တက္ကသိုလ်စာရိတ်အတွက် Sugar Daddy တွေဆီက ရှာဖွေနေတဲ့ ကျောင်းသူလေး

Instagram/CholeHyams

အခုခေတ်မှာတော့ Sugar Daddy တို့ Sugar Baby တို့ဆိုတဲ့အသုံးတွေဟာ အတော်လေး တွင်ကျယ်နေပါတယ်။ အလွယ်ပြောရရင်တော့ စပွန်ဆာပေးသူနဲ့ စပွန်ဆာ ယူသူပါဘဲ။ နိုင်ငံခြားတိုင်းပြည်တွေမှာတော့ မိန်းမပျိုလေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဘဝရပ်တည်ရေး ခက်ခဲလွန်းလို့ Sugar Daddy တွေကို ကပ်ရတာမျိုးလည်း ရှိပါတာယ်။

အခုလည်း ကောင်မလေးတစ်ယောက်ကတော့ ဈေးကြီးလွန်းလှတဲ့ တက္ကသိုလ်စာရိတ်ကာမိစေဖို့ Sugar Daddy ထားခဲ့ရပါသတဲ့။ သူမဟာ တစ်လကို ပေါင်(၁၈၀၀၀)လောက် ရရှိနေပြီး၊ တစ်လတစ်လမှာ Daddy တစ်ဦးချင်းဆီကနေ ပေါင်(၁၅၀၀)လောက်ထိ ရတတ်တယ်လို့ DailyMail သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

တစ်ချို့သော ကျောင်းသူလေးတွေဟာ ဈေးချိုတဲ့ ဗော့ဒ်ဂါနဲ့ ပဲကိတ်အပေါစားလေးတွေစားပြီး ဇိမ်ထုတ်နေချိန်မှာ Chole ကတော့ တကယ့် သူဌေးသမီးတစ်ယောက်လို နေနေရတယ်လို့ သူမက ပြောပါတယ်။ Chole ဟာ လန်ဒန်က အဆင့်မြင့်တက္ကသိုလ်တစ်ခုမှာ Psychology နဲ့ Neuroscience မေဂျာအထူးပြုအဖြစ် တက်ရောက်နေပါတယ်။ အနာဂတ်မှာလည်း အရည်အချင်းပြည့်ဝတဲ့ လက်တွေ့စိတ်ပညာရှင် ဖြစ်လိုပါတယ်။

ဒီအတွက် သူမမှာ ကျောထောက်နောက်ခံ ဘဏ္ဍာရေး တောင့်တင်းဖို့လိုအပ်သလို၊ မာစတာနဲ့ ဒေါက်တာဘွဲ့တွေဆက်တက်ဖို့အတွက်လည်း ငွေကုန်ကြေးကျ အများကြီးရှိဦးမှာလို့ Chole က ပြောပါတယ်။ ဒါကြောင့် သူမဟာ တစ်လမှာ Sugar Daddy (၆)ယောက်လောက်နဲ့ အချိန်ပေးနေရတယ်လို့ သူမက ပြောပါတယ်။ ဒီအတွက် သူမရဲ့ဝင်ငွေဟာ တစ်လကို ပေါင်(၁၈,၀၀၀)လောက်အထိ ရတယ်လို့ ပြောပါတယ်။

Instagram/CholeHyams

ဒါ့အပြင် Chole ဟာ ဈေးဝယ်ထွက်တာတွေအတွက်လည်း Daddy တွေဆီကနေ သီးခြားတောင်းခံတာမျိုးတွေလည်း ရှိပါသတဲ့။ နောက်ပြီး တန်ဖိုးကြီးလက်ဆောင်တွေလည်း ရတတ်တယ်လို့ ဆိုပါတယ်။ အားလက်ရပ်တွေမှာ LA လိုနေရာ၊ အာရှတစ်ခွင်လိုနေရာမျိုးတွေမှာ ဇိမ်ခံခရီးတွေ ထွက်တတ်သေးတယ်လို့ သူမက ပြောပါတယ်။

Chole က DailyMaily နဲ့ တွေ့ဆုံစဉ်မှာ “ တက္ကသိုလ်စတက်ကတည်းက မြင့်မားတဲ့ကုန်ကျစာရိတ်တွေအတွက် စိုးရိမ်ခဲ့ရတယ် .. ဒါကြောင့် Sugar Daddy ထားဖို့ ဆုံးဖြတ်လိုက်တာ … ကျောင်းချိန်ပေါ်မူတည်ပြီး တစ်လချင်း Daddy တွေထားတဲ့အရေအတွက်ကတော့ မတူဘူးပေါ့ … သူတို့ကို တစ်လကနေ နှစ်လလောက်ထိ တွဲတတ်ပါတယ် … ကျောင်းပိတ်တဲ့ရာသီဆိုရင်တော့ (၄)လကနေ (၆)လလောက်ထိ တွဲတတ်ပါတယ် ”လို့ ပြောပါတယ်။

Instagram/CholeHyams

Chole ဟာ သူမကို စပွန်ဆာပေမယ့် Daddy တွေကို Seeking Arrangement အမည်ရ Dating Site ကနေ ရှာဖွေတာပါတဲ့။ အများအားဖြင့်တော့ အသက်(၃၅)ကနေ (၅၀)အတွင်း ဖြစ်ကြပြီး၊ ဘဏ္ဍာရေးနဲ့ ဘဏ်မှာလုပ်တဲ့လူတွေက များတယ်လို့ သိရပါတယ်။ ဒီလုပ်ရပ်တွေအတွက် မိဘတွေက အနှောက်အယှက် ပေးတာမျိုးမရှိသလို၊ သူငယ်ချင်းတွေကလည်း လက်ခံတယ်လို့ ပြောပါတယ်။

Instagram/CholeHyams

တော်တော်များများကတော့ ဒီလိုလုပ်တာကို နှိမ့်ချပြောဆိုတာမျိုးတွေ ရှိပေမယ့် သူမကတော့ ကိုယ်လုပ်တဲ့အလုပ်အတွက် ဂုဏ်ယူတယ်လို့ Chole က ပြောပါတယ်။ ဒါပေမယ့် တစ်ချို့ကလည်း Sugar Daddy မဟုတ်ဘဲ Salt Daddy ဖြစ်နေတတ်ပါသတဲ့။ ဒီအသုံးအှုန်းလေးကတော့ တစ်ချို့ Daddy တွေဟာ ပေးဖို့ ကမ်းလှမ်းတာမဟုတ်ဘဲ သူတို့ အာသာရမ္မက်အတွက် ကမ်းလှမ်းတာမျိုး ရှိနိုင်တယ်လို့ ပြောပါတယ်။

လင်းသူရိန်

SHARE