Grab Food မှာ အစားအစာပို့တဲ့ Delivery သမားလေးတစ်ယောက်ကတော့ သူ့ရဲ့ တာဝန်ကျေပွန်လွန်းတဲ့ လုပ်ရပ်အတွက် လူမှုကွန်ရက်မှာ ချီးကျူးမှုတွေ ခံနေရပါတယ်။ အဆိုပါ Delivery သမားလေးဟာ မြစ်လယ်မှာရောက်နေတဲ့ Customer ဆီကို ခက်ခက်ခဲခဲ အစားအစာတွေ သွားပို့ခဲ့တာဖြစ်ပါတယ်။

သူ့အမည်ကတော့ Ake KB ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဧပြီလတုန်းက ဖြစ်ခဲ့တာပါ။ Ake ဟာ ထိုင်းလူမျိုးတစ်ဦးဖြစ်ပြီး၊ သူရဲ့ လူမှုကွန်ရက်ပေါ်မှာ အတွေ့အကြုံတွေ ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။ Ake ဟာ ကနဦးတုန်းက အစားအစာမှာယူသူရဲ့ နေရာပြ Pin က ရေလယ်ရောက်နေလို့ ဇဝေဇဝါ ဖြစ်နေပါသတဲ့။

အဲဒီတုန်းက ဒီ Customer အနေနဲ့ Pin ကို မှားယွင်းပေးပို့ခဲ့တာလို့ ယူဆခဲ့ပြီး အေးဆေးဆေးဆေး ဖြစ်နေခဲ့တာပါ။ နောက်တော့ နေရာထပ်မံအတည်ပြုခဲ့ရာမှာတော့ Customer က မူလ Pin ထောက်ထားတဲ့နေရာကိုပဲ ထပ်မံညွှန်းဆိုခဲ့တာပါ။

Customer က တကယ့်ကို ရေလယ်မှာ ရောက်နေခဲ့တာပါ။ သူဟာ လှေတစ်စီးပေါ်မှာရှိနေပြီး၊ Ake က ဖုန်းခေါ်လိုက်ချိန်မှာတော့ မဖြစ်မနေ ရေကူးရတော့မယ့်အဖြေကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရပါတယ်။ သူဟာ ဆိုင်ကယ်ကို မြစ်ရိုးဘေးမှာ ခေတ္တရပ်ပြီး၊ လှေအရင်ရှာရပါတယ်။
เชื่อหรือยังว่าแกร๊ปรับออเดอร์ทุกที่ เจองานนี้ไปบอกได้คำเดียวว่า #หยาบ!!! ตะหงิดใจแต่แรกละว่าทำไมหมุดปักอยู่กลางแม่น้ำ…
Posted by Ake KB on Friday, April 17, 2020
စက်လှေနဲ့ခေါက်ဆွဲလှည့်ရောင်းနေတဲ့ အဖိုးအဖွားမောင်နှံက လိုက်ပို့ပေးမယ်ပြောလို့ အဆင်ပြေသွားတာပါ။ သူဟာ စက်လှေခ ဘက်(၆၀) ပေးလိုက်ပြီး၊ အစားအစာပို့ခအတွက် ဘက်(၁၀၀) ပြန်ရရှိခဲ့ပါတယ်။ သူရဲ့ပို့စ်ဟာ Like ပြုလုပ်သူ (၇၃၀၀၀)အထိ ရှိခဲ့ပြီး၊ ပြန်လည်မျှဝေသူမှာ (၂၈၀၀၀)အထိ ရှိခဲ့ပါတယ်။
လင်းသူရိန်