ဈေးကြီးတဲ့ မိတ်ကပ်နဲ့ ဈေးပေါတဲ့ မိတ်ကပ်ဘာကွာလဲ

မိတ်ကပ်နဲ့ အလှကုန်ပစ္စည်းတွေကို ၀ယ်မယ်ဆိုရင် ဈေးကြီးတဲ့ မိတ် ကပ်နဲ့ အလှ ကုန်တွေကပဲ အရည်အသွေးကောင်းတာလား..? ဈေးေ ပါတာတွေကရော မကောင်းဘူးလား..?ဈေးကြီးပြီဆိုတာနဲ့ ဒီပစ္စည်း ကတော့ ကောင်းမှာပဲ ဆိုတဲ့ စိတ် အလိုလို ၀င်မိသွားတတ် ပါတ ယ်။ဒါကြောင့် ဒီအဖြေကို သိရဖို့အတွက် မိန်းကလေးတစ်ယောက်က ဈေးပေါတဲ့ မိတ်ကပ်နဲ့ ဈေးကြီးတဲ့ မိတ်ကပ်ကို ပြင်ပြီး  ထွက်လာတဲ့ ပုံစံ နှစ်မျိုးကို ယှဉ်ပြခဲ့ပါတယ်။ဒီပြင်ဆင်မှုမှာတော့ မိတ်ကပ်ကြောင့် အသားအရေကို ထိခိုက်တာတွေ၊ဓါတုပစ္စည်း ပါဝင်မှုဆိုတာ တခြား အကြောင်းအရာတွေကို ထည့်မတွက်ပဲ ဒီအတိုင်း မိတ်ကပ် ပြင်ပြီးရင် ထွက်လာတဲ့ ရုပ်ရည်ကိုပဲ တင်ပြထားတာပါ။

#1

(left):ဘယ်ဘက်ကဈေးပေါတဲ့ မိတ်ကပ်ပါ။သူ့ရဲ့ ဖောင်ဒေးရှင်းခရင် က ပျော့လွန်းနေပြီး အသားအရေက ညက်ညက်ညောညော ဖြစ်ဖို့ တော့ လိုသေးတဲ့ပုံပါ။ Dry ဖြစ်တဲ့ ပုံပေါက်နေပါတယ်။

READ
ဆံကေသာကို သဘာဝအတိုင်း နူးညံ့တောက်ပလာစေမယ့် နည်းလမ်းကောင်းများ

( right): ညာဖက်ကတော့ ဈျေးကြီးတဲ့ မိတ်ကပ်ပါ။သူကတော့ မျက်နှာပေါ်က ချို့ယွင်းချက်တွေကို ပိပိရိရိနဲ့ ဖုံးထားတဲ့ ပုံမျိုးပါ။

#2

 ( left):ဘယ်ဖက်က ဈေးပေါပါတယ်။ eye shadow  က နည်းနည်းထူပါတယ်။Smooth ဖြစ်တဲ့ ပုံမျိုးပါ။mascara ကလည်း မဆိုးပေမယ့် နည်းနည်းလေးတော့ အတုံးအခဲပုံမျိုး ဖြစ်နေပုံပါ။

( right): ဈေးကြီးတဲ့ဘက်ပါ။eye shadow ကထူတယ်။သိပ် သိပ်လေးဖြစ်တယ်။mascara ကတော့  smoothly ဖြစ်တဲ့ပုံပါ။

#3

( left): ဈေးပေါတဲ့ နှုတ်ခမ်းနီပါ။နည်းနည်းလေးတော့ တစ်မျိုးဖြစ်နေေ ပမယ့် လှပပြီး ကြည့်ကောင်းပါတယ်။

( right):ဈေးကြီးတဲ့ နှုတ်ခမ်းနီပါ။အပြင်မှာပါ အနံ့အသက်လေးက ကောင်းပါ တယ်။နည်းနည်း Dry ဖြစ်ပါတယ်။

#4

ဒါကတော့ အားလုံးပြီးတဲ့ ပုံပါ။ဒါကတော့ အားလုံးကို ယှဉ်ပြထားတဲ့ ပုံပါ။အရမ်းကြီး ကွာခြားတဲ့ ပုံမျိုးတော့ မရှိပါဘူး။

READ
ခရီးသွားရင် မပါမဖြစ် ယူသွားသင့်သည့် အလှကုန်ပစ္စည်းများ

#5

ဈေးပေါတဲ့mascara မှာ ရေစိုခံတယ်လို့တော့ ပြောထားပေမယ့် တကယ်က ရေစိုမခံတာကို တွေ့ရပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;brightside

SHARE