ဘယ်လောက်စားစား ပိန်နေသူတွေရဲ့ ထူးခြားတဲ့ ဗီဇပိုင်းဆိုင်ရာ အမူအကျင့်

ဘယ်လောက်စားစား၊ ဘာတွေပဲစားစား ပိန်မြဲအတိုင်းပိန်ပြီး ၀မလာတတ်တဲ့ သူတွေကို တွေ့ဖူးမှာပါ။ သူတို့တွေနဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေဟာ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ထိုသူတွေဟာ သာမန်လူတွေနဲ့မတူတဲ့ မျိုးဗီဇတွေကို ပိုင်ဆိုင်ထားတာကြောင့် တစ်ဘ၀လုံး ၀ိတ်မတက်ပဲ ကိုယ်ခန္ဓာအလေးချိန်ဟာ တချိုးတည်း သွားနေတယ်ဆိုတာကိုပါ။

pexels

သိပ္ပံပညာရှင်တွေ တွေ့ရှိရတာက လူတွေမှာ ပိန်တဲ့မျိုးရိုးဗီဇတွေကို အမွေဆက်ခံရနိုင်ကြောင်းနဲ့ အထူးသဖြင့် ထိုသူတွေမှာ ၀ခြင်းနဲ့ အ၀လွန်ခြင်းကို ဖြစ်ပေါ်စေတဲ့ မျိုးဗီဇတွေ အလွန်နည်းပါးကြောင်း သိရပါတယ်။ အင်္ဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ်မှ သုတေသနပညာရှင်တစ်ဦးကတော့ “ကျန်းမာပြီး ပိန်တဲ့သူတွေဟာ အစကတည်းက ပိန်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော သူတို့ဆီမှာ အ၀လွန်ခြင်းကိုဖြစ်စေတဲ့ မျိုးဗီဇတွေအရမ်းနည်းပါးတာကြောင့် ဖြစ်ပါတယ်…” လို့ ဆိုပါတယ်။

pexels

သုတေသနပညာရှင်တွေဟာ ပိန်တဲ့သူပေါင်း (၁,၆၂၂) ၊ အ၀လွန်သူပေါင်း (၁,၉၈၅) နဲ့ ပုံမှန်ကိုယ်အလေးချိန်ထိန်းထားတဲ့သူပေါင်း (၁၀,၄၃၃) တို့ကို လေ့လာခဲ့ပါတယ်။ သူတို့တွေရဲ့ မျိုးရိုးဗီဇတွေ အလုပ်လုပ်ပုံနဲ့ နေ့စဉ်လူနေမှုစနစ်တွေကိုပါ ကြည့်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအခါမှာ ပညာရှင်တွေ တွေ့ရှိခဲ့တာက အ၀လွန်သူတွေရဲ့ မျိုးဗီဇပိုင်းဆိုင်ရာ အန္တရာယ်ရှိမှုဟာ ပိန်တဲ့သူတွေထက် ပိုများနေတယ်ဆိုတာကိုပါ။ ခန္ဓာကိုယ်ပိန်တဲ့သူတွေမှာ အ၀လွန်ခြင်းကို ဖြစ်ပေါ်စေတဲ့ မျိုးဗီဇပြောင်းလဲမှုနှုန်းတွေ နည်းပါးနေတာကို တွေ့ခဲ့ရပါတယ်။

READ
ကိုယ်ချစ်ရတဲ့သူငယ်ချင်းက ကိုယ့်မကောင်းကြောင်းတွေကို ပြောနေခဲ့သူဖြစ်မယ်ဆိုရင်...
pexels

အထူးသဖြင့် ပိန်တဲ့သူ(၇၄) ရာခိုင်နှုန်းဟာ ပိန်သွယ်ပြီး ကျန်းမာတဲ့ မိသားစုမျိုးရိုးက ဆင်းသက်လာတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ ဒီလိုဆိုလို့ ပိန်တဲ့ မျိုးရိုးက ဆင်းသက်လာတိုင်း အားလုံးပိန်ကြမှာလားဆိုတော့လည်း မဟုတ်နိုင်ပါဘူး။ တစ်ခါတစ်လေမှာတော့ မျိုးရိုးက ပိန်ပေမယ့် လူတစ်ယောက်ရဲ့ ပိန်တာ၊ ၀တာတွေဟာ ကိုယ်ခန္ဒာအတွင်းက ဇီဝဖြစ်စဉ်စနစ်နဲ့ လေ့ကျင့်ခန်း၊ အဆီပါဝင်နှုန်းများတဲ့ အစားအစာတွေကို ရှောင်ကြဉ်နိုင်မှုတွေနဲ့ပါ ဆက်စပ်လျက် ရှိနေတယ်လို့ သိရပါတယ်။

pexels

သုတေသနပညာရှင်တစ်ဦးကတော့ “ပိန်တဲ့ လူတွေဟာ အကြောင်းရင်းအမျိုးမျိုးကြောင့်လည်း ပိန်နိုင်ပါတယ်။ အချို့လူတွေကတော့ အစားအသောက်မှာ လုံးဝကို စိတ်မ၀င်စားတာ၊ တချို့ကျတော့လည်း ကြိုက်တာစားပြီး ပိန်နေတာ၊ ဒါမျိုးတွေ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ၀ိတ်အတက်မြန်တာကို ဖြစ်စေတဲ့ မျိုးဗီဇတွေကို ရှာနိုင်မယ်ဆိုရင် အ၀လွန်တဲ့သူတွေအတွက် အင်မတန်အဆင်ပြေပါလိမ့်မယ်။ အ၀လွန်စေတဲ့ ဗီဇတွေကို တွေ့ရှိပြီဆိုရင် ဒါတွေကို ချေဖျက်ဖို့ ကျွန်တော်တို့ ၀ိတ်ချမယ့် နည်းလမ်းသစ်တွေကို အသုံးပြုနိုင်ပြီး အ၀လွန်နေတဲ့သူတွေကို အကူအညီပေးနိုင်ပါလိမ့်မယ်….” လို့ PLOS Genetics ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

READ
ညီညွှတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်

လင်းလင်း (ShweMom)

Ref: sciencealert

SHARE