တစ်ခါက မိုက်ပြစ်တွေကြောင့် စိတ်ဆင်းရဲခဲ့ရတဲ့ ဖခင်အတွက် သားဂန်းစတားရဲ့ ပျော်ရွှင်စေပုံ

တစ်ချို့လူတွေဟာ တစ်ချိန်မှာ မကောင်းမှုတွေနဲ့ ကျင်လည်ခဲ့ပြီး ဖြတ်ကျော်ခဲ့ရတဲ့ အတွေ့အကြုံ၊ ဖြစ်ရပ်တွေကြောင့် ပိုကောင်းတဲ့ ဘ၀အတွက် အမြင်တွေ ပြောင်းလဲသွားတတ်ကြတယ်။ လူတွေနဲ့ အဆင်မပြေဖြစ်ခဲ့ဖူးတဲ့ သူတွေဟာ လူတွေကို ကောင်းကောင်းမွန်မွန် စတင် ဆက်ဆံလာတာ၊ ပိုပြီး အသိုင်းအ၀ိုင်းမှာ အားဖြည့်လာတာ စတဲ့ ကောင်းတဲ့ ပြောင်းလဲမှုတွေကို မြင်တွေ့ဖူးကြမှာပါ။

A.Muraly ဆိုတဲ့ တစ်ခါက ဂန်းစတားကြီးတစ်ယောက်ဟာ အခုဆို မသန်စွမ်းတဲ့ လူတွေကို အခကြေးငွေမယူဘဲ အကူအညီတွေပေးနေပါတယ်။

The Star TV

မလေးရှားနိုင်ငံသား Murlay ဟာ (၁၉၉၃) ခုနှစ် ပတ်ချာလည်တုန်းက ဂန်းစတားတစ်ယောက်ဖြစ်ခဲ့ပြီး Ketua Samseng လို့ လူသိများခဲ့ပါတယ်။ ပြစ်မှုများစွာကို ကျူးလွန်ပြီး ထောင်ထဲမှာ (၆)နှစ်လောက် နေခဲ့ရတယ်။ တိုက်ပိတ်တာတောင် ခံရသေးတယ်လို့လည်း သိရတယ်။

ထောင်ထဲမှာ ဒုက္ခများစွာကို ကျော်လွန်ရင်း နောက်ဆုံးမှာ သင်ခန်းစာရခဲ့ပြီး အဲ့ဒီ့နောက်မှာ ဘ၀သစ်စဖို့အတွက် ပြင်ဆင်ခဲ့တယ်။ ထောင်ကနေလွတ်တော့လည်း အလုပ်မရ၊ ပြတ်လပ်၊ မိသားစုတွေရဲ့ ယုံကြည်မှုတွေနဲ့လည်း ကင်းမဲ့နေပြန်တယ်။

“ဒုက္ခတွေ အကြီးအကျယ်ရောက်ပြီး ကိုယ့်ကိုကိုယ်လည်း သိပ်ရှက်မိတယ်။ မိသားစုတွေကို တင်မဟုတ်ဘူး၊ တစ်မျိုးလုံးကိုပါ ရှက်တယ်” လို့ သူက ဆိုပါတယ်။

READ
တီဗီရှိုးကြည့်ရင်း ဖခင်ဖြစ်သူနဲ့ စကားလက်ဆုံကျနေတဲ့ ကလေးငယ်လေး
The Star TV

တချိန်က မိုက်ပြစ်တွေကြောင့် စိတ်ဆင်းရခဲ့ရတဲ့ ဖခင်ဖြစ်သူကိုလည်း (၁၉၉၉) ခုနှစ်မျာ ကျရောက်တဲ့ အသက် (၅၀) ပြည့် မွေးနေ့အတွက် လက်ဆောင်တစ်ခုခု ပြန်လုပ်ပေးချင်ခဲ့တယ်။ အဲ့ဒါနဲ့ Batu လှိုဏ်ဂူတွေဆီ သွားပြီး မသန်စွမ်းတဲ့ ခရီးသွားတွေအတွက် အထမ်းဝန်ဆောင်မှုပေးတဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ သူငယ်ချင်းတွေကိုလည်း သူ့နဲ့အတူ ၀ိုင်းကူဖို့ အကူအညီတောင်းခဲ့သလို့ မသန်စွမ်းသူတိုင်းအတွက် (၂၇၂) ထစ်နဲ့ အထက်ရှိတဲ့ Batu လှိုဏ်ဂူကနေ ဘုရားကျောင်းသွားတဲ့လမ်းမှာ အထမ်းဝန်ဆောင်မှုပေးခဲ့ပါတယ်။ သုံးပတ်အကြာမှာ ပြန်လည် သွားရောက်ပြီး တောင်ခြေ တောင်ထိပ် နောက်ထပ် လူအယောက် (၅၀) ကို ထမ်းပို့ခဲ့တယ်။

အဖေဆို အလွန် ၀မ်းသာပြီး သူရဲ့ ကြင်နာမှုပြတဲ့ လုပ်ရပ်အပေါ် မျက်ရကျတဲ့အထိ ဖြစ်ခဲ့ကြောင်း Murlay ကို ဖွင့်ဟပါတယ်။

အဖေရဲ့ သူငယ်ချင်းတွေဆိုလည်း “ဒါ မင်းရဲ့ တခြား သား သမီးတွေ မလုပ်နိုင်ဘူး၊ ၀န်ကြီးချုပ်တောင် မလုပ်နိုင်ဘူး။ ဒါပေမယ့် သား လုပ်နိုင်တယ်” ဆိုပြီး ချီးကျုးခဲ့တယ်ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

READ
မတရားမြေသိမ်းခံရတဲ့ လူငယ်လေးကို ဂရုဏာခွန်အားနဲ့ ကယ်တင်ပေးခဲ့တဲ့ တောင်သူများ
The Star TV

အဲ့ဒီကစပြီး  Muraly ဟာ Tamil Helping Hands ဆိုတဲ့ NGO လုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မသန်စွမ်းသူတွေကို လှိုဏ်ဂူထိပ်ထိ ရောက်အောင် ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။ Thaipusam ဆိုတဲ့ ပွဲတော်အတွင်း ဘုရားဖူးခွင့်ရစေချင်တဲ့ ဆန္ဒကို အခြေခံပါတယ်။ အခုဆို Tamil Helping Heands မှာ အဖွဲ့ဝင် (၇၀၀) ကျော်ရှိနေပြီး အဖွဲ့ရဲ့ သက်တမ်းဟာ နှစ်(၂၀) တိုင်ခဲ့ပါပြီ။

“ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူမိပါတယ်၊ တစ်ချိန်က ကိုယ့်ကို ကြောက်ခဲ့တဲ့သူတွေဟာ အခုဆို ကိုယ့်ကို လေးစားတဲ့သူတွေဖြစ်နေပြီး” လို့ Muraly က ပြောပါတယ်။

Ref: FreeMalaysiaToday, World Of Buzz

Matthew (ShweMOM)
SHARE