ကိုယ့်ကောင်လေးကို အချစ်အတွက် လူသတ်ခိုင်းခဲ့တဲ့ ကောင်မလေး

Manchester Crown Court

ကိုယ့်ရည်စားရဲ့ ရည်းစားဟောင်းကို ပြန်သတ်ခိုင်းတယ်ဆိုတဲ့ အကွက်တွေဟာ ရုပ်ရှင်တွေ မှာပဲ ကြည့်ဖူးပါတယ်။ အပြင်မှာလည်း ဒီလိုလုပ်ရပ်တွေကို မရှိဖူးလို့ထင်ခဲ့ပါတယ်။ဒါပေမယ့် အခုဖြစ်ရပ်ဟာ အပြင်မှာ တကယ်ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။

Rhett Carty-Shaw နဲ့ Sarah Mohamedတို့အတွဲဟာ လူသတ်ရန်ကြံစည်မှုမှုနဲ့ အဖမ်းခံထားရပါတယ်။အကြောင်းကတော့ Mohamedဟာ သူမရဲ့ ရည်းစားဖြစ်သူ Carty-Shaw တစ်ယောက် အရင်ရည်စား Iman Nassirဆိုတဲ့ အမျိုးသမီးနဲ့ ပြန်တွဲနေတယ်ထင်ခဲ့ပါတယ်။ဒါ့ကြောင့် သူမကိုတကယ်ချစ်ရင် Carty-Shawကို သူရဲ့ အရင်ရည်းစား Nassirကို သတ်ခိုင်းဖို့ ဖိအားပေးခဲ့ပါတယ်။

Manchester Crown Court

Sarah ဟာ သူမကိုတစ်ကယ်ချစ်ရင် အလုပ်ကြိုးစားပြီး သူမရဲ့ရန်ချစ်ခင်မှုကို ပြန်လည်ရယူဖို့အတွက် သက်သေပြဖို့ လိုအပ်ကြောင်းလည်း ပြောခဲ့တယ်လို့ Manchester Evening News သင်းဌာနကဖော်ပြခဲ့ပါတယ်။

ဒီလိုနဲ့ Carty-Shawဟာ Nassirရဲ့ အိမ်ကိုရောက်သွားခဲ့ပါတယ်။ထို့နောက် Nassir ကို ဓားနဲ့ အချက်ပေါင်းများစွာခုတ်ခဲ့ပါတယ်။ကံကောင်းတာတစ်ခုက Nassirဟာ အသက်ရှင်ခဲ့ပြီး ဓားဒဏ်ရာပေါင်းများစွာနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပါတယ်။ ထို့နောက်တရားရုံးမှာလဲ ရှေ့နေတွေရဲ့ ပြောပြချက်အရ ပြစ်မှုကျူးလွန်သူဟာ အသကွ ၁၇နှစ်ပဲရှိသေးပြီး အသက်မပြည့်သေးကြောင်းလဲ သိခဲ့ရပါတယ်။

Facebook/RhettCartyShaw

“Mohamedဟာ သူမလိုချင်တာအရာကို သူမရနေပြီး Carty-Shawတစ်ယောက်ကတော့ Mohamed ကြိုးဆွဲရာကနေတဲ့ ရုပ်သေးရုပ်တစ်ရုပ်လိုပါပဲ”လို့ Nassirကပြောကြားခဲ့ပါတယ်။”ကျွန်မကတော့ အခုအချိန်မှာ တော်တ်ေကြောက်နေပါပြီ။ ဘာမှကို ထပ်မလုပ်ချင်တော့တာပါ။ သူတို့နှစ်ယောက်ကျွန်မကို သတ်တာမအောင်မြင်ခဲ့လို့ အခြားတစ်ယောက်လာပြီး ထပ်သတ်မှာကို တော်တော်ကြောက်နေပါတယ်”လို့ တရားရုံးမှာ Nassirက ဖွင့်ဟပြောကြားခဲ့ပါတယ်။

Facebook/ImanNasir

Carty-Shawတစ်ယောက်ဟာလည်း Nassirကို ဓားနဲ့သတ်ဖို့ မကြိုးစားခင်မှာ နှစ်နာရီလောက် Nassir နဲ့ လိင်ဆက်ဆံခဲ့တယ်လို့လဲ ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ Mohamedနဲ့ Carty-Shawတို့ကို ထောင်(၁၆)နှစ် ကျခံဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။

Pyi Hein Kyaw

SHARE