နွေးထွေးပြီး သက်တောင့်သက်တာရှိလှတဲ့ အာတိတ်စက်ဝိုင်းထဲက မိသားစုဘ၀လေး

အာတိတ်စက်ဝိုင်းလို့ဆိုတာနဲ့ တချိန်လုံးနှင်းတွေ၊ ရေခဲတွေနဲ့ ဖုံးလွှမ်းနေတဲ့ ငြီးငွေ့ဖွယ် အရပ်လို့မြင်မိကြမှာပါ။ သုညအောက်ရောက်တဲ့ အပူချိန်အပြင် ရေခဲတမျှ အေးစက်နေတဲ့ လေအေးတွေနဲ့ နေပျောက်မထိုးနိုင်အောင် ရှိနေတဲ့ အာတိတ်စက်ဝိုင်းရဲ့  မြင်ကွင်းတွေက ကမ္ဘာရဲ့ မြောက်ဖျားအကျဆုံး အရပ်ဒေသတစ်ခုဆိုတာကို ပုံပေါ်စေပါတယ်။ ဒီလိုပတ်ဝန်းကျင်နဲ့ဆိုရင် အာတိတ်စက်ဝိုင်းမှာ လူတွေနေထိုင်လို့မရနိုင်ဘူးလို့ အများစုက ယူဆကြပါတယ်။

elitereaders
elitereaders

ဒါပေမယ့် မိသားစုလေးတစ်စုကတော့ ရေခဲတွေ ပတ်ပတ်လည်ဖုံးလွှမ်းနေတဲ့နေရာမှာ နွေးထွေးတဲ့ အိမ်လေးတစ်လုံးကို တည်ဆောက်ထားခဲ့ပါတယ်။ အိမ်လေးဟာ နော်ဝေးအပိုင် ဆန်ဟော်နိုရာကျွန်းမှာ ရှိပါတယ်။ အိမ်လေးကို အဆိုပါမိသားစုက အလွန်ကို သက်တောင့်သက်သာလေးနေထိုင်လို့ရအောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

elitereaders
elitereaders

အိမ်လေးဟာ ဖန်အမိုးခုံးပုံစံ သုံးထပ်ဒီဇိုင်းဖြစ်ပါတယ်။ အဆိုပါမိသားစုက (၂၀၁၃) ခုနှစ်ကတည်းက ၄င်းအိမ်လေးမှာ နေထိုင်ခဲ့ကြတာပါ။ အိမ်အတွင်းပိုင်းက (၂၅) ပေ အမြင့်ရှိပြီး အဆောက်အဦးတစ်ခုလုံးကို အုတ်သဲစတဲ့ သဘာဝပစ္စည်းတွေနဲ့ပဲ တည်ဆောက်ထားတာပါ။ နေရောင်ခြည်စွမ်းအင် အသုံးပြုနိုင်တဲ့ အဆောက်အဦဖြစ်တဲ့အပြင် အတွင်းပိုင်းအပြင်အဆင်ဟာ မြင်တွေ့ရတာ မျက်စိပသာဒ ရှိစရာပါ။

READ
အမျိုးသမီးတစ်ယောက်နဲ့ လင်းပိုင်တစ်ကောင်ကြားထဲက ထူးခြားလွန်းတဲ့ အချစ်ပုံပြင်
elitereaders
elitereaders

အိမ်လေးဟာ နှင်းဘောလုံးလေးတစ်လုံးပါပဲ။ အပြင်မှာက နှင်းတွေကျနေပေမယ့် အထဲမှာတော့ နွေးထွေးပြီး သက်တောင့်သက်သာရှိလှပါတယ်။ အိမ်ထဲမှာ အိပ်ခန်း(၅) ခန်းနဲ့ ရေချိုးခန်း(၂) ခန်းပါဝင်ပြီး လူဦးရေ (၆) ယောက်နေထိုင်ကြပါတယ်။ လိပ်ခုံးသဏ္ဍာန်အိမ်လေးက ဆီးနှင်းထူထပ်စွာ ကျဆင်းတာတွေ၊ လေပြင်းတိုက်တာတွေနဲ့ ပြင်ပက အေးခဲလှတဲ့ အအေးဒဏ်တွေကိုလည်း ခံနိုင်ပါတယ်။

elitereaders
elitereaders

ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ၄င်း လိပ်ခုံးအိမ်လေးထဲမှာ ဥယျာဉ်ကလေးနဲ့ ဖန်လုံအိမ်စိုက်ခင်းလေးတစ်ခုကိုပါ ဖန်တီးထားတာ ဖြစ်ပါတယ်။ ပန်းသီး၊ သခွားသီး၊ ချယ်ရီ၊ ဖရဲသီး၊ ခရမ်းချဉ်သီး၊ စပျစ်၊ ကီဝီနဲ့ အခြားဆေးဖက်ဝင်အပင်တွေကိုလည်း ဖန်လုံအိမ်လေးထဲမှာ စိုက်ပျိုးနိုင်ပါတယ်။ တစ်နှစ်လုံးမှာ (၃) လတာ နေကို မမြင်ရပေမယ့် သူတို့အတွက်တော့ ထူးခြားပြီး နှစ်လိုဖွယ်ရာကောင်းတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသောနေရာလေးပါလို့ အိမ်ရှင်တွေက ဆိုပါတယ်။

elitereaders
elitereaders

လင်းလင်း (ShweMom)

Ref: elitereaders

SHARE