင်ဟာ သမုဒ္ဒရာမှစွန့်ပစ်ပစ္စည်းအများဆုံး သောင်တင်ရာ တတိယအမြင့်ဆုံးနိုင်ငံဖြစ်ပြီး၊ ပလက်စတစ်သုံးစွဲမှုမှာလည်း အလွန်မြင့်မားနေဆဲဖြစ်ကြောင်း သိရပါတယ်။ Global Alliance for Incinerator Alternatives (GAIA) ရဲ့စစ်တမ်းအရ ဖိလစ်ပိုင်လူမျိုးတွေဟာ နေ့စဉ် ပလက်စတစ်ထုတ်ပိုးပစ္စည်း (၁၆၃)သန်း အသုံးပြုနေပြီးဈေးဝယ်ပလက်စတစ်အိတ် (၄၈)သန်း၊ ဖလင်ပြားအိတ် (၄၅)သန်းအထိ နေ့စဉ်အသုံးပြုနေလို့ တစ်ခြားနိုင်ငံတွေထက် ပလက်စတစ်အသုံးပြုမှုက ကြောက်ခမန်းလိလိ မြင့်တက်နေကြောင်း သိရပါတယ်။ သူတို့ရဲ့ ပလက်စတစ်အသုံးပြုမှုကို ပေနဲ့တွက်ချက်မယ်ဆိုပါက တစ်နှစ်မှာ မြို့တော်မနီလာကို ဖုံးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ မနီလာဟာ (၆၁၉.၆) စကွဲကီလိုမီတာ ကျယ်ဝန်းပါတယ်။

လင်းဇော်ကို (Shwemom)

SHARE