ဂိမ်းကစားရာက ရတဲ့ပိုက်ဆံနဲ့ Ford Mustang ကားကြီးကိုတောင် ဝယ်နိုင်ခဲ့တဲ့လူငယ်

Instagram/solozsoloz

ဂိမ်းကစားခြင်းဟာ ကောင်းတယ်မကောင်းဘူး နှစ်ရှည်လများ ဝိဝါဒတွေ ကွဲပြားနေဆဲပါဘဲ။ မကောင်းဘူးလို့ တွေးတဲ့ဘက်က လူတွေကတော့ ဂိမ်းတွေရဲ့လွှမ်းမိုးမှုကနေ ဖြစ်ပေါ်လာတဲ့ ရာဇဝတ်မှုတွေ၊ ကျောင်းတွင်း ပညာရေးဆိုင်ရာ မှတ်တမ်းတွေကို ထောက်ပြကြမှာ ဖြစ်ပါတယ်။ ကောင်းတယ်လို့ တွေးတဲ့လူတွေဘက်ကတော့ ဂိမ်းကစားတာက စိတ်တည်ငြိမ်တယ်၊ ဉာဏ်ကောင်းစေတယ် စသဖြင့် ထောက်ပြကြမှာပါ။

 

View this post on Instagram

 

Terima kasih @nrddynrsl tolong tangkapkan gambar kat @thehjmotors

A post shared by Faris Zakaria (@solozsoloz) on

အခုလည်း အမျိုးသားတစ်ဦးကတော့ ဂိမ်းကစားခြင်းကြောင့် Ford Mustang ကားကြီးကိုတောင် ဝယ်ပြီးစီးနိုင်ခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ မလေးရှားနိုင်ငံသားဖြစ်ပြီး၊ နာမည်ကြီးတဲ့ Esports Gamer တစ်ဦးပါ။ အမည်အရင်းကတော့ Faris Zakaria ဖြစ်ပြီး၊ လူသိများတဲ့နာမည်ကတော့ Soloz ဖြစ်ပါတယ်။

သူဟာ PUBG နဲ့ Mobile Legends ဂိမ်းတွေကို အွန်လိုင်းမှာ Streaming လုပ်ရင်း ခိုင်မာတဲ့ ဝင်ငွေတစ်ရပ်ကို ရရှိခဲ့ပါတယ်။ ဂိမ်းကစားရာမှာ ထူးချွန်တဲ့ Soloz ဟာ Malaysian Esports Team တစ်ခုဖြစ်တဲ့ Team Bosskurr မှာ အသင်းဝင်တစ်ဦးဖြစ်ပြီး၊ (၂၀၁၉) ဖိလစ်ပိုင်ဆီးဂိမ်းမှာတုန်းက သူတို့အသင်းဟာ ကြေးတံဆိပ် ဆွတ်ခူးရရှိခဲ့ပါတယ်။

 

View this post on Instagram

 

Goodluck boys

A post shared by Faris Zakaria (@solozsoloz) on

ဒီအောင်မြင်မှုကြောင့် မလေးရှားမှာ Esports သမားတွေ အမြောက်အများ တက်ကြွလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၄)ရက်ကပဲ Soloz ဟာ Bangsar ကားပြခန်းကနေ Ford Mustang ကားတစ်စီး ဝယ်ယူနိုင်ခဲ့ပါတယ်။ ထူးခြားတာက Soloz ဟာ ကားပြခန်းကို သာမန်ညှပ်ဖိနပ်ကလေးနဲ့ပဲ သွားရောက်ခဲ့တာပါ။

သူဟာ စိတ်ကြိုက်ကားကို ဇန်နဝါရီ(၂၈)ရက်မှာ သွားရောက်ကြည့်ရှုခဲ့ပြီး၊ အဲဒီနောက် တစ်ပတ်လောက်အကြာမှာပဲ သူစိတ်ကြိုက် Ford Mustang GT500 ကားကို ဝယ်ယူခဲ့ပါတယ်။ အသုံးပြုခဲ့တဲ့ပိုက်ဆံတွေက သူ Esports ကစားသမားဘဝနဲ့ သန့်သန့်လေး ရှာထားတဲ့ ငွေဖြစ်ပါတယ်။ သူဟာ ကားဝယ်လိုက်တဲ့ဓာတ်ပုံတွေကို သူရဲ့ အင်စတာဂရမ်အကောင့် @solozsoloz ကနေ ပြန်လည်မျှဝေခဲ့တာပါ။

 

View this post on Instagram

 

Ok selesai

A post shared by Faris Zakaria (@solozsoloz) on

ရှေးယခင်တုန်းကတော့ ဂိမ်းကစားတဲ့ ကလေးတွေပေါ် လူတွေ အမြင်တစ်မျိုးရှိခဲ့ပေမယ့် အခုအခါမှာတော့ ဂိမ်းကစားခြင်းကနေ ငွေလည်း ရှာလို့ရပါလားဆိုတဲ့အမြင်ကို ပြောင်းလဲစေမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ဂိမ်းကို အပျော်သက်သက်နဲ့ ကစားနေသူတွေအဖို့လည်း အပျော်ဘဝမှာပဲ ရပ်တန့်မနေဘဲ ပရိုဘဝကိုရောက်ဖို့ ကြိုးစားသင့်ကြောင်း ယူဆမိပါတယ်။

လင်းဇော်ကို

SHARE