အပျော်တမ်းစိန်ရှာထွက်ရာမှ မမျှော်လင့်တဲ့အရာတစ်ခုကြောင့် အံ့သြ၀မ်းသာဖြစ်ခဲ့ရတဲ့မိန်းကလေး

twitter/miranda hollingshead

US က Arkansas State Park ကတော့ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ခရီးသွားတွေကို စိန်တူးဖော်ကာ တွေ့ရှိတဲ့ စိန်တွေကို အပိုင်ယူခွင့်ပေးထားတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း နှစ်တွေကလည်းကြာလာတဲ့အခါမှာတော့ ဈေးကွက်ထဲဘောင်ဝင်တဲ့စိန်ပွင့်ဆိုတာ တွေ့ရသလောက်ရှားသွားခဲ့ပါပြီ။ ဒါပေမဲ့လည်း အဲဒီနေရာဟာ အခုထက်ထိ ခရီးသွားတွေအတွက် ဆွဲဆောင်နိုင်သေးတဲ့ tourist attraction တစ်ခု ဖြစ်လို့နေဆဲပါပဲ။

ဒီနေရာကို စိတ်ဝင်စားတဲ့လူတွေထဲ အသက် ၂၇ နှစ်အရွယ် Miranda Hollingshead လည်း ပါဝင်နေခဲ့ပါတယ်။ သူမကတော့ တက္ကဆက်ပြည်နယ်ရဲ့ Bogata မှာ နေထိုင်သူလေးတစ်ယောက်ပါ။ မောင်နှဝမ်းကွဲတွေနဲ့အတူတူ အပျော်တမ်းခရီးထွက်ကာ စိန်ရှာကြမယ်ဆိုပြီး Arkansas ကို ရောက်လာခဲ့ပါတယ်။ ၃၇.၅ ဧကကျယ်ဝန်းတဲ့ မြေနေရာကြီးမှာ Miranda တစ်ယောက် မောင်နှမတွေနဲ့ စုရုံးကာ ပျော်ပျော်ပါးပါး ဟေးလားဝါးလား စိန်ရှာကြရင်း အချိန်ဖြုန်းနေခဲ့ကြပါတယ်။

နေကလည်းပူ၊ လမ်းလည်းလျှောက်ရတာ ၁ နာရီနီးပါးရှိနေပြီဖြစ်တာကြောင့် Miranda ဟာ အရိပ်ထဲမှာထိုင်နေရင်း စိန်ဘယ်လိုရှာရမလဲဆိုတဲ့ နည်းလမ်းတွေကို YouTube ဖွင့်ကာ ကြည့်နေခဲ့ပါတယ်။ ပြီးတော့ ခေါင်းမော့ပြီး အဝေးမှာရှိနေတဲ့ သူမရဲ့ကလေးကို တစ်ချက်လှမ်းကြည့်ကာ ဖုန်းဆီကို မျက်လုံးပြန်ရောက်၊ မြေပြင်ပေါ်က အရာတစ်ခုကြောင့် အဲဒီနေရာကို နောက်တစ်ကျော့ပြန်ကြည့်မိခဲ့တဲ့အချိန်မှာတော့..

READ
Xbox Gamer တွေကို အုပ်အောသောင်းနင်းရင်ခုန်အောင်လုပ်ခဲ့တဲ့ Keanu Reeves
twitter/miranda hollingshead

သူမမျက်စိမမှားပါဘူး၊ ကျောက်ခဲတွေနဲ့ရောနေတဲ့ စိန်ပွင့်လေးတစ်ပွင့်ပါ။ ပျော်ပြီး စိန်ပွင့်လေးကိုကောက်ယူကာ သူမအမေဆီကို ပြေးသွားပြီး ပြခဲ့ပါတယ်။ နောက်မှာတော့သက်ဆိုင်ရာ စိန်စီစစ်ရေးဌာနဆီကို သွားပြခဲ့ပြီး စိန်ဟာ ၃.၇၂ ကာရက်ရှိကာ ရွှေဝါရောင်စိန်တစ်ပွင့်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ Miranda ရှာတွေ့ခဲ့တဲ့ စိန်ပွင့်အဝါဟာ ၂၀၁၃ ခုနှစ်တုန်းက Oklahoma ခရီးသွားတစ်ယောက် နောက်ဆုံးရှာတွေ့ခဲ့ပြီး ၂၀၁၇ ခုနှစ်တုန်းက ဆယ်ကျော်သက်တစ်ယောက် ရှာတွေ့ခဲ့တဲ့ ၇.၄၄ ကာရက်ရှိတဲ့ စိန်ပွင့်ပြီးရင် အကြီးဆုံးပဲဖြစ်ပါတယ်။

twitter/miranda hollingshead
twitter/miranda hollingshead

Arkansas ထဲကို ဝင်ဖို့အတွက် တစ်ယောက်ကို ၁၀ ဒေါ်လာစီ ပေးခဲ့ရပေမယ့်လို့ Miranda ကတော့ သူမရှာတွေ့ခဲ့တဲ့ စိန်ပွင့်ကို ရောင်းမစားဘဲ လက်စွတ်လေးတစ်ကွင်း ခတ်ဝတ်ကာ အမှတ်တရအနေနဲ့ သိမ်းသွားမှာပါတဲ့။ သိပ်အရည်ကောင်းတဲ့ ရွှေဝါရောင် စိန်တစ်ပွင့်ဟာ ၁ ကာရက်ကိုတောင် ဒီခေတ်ပေါက်ဈေး ပျမ်းမျှ ဒ်ါလာ ၆၅၀၀ နဲ့ ၈၀၀၀ ကြားမှာ ရှိနေတတ်ပါတယ်။

READ
လက်သည်းပေါ်မှာ လက်သည်းအပိုလေး ထပ်ပေါက်နေတဲ့ အမျိုးသား

Penny

SHARE