နည်းပညာမြင့် F-35 C တိုက်လေယာဉ်ကို ပထမဦးဆုံး မောင်းနှင်ခွင့်ရမယ့် အမျိုးသမီး

US Navy Photos

အမေရိကန်ရေတပ်ရဲ့ ဗိုလ်တယောက်ဖြစ်တဲ့ ကက်သရင်းစတာ့ခ်ဟာ 5th Generation တိုက်လေယာဉ်အမျိုးအစားတခုဖြစ်တဲ့ F-35 C ကို မောင်းနှင်ပျံသန်းခွင့်ရမဲ့ ပထမဆုံးအမျိုးသမီးလေယာဉ်မှူးဖြစ်လာခဲ့တယ်လို့ အမေရိကန်ရဲ့ နာမည်ကျော် သတင်းစာ NY Post ရဲ့ ဖော်ပြမှုကြောင့် သိရပါတယ်။ အသက် (၂၄)နှစ်ပဲရှိသေးတဲ့ ကက်သရင်းစတာ့ခ် ဟာ F-35 C Lighting II လေယာဉ်အမျိုးအစားတွေကို မောင်းနှင်ဖို့အတွက် လေ့ကျင့်ရေးအစီအစဉ်တွေကို မကြာမီမှာစတင်ရတော့မှာ ဖြစ်ပါတယ်။

US Navy Photos

F-35 Lighting II တိုက်လေယာဉ်တွေကို Lockheed Martin ကော်ပိုရေးရှင်းက ၂၀၁၅ ခုနှစ်မှာ စတင်ထုတ်လုပ်တာဖြစ်ပြီး Stealth အမျိုးအစား တိုက်လေယာဉ်တွေဖြစ်ကာ လေယာဉ်ထုတ်လုပ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ (၅၇)သန်းခန့် ရှိပါတယ်။ F-35 တိုက်လေယာဉ်တွေကို အမေရိကန်စစ်တပ်မှာ လက်ရှိအသုံးပြုနေတဲ့ F-18 နဲ့ F-22 တို့နေရာမှာ အစားထိုးတော့မှာဖြစ်ပြီး အခုလို တိုက်လေယာဉ်မှူးအသစ်တွေကို လေ့ကျင့်ပေးနေတာပါ။ ကက်သရင်းစတာ့ခ် မောင်းနှင်ပျံသန်းရမဲ့ F-35 C အမျိုးအစားကတော့ လေယာဉ်တင်သင်္ဘောတွေမှာ အသုံးပြုဖို့အတွက် အထူးဒီဇိုင်းထုတ်ရေးဆွဲထားတဲ့ အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

US Navy Photos

ကက်သရင်းတယောက် အခုလိုရွေးချယ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး သူမရဲ့ဖခင်ဖြစ်သူ ဘတ်စတာ့ခ်က ‘အရမ်းအံ့သြဖို့ကောင်းတာပဲ။ သမီးအ တွက် ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ သမီးက အရာအားလုံးကို အကွက်စေ့စေ့ကြိုးစားတတ်သူဖြစ်လို့ ဒီလိုရွေးချယ်ခံရတဲ့သူ ဖြစ်လာ တယ်လို့ ထင်ပါတယ်’ လို့ ဆိုခဲ့ပါတယ်။ ကက်သရင်းဟာ အမေရိကန်ရေကြောင်းအကယ်ဒမီကနေ လေကြောင်းအင်ဂျင်နီယာ ဘာသာရပ်နဲ့ ၂၀၁၆ ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပြီးနောက် ၁၈ လကြာ လေယာဉ်မောင်းသင်တန်းတက်ရောက်ခဲ့အပြီးမှာ အခုလို F-35 C တိုက်လေယာဉ်တွေရဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှူးအဖြစ် ပျံသန်းခွင့်ပြုခံခဲ့ရတာဖြစ်ပါတယ်။

KYM

SHARE