ခရစ်စမတ်မရောက်ခင် ရည်းစားနဲ့ပြတ်မယ်ဆိုရင် ဒီသောကြာနေ့အထိပဲ ပြတ်ခွင့်ရှိသတဲ့

Unsplash-Kelly Sikkema

ဒါကတော့ အယူတစ်ခုပါ။ ခရစ်မတ်ဆိုတာ နိုင်ငံတိုင်းလိုလိုမှာတော့ အထွတ်အမြတ်ထားကြတဲ့ နေ့ထူးနေ့မြတ်တစ်ခုထဲမှာ ပါဝင်လို့နေပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ ခရာစ်ယာန်ဘာသာဝင်တော်တော်များများတို့မှာပေါ့။

တစ်နှစ်ပတ်လုံး မိသားစုတွေဘယ်လိုပဲ အလှမ်းဝေးနေနေ ပြန်ဆုံကြတဲ့နေ့၊ ဘယ်လောက်ပဲ အလုပ်များတဲ့သူဖြစ်ဖြစ် နားရတဲ့နေ့၊ ဘယ်လိုစိတ်ဆိုးဒေါသထွက်မှုတွေပဲရှိရှိ ခဏမေ့ထားကြရတဲ့နေ့ပါ။ ချစ်သူခင်သူတွေနဲ့ အေးအေးချမ်းချမ်းမေတ္တာရှေ့ထားပြီး ဖြတ်သန်းကြတဲ့ ကာလတစ်ခုဆိုရင်လည်း မမှားမပါဘူး။

Unsplash-Fred Moon

ဒါပေမဲ့ ကျွန်တော် Lad Bible မှာ သတင်းတစ်ပုဒ်ဖတ်ခဲ့ရတယ်။ အကယ်၍ ရီးစားနဲ့လမ်းခွဲမယ်ဆိုရင် ဒီသောကြာနေ့ဟာ ခရစ်စမတ်မတိုင်ခင်အချိန်မှာ အသင့်တော်ဆုံးပါပဲတဲ့လေ။ ကျွန်တော်ကတော့ အခုမှကြားဖူးတယ်။ ထူးလည်းထူးဆန်းတာကြောင့် ဗဟုသုတရစေဖို့အတွက် ကိုးကားဖော်ပြပေးလိုက်ပါတယ်။

ဒီဇင်ဘာဟာ ချစ်သူနှစ်ယောက်တို့ အချစ်တွေ ပိုတိုးတဲ့လလို့ဆိုကြပေမယ့်လို့ စစ်တမ်းကောက်ချက်တွေမှာတော့ လမ်းခွဲတာ အများဆုံးလအဖြစ် ရလဒ်ထွက်နေပါတယ်။ Hilarys.co.uk မှ တာဝန်ယူကာ စစ်တမ်းကောက်ခဲ့တာပါ။ လူပေါင်း ၂,၆၄၃ ယောက်ကို မေးခွန်းတချို့မေးခဲ့ပါတယ်။ အဓိကကတော့ ချစ်သူနဲ့ဘယ်လမှာ ပြတ်ခဲ့ကြသလဲပေါ့။ ၁၂ လ ထဲမှာ ရာခိုင်နှုန်းပြန်တွက်ကြည့်လိုက်တဲ့အခါ ဒီဇင်ဘာလ ဟာ ၂၇% နဲ့အများဆုံးရပ်တည်နေတာကို တွေ့လိုက်ရပါတယ်။

READ
ကိုယ့်ကိုနာကျင်စေခဲ့တဲ့ချစ်သူကို ဘယ်လိုမေ့ပစ်မလဲ

ဒီဇင်ဘာလမှာ ပြတ်ခဲ့တယ်ဆိုတဲ့ အတွဲတွေထဲကမှ ဘာကြောင့်လဲဆိုတာကို ပြန်လည်စီစစ်လိုက်တဲ့အခါကျတော့ ၅၇% ဟာ မချစ်တော့လို့ဆိုပြီး ဖြေထားခဲ့ကြပါတယ်။ တွဲလာတဲ့ကာလ ကြာလာလေ ရိုးလာလေဖြစ်တယ်ဆိုတာ လူ့သဘာဝအရလက်ခံပေးရမယ့်သဘောပါပဲ။ နောက်ထပ် ၄၄% ကတော့ ချစ်သူကဖောက်ပြန်လို့၊ ၂၆% ကတော့ ချစ်သူရဲ့အမူအကျင့်တွေကို သဘောမကျတော့လို့၊ နောက်ထပ် ၁၈% ကတော့ ပိုက်ဆံကိစ္စ အနာဂတ်ရေးရာအတွက် အဆင်မပြေတော့လို့၊ ၄% ကတော့ ခရစ်စမတ်မှာ အဆင်မပြေတော့လို့နဲ့ နောက်ဆုံး ၁% ကတော့ချစ်သူနဲ့ပတ်သက်သာပတ်သက်ကြောင်းတွေကို လက်ဆောင်ဝယ်ပေးရမှာ ကပ်စီးနဲလို့ပါတဲ့လေ။

[email protected]

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပြတ်ခဲ့တဲအချိန်တွေကတော့ ခရစ်စမတ်မတိုင်ခင် ၂ ပတ် ၃ ပတ်အလိုလောက်မှာဖြစ်ပါတယ်တဲ့။ ရက်တွေကိုလည်း ပျမ်းမျှချင်းပြန်တွက်ကြည့်လိုက်တဲ့အခါ ဒီနှစ်အတွက်တော့ ဒီဇင်ဘာလ ၆ ရက်နေ့ဟာ ရည်းစားနဲ့ဖြတ်မယ်ဆိုရင် အသင့်လျော်ဆုံးဖြစ်တဲ့ နောက်ဆုံးနေ့ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ခရစ်စမတ်နီးမှ ရည်းစားနဲ့ကောက်ဖြတ်မယ်ဆိုရင် ချန်ထားခံခဲ့ရတဲ့လူဟာ ခရစ်စမတ်နေ့ကြီးမှာ ဘယ်လိုမှ ပျော်ရွှင်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် အခုဖြတ်မယ်ဆိုရင်တော့ စိတ်ပြန်တင်းဖို့အတွက် ၂ ပတ်ကျော်အချိန်ရသေးတာကြောင့် အခုသောကြာနေ့ဟာ အသင့်လျော်ဆုံးနောက်ဆုံးနေ့ပါဆိုပြီး ဖတ်ခဲ့ရပါတယ်။

READ
အေးစက်နေတဲ့ Relationship လေးတွေ ပြန်ပြီးနွေးထွေးလာစေဖို့နည်းလမ်း(၅)ခု

ဒီဇင်ဘာပြီးရင်တော့ ချစ်သူတွေအပြတ်များဆုံးကာလက ဇန်နဝါရီလပါတဲ့။ ဘာကြောင့်ဆို တချို့သောသူတွေဟာ ပျော်ရွှင်ရမယ့် ခရစ်စမတ်ကာလမှာ လက်တွဲနေတဲ့ချစ်သူကို နောက်ဆုံးအနေနဲ့ အားနာပြီး ခရစ်စမတ်နေ့ကြီးမှာ စိတ်မဆင်းရဲစေချင်လို့ပဲဖြစ်ပါတယ်။

Unsplash-freestocks.org

ချစ်သူဆိုတာ တစ်သက်လုံး တစ်ယောက်တည်းကိုပဲချစ်၊ တစ်ယောက်တည်းနဲ့ပဲတွဲပြီး တစ်ယောက်တည်းနဲ့ပဲ ရိုးမြေကျတစ်သက်လုံးပေါင်းသင်းနေထိုင်သွားကြတယ်ဆိုတာ အခုခေတ်မှာတော့ မရှိသလောက်ရှားပါးနေပါပြီ။ ရုန်းကန်လှုပ်ရှားရတာကြောင့် ပင်ပမ်းမှုတွေ၊ ကိုယ့်ကိုယ်ကိုတောင် အချိန်မပေးနိုင်မှုတွေ၊ တိုးတက်လိုစိတ်တွေ၊ စီးပွားရေးအဆင်မပြေမှုတွေကြောင့် ဆင့်ကဲပြောင်းလဲလာတဲ့ လူတွေရဲ့စိတ်ဟာ အချစ်ရေးမှာ အများကြီး သက်ရောက်လို့နေနေပါတယ်။ ဒါကြောင့်လည်း အနောက်နိုင်ငံတွေမှာ အတူနေချစ်သူတွေ၊ နောက်ကျမှ လက်ထပ်တာမျိုးတွေနဲ့ ကွာရှင်းမှုတွေဆိုတာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာခဲ့ကြတာပါ။

Penny

SHARE