ရယ်ရွှင်ဖွယ်ပို့စ်တွေနဲ့အတူ တွစ်တာပေါ်မှာ ကျော်ကြားနေပြန်တဲ့ ကြောင်ကလေး

instagram/curiouszelda

ကြောင်ကလေးတွေရဲ့ချစ်စဖွယ်အပြုအမူလေးတွေနဲ့ ဟာလုပ်ရပ်လေးတွေဟာ လူတွေကို ပျော်ရွှင်စေပါတယ်။ အခုတစ်ခေါက်လည်း အွန်လိုင်းမှာ မကြာခင်ကမှ စတားဖြစ်လာတဲ့ ကြောင်လေးတစ်ကောင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူလေးကတော့ ဇယ်လ်ဒါဖြစ်ပါတယ်။ ဇယ်လ်ဒါရဲ့ ထူးခြားချက်က ဘယ်တော့ဖြစ်ဖြစ် သူ့ကြည့်လိုက်တိုင်း မျက်လုံးကြီးတွေ ပြုးပြီး အရာရာကို စူးစမ်းနေသလိုမျိုးပါ။

instagram/curiouszelda

နောက်ပြီးတော့လည်း ဇယ်လ်ဒါရဲ့ သခင်က ကဗျာလိုလို စာလိုလိုတွေပါ ရေးပြီး ဇယ်လ်ဒါရဲ့ ဓာတ်ပုံတွေနဲ့အတူ လိုင်းပေါ်တွဲတင်တက်တာကြောင့် ဇယ်လ်ဒါဟာ အခုဆိုရင် တော်တော်လူသိများနေပါပြီ။ အခုတွေ့ရတဲ့ဓာတ်ပုံတွေကတော့ boredpanda ကနေတဆင့် ကိုးကားထားတဲ့ ဇယ်လ်ဒါရဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။

twitter/curiouszelda
twitter/curiouszelda
instagram/curiouszelda

ဇယ်လ်ဒါရဲ့ သခင်ဖြစ်သူကတော့ သူမရဲ့အကြောင်းကို အခုလို ပြောပြပါတယ်။ “ဇယ်လ်ဒါရဲ့ မျက်နှာက ရယ်ရတယ်။ သူ့ကြည့်လိုက်တိုင်း အမြဲကြောင်တောင်တောင်နဲ့လေ။ သူက အားလုံးကို စိတ်ဝင်စားတယ်။ နေရာကျဉ်းကျဉ်းလေးတစ်ခု ရှိတယ်ဆိုရင်ပဲ အဲ့ဒီနေရာလေးထဲမှာ သူရအောင် ဆော့တတ်တယ်။”

READ
ခွေးလေးတစ်ကောင်ကြောင့် လုပ်ငန်းခွင်တစ်ခုလုံး ဗြောင်းဆန်ခဲ့ရတဲ့ ရယ်စရာအဖြစ်လေး

 

 

View this post on Instagram

 

Don’t forget to play with your loaf of bread.

A post shared by Curious Zelda (@curiouszelda) on

“သူနဲ့ ပတ်သက်ပြီး ဓာတ်ပုံရိုက်ရတာတော့ နည်းနည်း အခက်အခဲရှိတာပေါ့လေ။ သူက အငြိမ်နေတဲ့သူ မဟုတ်ဘူး။ လျှောက်သွားပြီး လျှောက်ဆော့နေတတ်တာ….”

ဇယ်လ်ဒါရဲ့ ပိုင်ရှင်အဆိုအရ ဇယ်လ်ဒါဟာ အသက်(၈) နှစ် သို့မဟုတ် (၉) နှစ်လောက် ရှိပြီလို့ သိရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဇယ်လ်ဒါရဲ့ ပိုင်ရှင်ဟာ သူမကို တိရစ္ဆာန်ဂေဟာလေးတစ်ခုကနေ ခေါ်ယူမွေးစားခဲ့တာ ဖြစ်ပါတယ်။

READ
နှစ်သစ်အနမ်းတစ်ပွင့်ကြောင့် ကမ္ဘာနဲ့ချီပြီးအရှက်ကွဲခဲ့ရတဲ့ အမျိုးသား
instagram/curiouszelda

“ဇယ်လ်ဒါက အကုန်စားတယ်။ တွေ့သမျှ မွှေနှောက်ပြီး လျှောက်စားတော့တာပဲ။ အိမ်ထဲမှာဆိုရင်တော့ ဇယ်လ်ဒါရှိလို့ ပိုးကောင်မွှားကောင်ဆိုရင် မတွေ့ရသလောက်ပဲ။ သူက ယင်ကောင်ဖမ်းတာလည်း အရမ်းတော်တာ။ သခင်ကိုလည်း ကပ်တယ်။ တစ်ခါတစ်လေ  လူတွေနောက် တစ်ကောက်ကောက်လျှောက်လိုက်နေရောပဲ။ တူတူပုန်းတမ်းဆော့ရမှန်းလည်း သူသိတဲ့အပြင် ပင်ပေါင်ဆော့တဲ့ ဘောလုံးဆိုရင်လည်း မိအောင် လိုက်ဖမ်းတတ်သေးတယ်…” လို့ ဇယ်လ်ဒါရဲ့ သခင်က ပြောပြခဲ့ပါတယ်။

instagram/curiouszelda

လင်းလင်း (ShweMom)

SHARE