ပန်းချီကားရောင်းရသမျှ ပိုက်ဆံကို ပရဟိတအသင်းတွေထံ ပြန်လှူနေတဲ့ ကောင်မလေး

Instagram/DaisyWattArt

အသက်(၁၀)နှစ်သာရှိသေးတဲ့ ကလေးမလေးတစ်ယောက်ကတော့ ပန်းချီဘက်မှာ အထုံပါရမီ ပါလာခဲ့သူတစ်ယောက်ပါ။ အခုဆိုရင် သူမဟာ အဆင့်မြင့်ရှုခင်းလက်ရာတွေကို ဖန်တီးနေရင်း၊ ရရှိတဲ့ငွေတွေကို ပရဟိတအသင်းမှာ ပြန်လှူနေတယ်လို့ Daily Mail သတင်းစာက ဖော်ပြခဲ့ပါတယ်။

 

 

View this post on Instagram

 

Mini-Monet 👩🏼‍🎨 @dailymail @goodnewsnetwork @metronewspaper

A post shared by Daisy Watt (@daisywattart) on

ကလေးမလေးနာမည်ကတော့ Daisy Watt ဖြစ်ပါတယ်။ အဖိုးအဖွားတွေက ကင်ဆာရောဂါတွေ အသီးသီးရှိနေခဲ့ရာ၊ သူမက ကင်ဆာရောဂါသည်တွေအတွက် ရန်ပုံငွေရရေး ကြိုးပမ်းခဲ့တာပါ။ အခုဆိုရင် ပန်းချီကားတွေ ရောင်းရငွေမှ ပေါင်(၅၀၀၀၀)အထိ ရရှိထားပြီး၊ ရန်ပုံငွေထဲမှာ တစ်ပြားတစ်ချပ်မကျန် ထည့်ပြီးပါပြီ။

သူမ ပထမဆုံးဆွဲခဲ့တဲ့လက်ရာလေးကို ကင်ဆာဖောင်ဒေးရှင်းနှစ်ခုအတွက် ပထမဆုံး လေလံတင် ရောင်းချခဲ့ရာက နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ ကလေးဆိုပေမယ့် ပန်းချီကားမှာ အတွေးတွေထည့်သွင်း ရေးဆွဲလေ့ရှိပါတယ်။ ပထမဆုံး ရောင်းချခဲ့တဲ့ ပန်းချီကားကို လေ့လာကြည့်ရင် ကင်ဆာကြောင့် သေဆုံးခဲ့ရသူတွကို forget-me-nots (Scorpion grasses) ပန်းလေးတွေနဲ့ ပုံဖော်ထားတာဖြစ်ပြီး၊ ကင်ဆာမှ လွတ်မြောက်လာသူတွေကိုတော့ အရောင်တောက်တောက် ပန်းလေးတွေနဲ့ ကိုယ်စားပြု ရေးစွဲခဲ့တာပါ။ အဲဒီပန်းချီကားကို ဈေးပြိုင်စနစ်နဲ့ရောင်းချခဲ့ရာ ပေါင်(၉၅၀၀)အထိ ရရှိခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by Daisy Watt (@daisywattart) on

Daisy ဟာ Misson, South Yorkshire မှာ နေထိုင်ပါတယ်။ အသက်(၅၀)နှစ်အရွယ် မိခင်ဖြစ်သူ Karen က သမီးမှာ ပန်းချီပါရမီပါကြောင်းကို “ သမီးက အမြဲတမ်း ပန်းချီတွေ၊ ပုံကြမ်းရေးတာတွေထဲမှာ စိတ်နှစ်ထားတာ … စုတ်တံကိုင်နိုင်တဲ့ အရွယ်ကတည်းက ဆိုပါတော့ … ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကမှ သမီးရဲ့လက်ရာတွေကို လူတွေ လက်ခံလာကြတာ”လို့ ပြောခဲ့ပါတယ်။

မိခင်ဘက်ကတော်စပ်တဲ့အဖိုး Arthur ကတော့ အသက်(၇၅)နှစ်အရွယ် (၂၀၁၆)ခုနှစ်မှာ ဆုံးပါးခဲ့ပြီး၊ ဖခင်ဘက်က တော်စပ်တဲ့အဖွား Polly အသက်(၈၉)နှစ်ကတော့ အသက်ရှင်နေဆဲဆိုပေမယ့် သားအိမ်ခေါင်းကင်ဆာ ခံစားနေရရှာပါတယ်။ Daisy ဟာ ရရှိတဲ့ပိုက်ဆံတွေကို Firefly နဲ့ Cancer Research တို့မှာ လှူဒါန်းနေတာပါ။

 

မိခင် Karen ဟာ ဒေသခံ ပန်းချီပြခန်းတစ်ခုမှာ သမီးရဲ့လက်ရာတွေကို သွားရောက်ပြသပြီး၊ လက်ခံမယ်ဆိုရင် လေလံတင်ရောင်းချတာမျိုးတွေ လုပ်ချင်ကြောင်း၊ ရတဲ့ပိုက်ဆံကတော့ ပရဟိတအတွက်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

တာဝန်ရှိသူတွေက ပန်းချီကားတချို့ကို ကြည့်ပြီး၊ တက်သစ်စ လူငယ်တစ်ယောက် ဆွဲထားတာလို့ ထင်ခဲ့ပေမယ့် တကယ်က ကလေးတစ်ယောက်ရဲ့ ပန်းချီလက်ရာတွေဟာ ဒီလောက် အဆင့်မြင့်မှန်း နောက်မှ သိခဲ့ရတာပါ။ ပေါင် (၉၅၀၀)နဲ့ရောင်းခဲ့ရတဲ့ ပန်းချီကားဆိုရင် special edition print အဖြစ် ကော်ပီ (၁၀၀)အထိ ရောင်းချနိုင်ခဲ့ပြီး၊ ကနေဒါနဲ့ ဟောင်ကောင်ဝယ်လက်တွေ အကြိုက်တွေ့ခဲ့ရပါတယ်။

 

 

View this post on Instagram

 

A post shared by Daisy Watt (@daisywattart) on

Daisy က သူမဟာ ပန်းချီကားမှာ ပန်းလေးတွေ ထည့်သွင်းဆွဲရခြင်းကို ရှင်းပြခဲ့ပါသေးတယ်။ သူမရဲ့အဆိုအရ ပန်းလေးတွေဟာ လူတွေကို ကိုယ်စားပြုကြောင်း၊ အထူးသဖြင့် ကင်ဆာခံစားနေရသူတွေကို ပန်းလေးတွေနဲ့ အရောင်လေးတွေက ကိုယ်စားပြုတယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။ ဘယ်လိုပန်းပုံကို အဆွဲချင်ဆုံးလဲ မေးတော့ ဒေစီပန်းလေးတွေကို အကြိုက်ဆုံးလို့ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE