ဂုဏ်ပြုပွဲနောက်ကွယ်ကဖြစ်ရပ်ကြောင့် နှစ်ပေါင်းများစွာပုန်းနေရတဲ့ အလှမယ်သရဖူရမိန်းကလေး

ig/elloelle

Lindsey Evans ဟာ ၂၀၀၇ ခုနှစ်တုန်းက အမေရိကရဲ့ လူဝီစီယားနားပြည်နယ်ကိုယ်စားပြု ဆယ်ကျော်သက်အလှမယ် သရဖူပိုင်ရှင်အဖြစ် အရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ပြိုင်ပွဲတစ်လျှောက်မှာကတည်းက သူမဟာ ထင်ထင်ပေါ်ပေါ်ရှိနေခဲ့ပြီး မော်ဒယ်လောကမှာပါမကဘဲ ရုပ်ရှင်လောကအတွက်ပါ မင်းသမီးလုပ်ဖို့ ကမ်းလှမ်းခဲ့တာတွေတောင် ရှိနေခဲ့ပါပြီ။ ပွဲနီးသထက်နီးလာလေ Lindsey Evans ပဲ လူဝီစီယားနားရဲ့ ဆယ်ကျော်သက်အလှမယ်ဖြစ်မယ်ဆိုတာကို လူတွေပိုပိုသိလာလေဆိုတဲ့အထိကို ကျော်ကြားခဲ့တဲ့ကောင်မလေးတစ်ယောက်ပါ။

 

သရဖူကိုရတော့ Lindsey ဟာ အသက် ၁၈ နှစ်သာရှိပါသေးတယ်။ ပွဲပြီးပြီးချင်းပဲ အဲဒီနှစ်အတွက် လူဝီစီယားနားပြည်နယ်ရဲ့ ဆယ်ကျော်သက်အလှမယ်ဖြစ်သွားခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ သူငယ်ချင်းတွေနဲ့အတူတူ မုန့်ထွက်စားခဲ့ကြပါတယ်။ တစ်ယောက်က အသက် ၂၂ နှစ်အရွယ် Jennifer Martin, နောက်နှစ်ကတော့ Lindsey နဲ့ ရွယ်တူတွေဖြစ်ကြတဲ့ Jordan James, Morgan Goleman တို့လေးယောက်ဟာ စားသောက်ဆိုင်တစ်ဆိုင်မှာ သောက်စားကာ ဂုဏ်ပြုပွဲကျင်းပခဲ့ကြတာပါ။

READ
နားမကြားတဲ့ကြွက်တွေကို မျိုးရိုးဗီဇပြောင်းလဲခြင်းကုထုံးနဲ့ နားကြားအောင်ကုသနိုင်ခဲ့

 

 

View this post on Instagram

 

Look mom I’m all grown up

A post shared by e l l e ⏃ e v a n s (@elloelle) on

အပျော်လွန်ပြီး Lindsey တို့ လေးယောက်စလုံး စားသောက်ဆိုင်ထဲကနေ မှာစားထားတဲ့ အစားအသောက်ဖိုး ၄၆ ဒေါ်လာကျော်ကို မရှင်းဘဲ ထွက်လာမိခဲ့ပြီး Lindsay ကိုယ်တိုင်ထိုင်နေတဲ့ စားပွဲမှာပဲ ပိုက်ဆံအိတ်ကို ကျန်ခဲ့မိပါတယ်။ ဆိုင်မန်နေဂျာက ပိုက်ဆံမပေးဘဲ ကောင်မလေးတစ်သိုက်ထွက်ပြေးသွားပြီလို့ ယူခဲ့မိလို့ ထင်မိကာ ရဲကို အကြောင်းကြားလိုက်တဲ့အခါမှာတော့ Lindsey ရဲ့ အိတ်ထဲမှာ ပိုက်ဆံမပါဘဲ သူမရဲ့ယာဉ်မောင်းလိုင်စင်ရယ်၊ အထုပ်လေးတစ်ထုပ်ရယ်ကို ရှာတွေ့ခဲ့ပါတယ်။ အထုပ်လေးဟာ တခြားမဟုတ်ဘဲ ဆေးခြောက်အထုပ်ဖြစ်ပြီး အဲဒီခေတ်တုန်းကလည်း ဒီလိုကိစ္စတွေအပေါ် ပွင်လင်းမြင်သာမှုက သိပ်မရှိသေးတော့ ဆေးခြောက်ဟာလည်း ကြီးလေးတဲ့ ပြစ်မှုတစ်ခုလို့သာ ယူဆခဲ့ကြတာပါ။

စားသောက်ဆိုင်မှာ ရဲတွေစစ်ဆေးပြီး ပြန်မယ်လုပ်တဲ့အချိန်ကျတော့မှ Lindsey နဲ့ သူမရဲ့ သူငယ်ချင်းတွေဟာ ပိုက်ဆံအိတ်ကျန်ခဲ့တာကို လာပြန်ယူတဲ့ အချိန်နဲ့ တိုက်ဆိုင်သွားတဲ့အခါမှာတော့ ရဲတွေ အားထုတ်စရာမလိုအပ်ဘဲ Lindsey နဲ့ သူမရဲ့ သူငယ်ချင်းတစ်သိုက်ကို ထိန်းသိမ်းသွားခဲ့ကြပါတယ်။ ငယ်သေးပြီး ပမာဏကလည်း ဘာမှမဟုတ်တဲ့အတွက် ဝန်ခံကတိထိုးခိုင်းကာ ပြန်လွှန်ခဲ့ပေမယ့်လို့ Lindsey ရဲ့ အနာဂတ်အစီအစဉ်တွေအားလုံး ၁၀ ရက်အတွင်းမှာပဲ သရဖူပြန်အသိမ်းခံလိုက်ရပြီး ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။

 

 

View this post on Instagram

 

birfday baftub party

A post shared by e l l e ⏃ e v a n s (@elloelle) on

ဒီကိစ္စကြောင့် သူမဟာ လူကြားထဲ မထွက်တော့ဘဲနဲ့ နာမည်တောင်ပြောင်းပစ်ကာနေခဲ့ပြီးမှ အခုအချိန်မှာတော့ သူမချစ်ရတဲ့ချစ်သူနဲ့အတူတူ ဘဝကြီးကို လိမ္မာစွာဖြတ်သန်းရင်း ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလည်း ကြိုကြားကြိုကြား လုပ်ဖြစ်နေပါပြီ။ စိတ်သစ်၊ လူသစ်၊ နာမည်အသစ်နဲ့ Elle Evans ရဲ့ လက်ရှိပုံလေးတွေကို ခံစားကြည့်လိုက်ပါဦး။

READ
မြန်မာ့မြေပေါ်က ရှာဖွေတွေ့ရှိခဲ့တဲ့ နှစ်ပေါင်း(၉၉)သန်းက ဂေါ်ဇီလာအမြှီးကျောက်ဖြစ်ရုပ်ကြွင်း

 

 

View this post on Instagram

 

A post shared by e l l e ⏃ e v a n s (@elloelle) on

 

Penny

SHARE