ဝန်ကြီးချုပ်ကို လက်ဆွဲမနှုတ်ဆက်ဘဲ ခပ်ချေချေနေခဲ့လို့ နာမည်ကြီးနေတဲ့ မီးသတ်သမား

Twitter/SophieMcNeill

ဇန်န၀ါရီလ(၃)ရက်နေ့က သြစတြေးလျ ၀န်ကြီးချုပ် Scott Morrison နဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေဟာ တောမီး ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရတဲ့ Cobargo ရွာလေးကို သွားရောက်ပြီး မီးဘေးခံစားခဲ့ရတဲ့ ပြည်သူတွေ ကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ Cobargo ရွာလေးဟာ သြစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းက Bega Valley Shire ဒေသမှာ တည်ရှိပြီး (၂၀၂၀)ဇန်န၀ါရီ(၁)ရက်နေ့ New Year ညမှာ မီးဘေးဒဏ်ကြောင့် လူအများ အပြား သေဆုံးခဲ့ရတဲ့ ရွာလေးပါ။

ဝန်ကြီးချုပ်ဟာ Cobargo အရေးပေါ်ဌာနမှာ ခိုလှုံနေတဲ့ မီးဘေးဒုက္ခသည်တွေကို တွေ့ဆုံနှုတ်ဆက်ခဲ့တာပါ။ ဗီဒီယိုဖိုင်ထဲမှာတော့ ၀န်ကြီးချုပ်ဟာ အနားယူနေတဲ့ မီးသတ်သမားရဲဘော်ကြီးကို လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစား ခဲ့ပေမယ့် မီးသတ်သမားကြီးဟာ အဖက်မလုပ်ပဲ ခပ်ချေချေပုံစံနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ မီးသတ်သမားကြီးက “ ခင်ဗျားကို ကျွန်တော် လက်ဆွဲမနှုတ်ဆက်ချင်ဘူး” လို့လည်း ၀န်ကြီးချုပ်ကို ပြောခဲ့ပါ တယ်။ News.com.au ရဲ့ ဖော်ပြချက်အရတော့ မီးသတ်သမားကြီးရဲ့ နေအိမ်ဟာ တောမီးကြောင့် မီးလောင်ပြာ ကျခဲ့ရပြီး လတ်တလောမှာ နေစရာ အိမ်မရှိဖြစ်နေတယ်လို့ သိရပါတယ်။

ရှက်ကိုးရှက်ကန်း ဖြစ်သွားတဲ့ဝန်ကြီးချုပ်ဟာ အခြားမီးသတ်ရဲဘော်တစ်ဦးကို “ အဲ့ဒီလူအတွက် ကျွန်တော် စိတ်မကောင်းပါဘူးဆိုတာ ပြောပေးပါဦး။ သူ့ပင်ပန်းနေလို့ဖြစ်မှာပါ ” လို့ ပြောခဲ့ပေမယ့် မီးသတ်ရဲဘော်က “  သူ ပင်ပန်းလို့ မဟုတ်ပါဘူး။ မီးထဲမှာ သူ့အိမ်ပါသွားလို့ပါ” ဆိုပြီး ခပ်တည်တည်နဲ့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

READ
နိုက်အောက်ထွက်ရင်း အမူးလွန်ပြီး သူများအိမ်ထဲ ရုပ်တည်နဲ့ ၀င်အိမ်နေတဲ့သူ

 

Cobargo ရွာလေးကို ရောက်လာတဲ့ ၀န်ကြီးချုပ်ဟာ မီးသတ်ရဲဘော်တွေတင် မကပဲ ရွာခံတွေရဲ့ အမျက်ဒေါသနဲ့ ပါ ရင်ဆိုင်ခဲ့ရပါတယ်။ ရွာခံတွေဟာ ၀န်ကြီးချုပ်ကို “ အရှက်မရှိတဲ့လူ” ၊ “ တစ်နိုင်ငံလုံးကို မီးလောင်အောင် ပစ်ထားတဲ့လူ” စသဖြင့် ဒေါသတကြီးနဲ့ အော်ဟစ်ခဲ့ကြပါတယ်။

အမျိုးသမီးတစ်ဦးက ၀န်ကြီးချုပ်နား ကပ်ပြီး “ ကျွန်မတို့ ဒေသကို မီးဘေးဒဏ်က ကာကွယ်ဖို့ မီးသတ်ကား(၄) စီးပဲ ဘာလို့ ပေးထားတာလဲ။ ကျွန်မတို့တွေက ပိုက်ဆံ မရှိပေမယ့် ဖြူစင်တဲ့ စိတ်ထားတွေတော့ ရှိပါတယ် ၀န်ကြီးချုပ်ရယ်” လို့ ၀မ်းနည်းစွာ ပြောခဲ့တဲ့ ဗီဒီယိုဖိုင်ကိုလည်း သြစတြေးလျ ပြည်တွင်းသတင်း ဌာနေ တွက ဖော်ပြခဲ့ကြပါတယ်။

READ
အမျိုးသားဖြစ်သူ ဖောက်ပြန်မှာစိုးရိမ်လို့ ငယ်ပါကို ကတ်ကြေးနဲ့ ကိုက်ခဲ့တဲ့အမျိုးသမီး

 

သြစတြေးလျနိုင်ငံသား အများစုဟာ ၀န်ကြီးချုပ်ကို အထူးဒေါသထွက်နေပြီး အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်း လွန်းတာကြောင့် တောမီးဟာ ယခုအချိန်ထိအောင် မငြိမ်းသတ်သေးတာဖြစ်တယ်လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။

SHARE