အသက်(၂၁)နဲ့ ဘွဲ့နှစ်ခု၊ အိမ်တစ်လုံး၊ PhD တက်နေဆဲအခြေအနေ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး

Instagram/PAKEEZAH_ZUBAIRI

လူတစ်ယောက် တော်တယ်၊ ထက်မြတ်တယ်ဆိုတာကို ဘာပေတံနဲ့ တိုင်းမလဲ …?။ လူတိုင်းမှာ စံထားတဲ့ ပေတံချင်းတော့ တူညီမှာ မဟုတ်ပါဘူး။ လူတစ်ယောက် တော်တယ်၊ ထက်မြတ်တယ်ဆိုတဲ့ အရည်အအချင်းကို အရွယ်တစ်ခု အပိုင်းအခြားနဲ့ စံထိုးကြည့်တဲ့အခါ အနည်းဆုံးတော့ လက်ခံနိုင်လောက်မယ်လို့ ယူဆရပါတယ်။

သူ့အသက်(၃၅)နှစ်လောက်မှာ ကိုယ်က သူ့လောက် ပညာရေး၊ စီးပွားရေးဘက်မှာ မယှဉ်နိုင်ဘူး၊ တစ်ခုခု လိုနေတယ်လို့ ခံစားရရင် အဲဒီလူဟာ တစ်ခြားလူတွေထက်အသာထား သင့်ထက် ပိုတော်နေတယ်၊ ပိုထက်မြတ်နေတယ်ဆိုတာကို သင် လက်ခံနိုင်ပါလိမ့်မယ်။ ဒီအရွယ်မှာ ကိုယ်က သူ့ထက် အဖက်ဖက်က သာနေတယ်ဆိုရင်တော့ သင်ဟာ သူ့ထက် တော်တဲ့ထက်မြတ်တဲ့လူတစ်ယောက်ဆိုတာ ကျေနပ်စေပါလိမ့်မယ်။

 

 

View this post on Instagram

 

Oops, I did it again… 🎓🎉 #youngestgraduate #MBAat19

A post shared by Pakeezah Zubairi (@pakeezah_zubairi) on

အခုလည်း အမျိုးသမီးတစ်ယောက်ဟာ အသက်(၂၁)နှစ်အရွယ်မှာ ဘွဲ့နှစ်ခု၊ အိမ်တစ်လုံးအပြင် မကြာခင်မှာ PhD ဆိုတဲ့ ဘွဲ့ထူးကြီးကိုပါ ပိုင်ဆိုင်တော့မှာ ဖြစ်ပါတယ်။ သူမရဲ့အမည်ကတော့ Pakeezah Zubairi ဖြစ်ပါတယ်။ သူမဟာ ဖလော်ရီဒါမှာ နေထိုင်သူဖြစ်ပါတယ်။

 

 

View this post on Instagram

 

Christmas Eve🎄

A post shared by Pakeezah Zubairi (@pakeezah_zubairi) on

Zubairi ဟာ အလယ်တန်းကျောင်းပြီးဖို့ (၁၈)လသာ အချိန်ပေးခဲ့ရပါတယ်။ အဲဒီနောက် တက္ကသိုလ်တက်ရောက်ခွင့် အာမခံချက်ရရှိခဲ့ပြီး၊ စိတ်ပညာအထူးပြု တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ မတက်ခင်မှာပဲ သင်တန်းတစ်ဝက် ပြီးပြီးသား ဖြစ်နေလို့  အသက်(၁၉)နှစ်အရွယ်မှာ စိတ်ပညာဘွဲ့ရရှိခဲ့ပါတယ်။

မကြာမီမှာပဲ Human Resources Management အထူးပြုဘာသာရပ်နဲ့ MBA ဘွဲ့ ရရှိခဲ့ပါတယ်။ ဒီစံချိန်ဟာ Lynn University တက္ကသိုလ်ကနေ MBA ဘွဲ့ကို အသက်အငယ်ဆုံးရရှိတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူမဟာ အသက်(၂၀) ပြည့်လုပြည့်ခင်မှာပဲ ဒီဘွဲ့ကြီးကို ပိုင်ဆိုင်ခဲ့တာပါ။

 

 

View this post on Instagram

 

Escaping toxic, jealous old people

A post shared by Pakeezah Zubairi (@pakeezah_zubairi) on

အခုဆို PhD (Industrial Organisational Psychology)တန်းကို ဆက်တက်နေပြီဖြစ်ပြီး၊ သင်တန်းတစ်ဝက်ကျိုးနေပါပြီ။ ဒါကြောင့် သူမအနေနဲ့ ဒီဘွဲ့ကြီးကိုလည်း အသက်ငယ်ငယ်နဲ့ စံချိန်တင် ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုတွေကြားမှာ သူမဟာ အလုပ်အကိုင် မယ်မယ်ရရလည်း ရှိနေခဲ့တာကြောင့် အိမ်တစ်လုံးကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

 

 

View this post on Instagram

 

In the sky, does it ever get lonely?

A post shared by Pakeezah Zubairi (@pakeezah_zubairi) on

သူမရဲ့ချစ်သူ Steven ကလည်း အလုပ်အကိုင်ရှိသူဖြစ်ပြီး၊ နှစ်ဦးသား ခေါက်ဆွဲခြောက်စားပြီး ပိုက်ဆံအပိုဆုခဲ့ကြတာလို့လည်း ဆိုပါတယ်။ သူမဟာ စည်းကမ်းတင်းကြပ်တဲ့ ဘာသာရေးအဝန်းအဝိုင်းမှာ ကျင်လည်ခဲ့ရသူဖြစ်လို့ မိဘတွေက မကြည်ဘူးလို့ ဆိုပါတယ်။ PhD ပြီးရင်တော့ ခဏ အနားယူဦးမယ်လို့ ဆိုပါတယ်။

လင်းသူရိန်

SHARE