Graduation Party အစား အိမ်ခြေမဲ့တွေအတွက် Pizza Party ကျင်းပခဲ့တဲ့ မိန်းကလေး

Twitter/Star of Hope

ကြင်နာစိတ်ရှိတဲ့ မိန်းကလေးတစ်ဦးဟာ သူမရဲ့ အထက်တန်းအောင်မြင်ပြီးနောက် သူငယ်ချင်းတွေနဲ့ အိမ်မှာ ပါတီလုပ်မယ့်အစား အိမ်ခြေမဲ့ ကလေးတွေနဲ့ အမျိုးသမီးအတွက် Pizza Partyကို Hustonမြို့မှာရှိတဲ့ Star of hope Centre မှာ ပြုလုပ်ခဲ့ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်ကတော့ သူငယ်ချင်းတွေနဲ့ ပါတီလုပ်ပြီး ပျော်ပါးမယ့်အစား မရှိတဲ့သူတွေကို ဒီလိုမျိုးလေးလုပ်းပေးရတာ စိတ်ချမ်းသာကြောင်း ပြောခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ (၂၀၁၉)ခုနှစ် ဇွန်လအတွင်းမှာ ဖြစ်ပွားခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Waltrip High School မှ ဘွဲ့ရတဲ့အချိန်မှာ သူမိဘတွေကနေပြီး သူငယ်ချင်းတွေနဲ့ အိမ်မှာ Partyလုပ်မလား ဒါမှမဟုတ် အိမ်ခြေရာမဲ့တွေအတွက် Pizza Partyလုပ်မလားဆိုတဲ့ ခေါင်းစဉ်အောက်မှာ Leanne Carrascoဆိုတဲ့ ကောင်မလေးဟာ အိမ်ခြေရာမဲ့တွေအတွက် Pizza Partyကို ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။

Twitter/Star of Hope
Twitter/Star of Hope

Carrasco ဟာ Star of Hope’s Women and Family Development Centerမှာ စေတနာဝန်ထမ်းအနေနဲ့ လုပ်နေတာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်ပါတယ်။ ဒီPizza Partyမှာတေ့ Carrascoဟာ ပီဇာအချပ်ပေါင်း၉၀ကျော်နဲ့ သန့်ရှင်းရေးအိတ်အကြီး ၄၀၀ကျော်ကို Centreမှာ ဝေငှခဲ့ပါတယ်။လူတစ်ယောက်ဆီကို ပီဇာအချပ်ကြီးတစ်ဝက်နဲ့ အိတ်နှစ်လုံးရရှိခဲ့ပါတယ်။

Carrascoကတော့ ရှေ့လျှောက်ဘဝမှာလည်း အကူအညီလိုအပ်တဲ့သူတွေကို တက်နိုင်သလောက်ကူညီရင်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားမယ်လို့ သိရပါတယ်။ အခုလက်ရှိမှာလည်း Lowaပြည်နယ်ရှိ Briar Cliff Universityမှာ သူနာပြုဘာသာရပ်နဲ့ တတ်ရောက်မှာဖြစ်ပြီး အရမ်းကူညီတတ်တဲ့သူနာပြုမလေးတစ်ယောက်ဖြစ်ချင်ကြောင်း ထုတ်ပြောခဲ့ပါတယ်။

 

READ
ခွေးကြီးဖရက်ဒ်ရဲ့ ရင်ငွေ့ကိုလှုံရင်း ပျော်နေကြရှာတဲ့ မိဘမဲ့ ဘဲပေါက်လေးများ

Pyi Hein Kyaw

SHARE