အစားအသောက် လုံးဝမစားတော့ဘဲ အောက်ဆီဂျင်နဲ့သာ အသက်ရှင်တော့မယ်လို့ ဆိုလာသူ

audra-bear/Instagram

အသက်(၂၅)နှစ်အရွယ် အမေရိကန်သူလေး Audra Bear ကတော့ သူမဟာ အစားအသောက် အကူအညီမပါဘဲ၊ မကြာခင်မှာ အသက်ရှင်သန်နိုင်တော့မှာဖြစ်ကြောင်း ဆိုပါတယ်။ အကြောင်းကတော့ သူမဟာ ရှုသွင်း/မှုတ်ထုတ်လိုက်တဲ့ လေတွေဆီကနေ အာဟာရရအောင် ကျင့်ဆောင်ထားလို့ ဖြစ်ပါတယ်တဲ့။ Audra ရဲ့ အကြောင်းကိုတော့ အမေရိကန်ရဲ့ နံပါတ်တစ် သတင်းဌာန Fox News အပါအ၀င် မီဒီယာအတော်များများက ဖော်ပြခဲ့ကြပါတယ်။

Audra ကျင့်နေတဲ့ ကျင့်စဉ်ကို Breatharianism လို့ ခေါ်ပါတယ်။ Breatharianism တွေဟာ အစားအစာမစားဘဲ အသက်ဆက်ပြီး ရှင်သန်နိုင်မယ်လို့ ယုံကြည်သူတွေပါ။ တစ်ချို့ ယုံကြည်သူတွေကတော့ ထမင်းဟင်းကဲ့သို့သော အစားအစာ လုံးဝမစားဘဲ၊ တစ်ချို့ ကျင့်စဉ် ပြင်းထန်သူတွေကတော့ ရေတောင် မသောက်ပါဘူးတဲ့။

 

Audra ကလည်း (၈)လကြာ Breatharianism ကို ကောင်းကောင်းကျင့်နိုင်ခဲ့သူဖြစ်ပြီး၊ အခုဆိုရင် အစာအမာ လုံးဝမစားဘဲ၊ ရေနွေးကြမ်း၊ လက်ဖက်ရည်၊ သစ်သီးဖျော်ရည်နဲ့သာ ရပ်တည်နေသူ ဖြစ်ပါတယ်။ သူမက Breatharianism အစွမ်းကြောင့် မကြာမီကာလမှာ အစားအစာအမာကို လုံးဝ စွန့်လွှတ်နိုင်မယ်လို့ ယုံကြည်နေတာပါ။

READ
မရှုမလှအထိုးခံနေရတဲ့သားကို အားမရလို့ ကိုယ်တိုင်ဝင်ရိုက်တဲ့မိခင်
Audra Bear/Instagram

Breatharianism ရဲ့ ယုံကြည်ချက်မှာ ကျွန်တော်တို့တစ်တွေဟာ လေကို ရှုသွင်းရုံတင်မဟုတ်ဘဲ Prana လို့ခေါ်တဲ့ အင်အားတွေ စွမ်းအားတွေကိုပါ ရှုသွင်းတယ်လို့ ယုံကြည်ကြပါတယ်။ Prana ဆိုတာ စွမ်းအားကို ရည်စူးတဲ့စကားလုံးဖြစ်ပြီး၊ ကျင့်စဉ်အောင်မြင်သူတွေဟာ ဒီစွမ်းအားနဲ့ တစ်ခြားအစားအစာ မစားဘဲ နေနိုင်ကြပါသတဲ့။

Audra Bear/Instagram

Audra ကတော့ တစ်နေ့ကို မိနစ်(၄၀) အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ခဲ့သူဖြစ်ပြီး၊ အခုဆို ဒီကျင့်စဉ်ကို အတော်လေး ယုံကြည်နေပါတယ်။ ယခင်ကလည်း သူမဟာ မီးလွတ် သစ်သီးသစ်ရွက်တွေကိုသာ စားသုံးတဲ့ကျင့်စဉ်မျိုး ကျင့်ခဲ့ပါသေးတယ်။ အခု အစီအစဉ်ကိုတော့ ကျွမ်းကျင်သူတွေက အန္တရာယ်ရှိကြောင်း သတိပေးထားပါတယ်။ ဒါမေယ့် သူမကတော့ အဲဒီသတိပေးမှုတွေကို လစ်လျှူရှုထားပါတယ်။

လင်းသုတ (Shwemom)

SHARE