Google Map ကို စစ်ဆေးစဉ်၊ ကြည်နူးဆွတ်ပျံ့ဖွယ် အတိတ်ကို ပြန်တွေ့ခဲ့ရတဲ့ ကောင်မလေး

Luisa Hoenle Facebook

အနုပညာ ကျောင်းသူတစ်ယောက်ဖြစ်တဲ့ အသက်(၁၉)နှစ်အရွယ်၊ Luisa Hoenle အမည်ရ ကောင်မလေးဟာ အဖိုးအဖွား နေခဲ့တဲ့နေရာလေးကို Google Map နဲ့စစ်ဆေးစဉ်မှာ ထူးဆန်းတဲ့ အတိတ်ကို ပြန်သတိရဖို့ အကြောင်းဖန်သွားခဲ့ပါတယ်။. ပစ္စုပ္ပန်ကနေ အတိတ်ကို ပြန်တွေ့ဖို့ Google Map ဆီက ထင်မထားတဲ့ စွမ်းဆောင်မှုကို ရခဲ့တာဆိုရင်လည်း မမှားပါဘူး။

 

Luisa ဟာ အစက သိမ်ငယ်အထီးကျန်ခဲ့ပေမယ့်၊ Google Map ကြောင့် သူမအနားကို တစ်စုံတစ်ယောက် ရှိနေတယ်လို့ ခံစားဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့ ကွယ်လွန်သွားတဲ့ အဖိုးရဲ့ ဝိဉာဉ်ဟာ သူမကို စောင့်ရှောက်နေတယ်ဆိုတဲ့ ယုံကြည်မှုပါ။

အဖိုးနဲ့အဖွားဟာ ကွယ်လွန်သွားသော်လည်း Google Map ထဲကပုံမှာ ထူးဆန်းနေပါတယ်။ အဖိုးဟာ အခုအချိန်ထိ ပန်းပင်တွေ ရေလောင်းနေဆဲပါ။ အဖိုးဟာ အလုပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ လက်အိတ်အစိမ်းကို ဝတ်ဆင်ကာ၊ ပန်းပင်တွေကို အားရပါးရ ရေလောင်းနေဆဲ ဖြစ်ပါတယ်။

Luisa Hoenle Reddit

ဒီဓာတ်ပုံကိုတွေ့လိုက်ရတော့ Luisa ဟာ Reddit မှာ ပြန်လည်ဖြန့်ဝေခဲ့ပါတယ်။ သူမရဲ့ ပို့စ်ကို လူထောင်သောင်းချီက သဘောကျခဲ့ပါတယ်။ Luisa ဟာ ဆွစ်ဇာလန်အခြေစိုက် ကျောင်းသူဖြစ်ပါတယ်။ သူမရဲ့အဖိုး Siegfried ဟာ အသက်(၉၃)နှစ်၊ (၂၀၁၆)မှာ ကင်ဆာနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

Luisa က “ ကျွန်မရဲ့ အဖိုးကို .. Google Map မှာ ပြန်တွေ့ခဲ့တာပါ … သူ ချစ်တဲ့ အလုပ်ကလေးတွေ လုပ်နေတာပေါ့ … သူဟာ ပြီးခဲ့တဲ့ (၂)နှစ်ကျော်လောက်က သေသွားတာပေါ့ … အဖိုးဟာ ကမ္ဘာပေါ်မှာ အတော်ဆုံးအဖိုးပါဘဲ ”လို့ ရေးသားခဲ့ပါတယ်။ အဖိုးရဲ လှုပ်ရှားမှုတွေကို Google Map ရဲ့ Street View ကင်မရာမှာ ရှင်းလင်းစွာ တွေ့နေရလို့ ပျော်ရွှင်နေပါတယ်။

လင်းသူရိန်

SHARE