တစ်ဦးတည်း အိမ်ထဲပိတ်နေရချိန်မှာ အပျင်းပြေအောင် ရည်းစားဟောင်းတွေကို ဖုန်းခေါ်ခဲ့သူ

Twitter/The Tab

ကိုရိုနာကြောင့် အိမ်ထဲနေရတဲ့အခိုက်မှာ လူအများစုက Netflix ကြည့်တာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ စကားပြောတာပဲဖြစ်ဖြစ် လုပ်နေချိန်မှာ အမျိုးသမီးတစ်ယောက်ကတော့ သူမရဲ့အားလပ်ချိန်တွေကို အကောင်းဆုံးအသုံးချဖို့ ပိုပြီးရဲတင်းတဲ့အပြုအမူတစ်ခုကို လုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ သူမနဲ့ပြတ်သွားခဲ့ပြီဖြစ်တဲ့ ရည်းစားဟောင်းတွေဆီကို ဖုန်းဆက်ပြီး သတင်းမေးခဲ့တဲ့အကြောင်း mirror သတင်းကနေ တဆင့် သိရတာပါ။

Twitter/The Tab

သူမကတော့ အသက် (၁၉) နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ ရေဗက်ကာပဲဖြစ်ပါတယ်။ ရေဗက်ကာက “ကျွန်မရဲ့ အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ကြုံတွေ့ခဲ့သူတွေကပဲ ကျွန်မရဲ့အားနည်းချက်တွေနဲ့ ရှေ့ဆက်ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာတွေကို ပြောနိုင်လိမ့်မယ်။ ဒါမှလည်း ကျွန်မကိုယ်ကျွန်မ အကောင်းဆုံးဖြစ်အောင် နေနိုင်မှာပေါ့။ တခြားလည်း လုပ်စရာမရှိတော့ ပျင်းလိုပါ..” လို့ ဆိုပါတယ်။

Twitter/The Tab

ဒါပေမဲ့လည်း သူမရဲ့ရည်းစားဟောင်းတွေက သူမကို ကောင်းကောင်းမွန်မွန်စကားပြန်ပြောခဲ့ကြတယ်လို့ ရေဗက်ကာက ပြောပြပါသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် အစိုင်အခဲတွေလည်း မရှိတဲ့အကြောင်း သူမရဲ့ရည်းစားတွေက သူမကို ပြောပြခဲ့တာပါ ရေဗက်ကာဟာ သူမရဲ့ရည်းစားသုံးယောက်ဖြစ်တဲ့ ဂျေး၊ တင်မ်နဲ့ အက်ဒ်တို့ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပါတယ်။

READ
ရှားပါးမြောက်ပိုင်းကြံ့ဖြူအထီး နားမကျန်းဖြစ်နေလို့ မျိုးသုဉ်းမှာကို တာဝန်ရှိသူများစိုးရိမ်နေ
Twitter/The Tab

ဂျေးကတော့ သူနဲ့ ရေဗက်ကာတို့ လမ်းခွဲခဲ့တဲ့အပေါ်မှာ နောင်တရစရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။ တင်မ်ကတော့ ရေဗက်ကာနဲ့ လမ်းခွဲတုန်းက ရေဗက်ကာအိမ်ရှေ့ကိုလာပြီး ရိုမန်းတစ်ဆန်စွာ ပန်းတွေ ၊ ဓာတ်ပုံအယ်လ်ဘမ်တွေနဲ့ တောင်းပန်ခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ တင်မ်က နှစ်တွေကြာတာတောင် ခုလိုလုပ်မိတာကြီးကို စိတ်ထဲဘ၀င်မကျသေးဘူးလို့ ဆိုပါတယ်။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ အက်ဒ်ကတော့ ရေဗက်ကာရဲ့ရည်းစားဦးဖြစ်ပါတယ်။ သူကတော့ ရေဗက်ကာဟာ ပိုပြီး စာနာသနားစိတ်ရှိဖို့လိုတဲ့အပြင် ပိုပြီးချစ်တတ်ရင်ကောင်းလိမ့်မယ်လို့လည်း မှတ်ချက်ပေးခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE