လေယာဉ်မှူးဘ၀အကြောင်း ဖော်ပြရင်း Influencer ဖြစ်လာတဲ့ pilot မလေး

Instagram/Mariathepilot

ယောက်ျားတွေကြီးစိုးထားတဲ့ လေကြောင်းလိုင်းလောကမှာ မိန်းကလေးတွေနေရာရ အောင်မြင်လာဟာ ချီးကျူးဂုဏ်ယူစရာကိစ္စပါ ။ အခု အင်စတာဂရမ်မှာ follower ငါးသိန်းနီးပါးရှိတဲ့ လေယာဉ်မှူးမလေးက သူမဖြတ်သန်းနေရတဲ့ လေကြောင်းလောကအကြောင်းကို အင်စတာဂရမ်မှာ ဖော်ပြပေးရင်း  followerတွေ ပိုပိုတိုးလာခဲ့ပါတယ်။

Instagram/Mariathepilot

Fagerström ကသူ့ရဲ့အင်တာဂရမ် bioမှာ  “ဟိုင်းသူငယ်ချင်းတို့ ကျွန်မရှင်တို့ကို လေကြောင်းလိုင်းကမ္ဘာထဲ ခေါ်ဆောင်သွားချင်ပါတယ်လို့ ” ရေးသားထားပြီး၊ သူမကတိအတိုင်း အကောင့်ထဲမှာ သူမရဲ့အလုပ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို အမြဲတမ်းဝေမျှတတ်ပါတယ်။  ခရီးသွား tipလေးတွေကို ဝေမျှပေးတာ၊ သူ့အလုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြောပြတာနဲ့ ခရီးသွားတွေမသိနိုင်တဲ့ လေယာဉ်အတွင်းပိုင်း အကြောင်းအရာလေးတွေကိုပါ ဝေမျှပေးထားတာဖြစ်ပါတယ်။

Instagram/Mariathepilot
Instagram/Mariathepilot

လေယာဉ်မှူးတွေဆိုတော့ အလုပ်ချိန်မှာ အမြဲတမ်းကျော့မော့နေအောင် နေရထိုင်ရပေမယ့် သူတို့မှာ လည်း အခက်အခဲတွေရှိပါတယ်။ ပုံမှန်အချိန်ဇယားတွေနဲ့ အိပ်ချိန်နည်းပါးရတာတွေဟာ သူတို့ပုံမှန်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုပါ။ အိပ်ချိန်တွေကို ကောင်းကောင်းစီမံခန့်ခွဲဖို့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

Instagram/Mariathepilot

Fagerström က ပုံမှန်လေးပဲ အမျိုးသမီးလေယာဉ်မှူး life အကြောင်းလေးတွေကို ဝေမျှနေရာကနေ သူ့အင်စတာဂရမ်မှာ အခုလောက်ထိ followerတွေ များလာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါ့အတွက်လည်း အမျိုးသားတွေကြီးစိုးတဲ့လေကြောင်းလိုင်းနယ်ပယ်မှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လို ရင်ဘောင်တန်း ကြိုးစားနေတယ်ဆိုတာကို သူမရဲ့ followers အတွက် အရင်ထက်ပိုပြီးတော့ ဖော်ပြပေးလာခဲ့ပါတယ်။ လေယာဉ်မှူးတစ်ယောက်ရဲ့အခက်ခဲဆုံးအပိုင်းကို ပြောပါဆိုရင် အမြဲတမ်းပြောင်းလဲနေတဲ့သူမရဲ့အချိန်ဇယားတွေပါ။

 

လေယာဉ်မှူး တစ်ယောက်ဖြစ်ချင်တဲ့ မောင်လေးညီမလေးတွေကို အကြံပေးချင်တာကတော့ ‘တကယ်ဖြစ်ချင်တကယ်လုပ်ပါ။ လောကမှာ မဖြစ်နိုင်ဘူးဆိုတဲ့အရာမရှိပါဘူး။ လေယာဉ်သတင်းကျောင်းတွေကိုတက်ပါ။ ဒါပေမယ့် တစ်နှစ်(၂)နှစ်လောက်လောက်ကို့ရဲ့ social lifeကို မေ့ထားရလောက်တဲ့အထိ အရမ်းကိုကြိုးစားရုန်းကန်ရတာပါ။ ဒါပေမယ့်လည်း ကို့ပုခုံးမှာ ဘားတွေတက်လာတဲ့အခါ ရလာတဲ့ပီတိကတော့ သိန်းပေါင်းသောင်းချီတန်ပါတယ်လို့’ Fagerström က Business Insider ကိုပြောပြခဲ့ပါတယ်။ Fagerströmဟာ သူ့ချစ်သူကလည်း pilot တစ်ဦးဖြစ်တဲ့အတွက် တစ်ယောက်အကြောင်းတစ်ယောက်နားလည်ပြီး သူ့တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်းကိုအဆင်ပြေပြီးတော့ ဒါဟာ မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုလို့ ထင်တယ်လို့လည်း အချစ်ရေးအကြောင်းပါ ဝေမျှပေးခဲ့ပါတယ်။

Khaing Sandar

SHARE